yu5e3

အေမရိကန္ျပည္ေထာင္စု ဖေလာရီဒါျပည္နယ္ Naplesၿမိဳ႕ရွိ Collier-Seminol သဘာ၀ထိန္းသိမ္းေရးဥယာဥ္မွာ အရွည္ ၁၁ေပရွိတဲ့ Burmese Python ေခၚ ျမန္မာ့စပါးအံုးေျမြ အမတေကာင္ဟာ ၂၀၁၅ခုႏွစ္ဧၿပီလတုန္းက အၿမီးအျဖဴအမ်ိဳး အစား သမင္တေကာင္လံုးကိုမ်ိဳ ထားၿပီး ျပန္အံထုတ္ဖို႔ႀကိဳးစားေနတဲ့အခ်ိန္မွာ Conservancy of Southwest Florida ဖေလာရီဒါအေနာက္ေတာင္ပိုင္း သဘာ၀ထိန္းသိမ္းေရးဌာန တာ၀န္ခံ ေတြက ေတြ႕ရွိခဲ့ပါတယ္။ ဒီေတြ႕ရွိခ်က္အေသးစိတ္ကို ၂၀၁၈ခုႏွစ္ မတ္လထုတ္ ကုန္းနဲ႔ေရတြားသြားသတၱ၀ါမ်ားဆိုင္ရာ Herpetological သတၱေဗဒစာေစာင္မွာ ထုတ္ ျပန္ဖို႔ရွိၿပီးဒီေတြ႕ရွိခ်က္ကို ၿပီးခဲ့တဲ့ၾကာသပေတးေန႔က Facebook မွာ ဗီဒီယိုနဲ႔ေရာ ဓါတ္ပံုနဲ႔ပါရွင္းလင္းတင္ျပခဲ့တာပါ။ ၃၁ေပါင္ ေလးတဲ့ ျမန္မာစပါးအံုးေျမြႀကီးဟာ ၃၅ေပါင္ေလးတဲ့ သမင္တေကာင္ လံုးကို ၿမိဳထားတဲ့ျဖစ္ရပ္ဟာ စပါးအံုးေျမြေတြ ေပါမ်ားတဲ့ ဖေလာရီဒါျပည္နယ္မွာေတာင္ ေတြ႕ရသူတိုင္း အံ့အားသင့္တုန္လႈပ္ ေစခဲ့တာပါ။ ျမန္မာစပါး အံုေျမြအမ်ိဳး အစားသမိုင္းတေလွ်ာက္ ဒီအျဖစ္အပ်က္ဟာ စပါးအံုးေျမြ တေကာင္အေနနဲ႔ သားေကာင္ အႀကီးဆံုးကိုၿမိဳတဲ့ မွတ္တမ္း၀င္ျဖစ္ရပ္လို႔ ဖေလာ္ရီဒါအေနာက္ေတာင္ပိုင္း သဘာ၀ ထိမ္းသိမ္းေရးဌာနက ေျပာပါတယ္။ ေပ၂၀အထိ ရွည္ႏိုင္တဲ့ ျမန္မာ့စပါးအံုးေျမြေတြကို ဖေလာ္ရီဒါေတာင္ပိုင္းမွာ အိမ္ေမြး တိရစာၦန္အျဖစ္ထားဖို႔ အေရွ႕ေတာင္အာရွက ၁၉၇၀ခုႏွစ္ေႏွာင္းပိုင္းက စတင္ယူေဆာင္ခဲ့တာပါ။ ေနာက္ပိုင္းမွာ သစ္ေတာေတြအတြင္းစြန္႕ပစ္ ခံခဲ့ရတဲ့ စပါးအံုးေျမြ ေတြက မ်ိဳးပြါးၿပီး အခုလိုအႏၱရာယ္ရွိလာခဲ့တာပါ။ ဖိုးသူေတာ္Unicode Version# အမေရိကန်ပြည်ထောင်စု ဖလောရီဒါပြည်နယ် Naplesမြို့ရှိ Collier-Seminol သဘာဝထိန်းသိမ်းရေးဥယာဉ်မှာ အရှည် ၁၁ပေရှိတဲ့ Burmese Python ခေါ် မြန်မာ့စပါးအုံးမြွေ အမတကောင်ဟာ ၂၀၁၅ခုနှစ်ဧပြီလတုန်းက အမြီးအဖြူအမျိုး အစား သမင်တကောင်လုံးကိုမျို ထားပြီး ပြန်အံထုတ်ဖို့ကြိုးစားနေတဲ့အချိန်မှာ Conservancy of Southwest Florida ဖလောရီဒါအနောက်တောင်ပိုင်း သဘာဝထိန်းသိမ်းရေးဌာန တာဝန်ခံ တွေက တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိချက်အသေးစိတ်ကို ၂၀၁၈ခုနှစ် မတ်လထုတ် ကုန်းနဲ့ရေတွားသွားသတ္တဝါများဆိုင်ရာ Herpetological သတ္တဗေဒစာစောင်မှာ ထုတ် ပြန်ဖို့ရှိပြီးဒီတွေ့ရှိချက်ကို ပြီးခဲ့တဲ့ကြာသပတေးနေ့က Facebook မှာ ဗီဒီယိုနဲ့ရော ဓါတ်ပုံနဲ့ပါရှင်းလင်းတင်ပြခဲ့တာပါ။ ၃၁ပေါင် လေးတဲ့ မြန်မာစပါးအုံးမြွေကြီးဟာ ၃၅ပေါင်လေးတဲ့ သမင်တကောင် လုံးကို မြိုထားတဲ့ဖြစ်ရပ်ဟာ စပါးအုံးမြွေတွေ ပေါများတဲ့ ဖလောရီဒါပြည်နယ်မှာတောင် တွေ့ရသူတိုင်း အံ့အားသင့်တုန်လှုပ် စေခဲ့တာပါ။ မြန်မာစပါး အုံမြွေအမျိုး အစားသမိုင်းတလျှောက် ဒီအဖြစ်အပျက်ဟာ စပါးအုံးမြွေ တကောင်အနေနဲ့ သားကောင် အကြီးဆုံးကိုမြိုတဲ့ မှတ်တမ်းဝင်ဖြစ်ရပ်လို့ ဖလော်ရီဒါအနောက်တောင်ပိုင်း သဘာ၀ ထိမ်းသိမ်းရေးဌာနက ပြောပါတယ်။ ပေ၂၀အထိ ရှည်နိုင်တဲ့ မြန်မာ့စပါးအုံးမြွေတွေကို ဖလော်ရီဒါတောင်ပိုင်းမှာ အိမ်မွေး တိရစ္ဆာန်အဖြစ်ထားဖို့ အရှေ့တောင်အာရှက ၁၉၇၀ခုနှစ်နှောင်းပိုင်းက စတင်ယူဆောင်ခဲ့တာပါ။ နောက်ပိုင်းမှာ သစ်တောတွေအတွင်းစွန့်ပစ် ခံခဲ့ရတဲ့ စပါးအုံးမြွေ တွေက မျိုးပွါးပြီး အခုလိုအန္တရာယ်ရှိလာခဲ့တာပါ။ ဖိုးသူတော်

Comments