#အုန်းပင်စိုက်ပျိုးနည်း(#အုန္းပင္စိုက္ပ်ဳိးနည္း)

Image may contain: plant, tree, outdoor, nature and foodxxxxxxxxxxxxxxxxxxxxx   unicode  font  xxxxxxxxxxxxxxxxxx

 #အုန်းပင်စိုက်ပျိုးနည်း
မြန်မာအမည် -အုန်း
အင်္ဂလိပ်အမည် -Coconut
ရုက္ခဗေဒအမည် -Cocos nucifera
မျိုးရင်းအမည် -Palmaceae/Arecaceae
#မူရင်းဒေသ
အပူပိုင်းဒေသ
#အုန်းမျိုးများ
သက်တမ်းကိုလိုက်၍သုံးမျိုးခွဲခြားထားသည်။
(က)အမြင့်မျိုး(အုန်းထရံ)
(ခ)အပုမျိုး(ဝက်မလွတ်)
(ဂ)လိမ္မော်ရောင်မျိုး(တော်ဝင်အုန်း၊အုန်းပနီ)
#စိုက်ပျိုးသည့်ဒေသ
တောင်ပေါ်မြေပြန့်မကျန်
အောက်ရေပြင်နှင့်နီးသောနေရာတွင်ပေါက်ရောက်နိုင်ပြီး
မြန်မာပြည်တွင်မြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်းတလျှောက်တွင်
အမြောက်အမြားစိုက်ပျိုးဖြစ်ထွန်းပါသည်။
#ရေမြေရာသီဥတု
အသင့်တော်ဆုံးမြေသည်
မြေဆီပေါများလျှက်ရေအလွယ်တကူစိမ့်ဝင်နိုင်ပြီး
ရေငွေ့ထိန်းအားရှိသောနုန်းတင်မြေ၊သဲနုန်းမြေမျိုး
ဖြစ်ပါသည်။
သို့ရာတွင်
အုန်းပင်သည်ရေအလွန်ကြိုက်သောအပင်ဖြစ်၍
နွေရာသီ၌အောက်ခံရေနီးလျှင်(သို့မဟုတ်)
ရေအလွယ်တကူပေးသွင်းနိုင်သောနေရာဖြစ်လျှင်
အလွန်စေးသောမြေနှင့်ကျောက်စရစ်ဆန်သောမြေမျိုးမှလွဲ၍
ကျန်မြေများတွင်ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းနိုင်သည်။
အပင်ခြေရေဝပ်ခြင်းကိုလုံးဝမနှစ်သက်ပါ။
အနည်းဆုံးအပူချိန် ၂၇° စင်တီဂရိတ်ရှိပြီး
မိုးရေချိန်၃၀-ရဝလက်မရွာသွန်းလျှင်စိုက်ပျိုးနိုင်ပါသည်။
#အုန်းမျိုးရွေးချယ်နည်း
အုန်းပင်သည်နှစ်ရှည်ပင်ဖြစ်သောကြောင့်
အစကောင်း၍အနှောင်းသေချာစေရန်
မျိုးရွေးချယ်ပျိုးထောင်ခြင်းသည်အဓိကဖြစ်ပါသည်။
အုန်းမျိုးရွေးချယ်ရာတွင်အဆင့်လေးဆင့်ရှိပါသည်။
၁။အုပ်စုလိုက်ရွေးချယ်ခြင်း
၂။အမိမျိုးပင်ရွေးချယ်ခြင်း
၃။မျိုးအုန်းသီးရွေးချယ်ခြင်း
၄။အုန်းပျိုးပင်ရွေးချယ်ခြင်း
#မြေပြင်ခြင်း
အုန်းပင်မစိုက်မီ
ဇန်နဝါရီလ၊ဖေဖော်ဝါရီလများတွင်တောခုတ်၍
မတ်လတွင်မီးရှို့ကျွန်းခွေရပါသည်။
ဧပြီလတွင်ခြံကာ၍အကွက်ချခြင်း၊
ကျင်းတူးခြင်းကို ၃၀×၃ဝပေအကွာအဝေးထား၍
မစိုက်မီတစ်လကြိုတင်၍
သုံးပေပတ်လည်ကျင်းကိုတူးထားရပါမည်။
မေလတွင်ကျင်းအတွင်းသို့အပေါ်ယံမြေလွှာ၊နွားချေးဆွေး၊
သစ်ရွက်ဆွေးနှင့်ခြံမီးရှို့၍ရသောပြာများကိုပြန်ဖို့ပေးရပါမည်။
#ပျိုးထောင်ခြင်း
အုန်းသီးကို
သဲတစ်ဝက်ခန့်ရောထားသောပျိုးဘောင်ပေါ်တွင်
အလျားလိုက်လှဲ၍
အညှာဘက်ကိုထောင်ပြီးမြှုပ်၍ပျိုးထောင်ရပါသည်။
သဲလွှာတွင်စနစ်တကျမြှုပ်၍ပျိုးထောင်ခြင်းသည်
အကောင်းဆုံးဖြစ်ပါသည်။
သဲလွှာကိုခြောက်လက်မထူအောင်ခင်း၍
မျိုးအုန်းပင်ကို
ပင်ကြား×တန်ကြား ၉×၁၈လက်မစီတန်းချပြီး
သဲကိုလေးလက်မထပ်ထည့်ပေးရမည်။
ပျိုးပင်ကိုအစိုဓာတ်မပြတ်စေရန်ရေမှန်မှန်လောင်းပေးခြင်း၊
လိုအပ်လျှင်အရိပ်ပေးခြင်း၊အစိုဓာတ်ဆုံးရှုံးမှုနည်းပါးစေရန်
အတန်းကြားတွင်ကောက်ရိုးဖုံးပေးရန်လိုအပ်ပါသည်။
#စိုက်ပျိုးခြင်း
ပျိုးသက်တစ်နှစ်သားရှိလျှင်ပြောင်းရွက်စိုက်ပျိုးရန်
အကောင်းဆုံးဖြစ်သည်။
ဇွန်၊ဇူလိုင်လတို့တွင်ပြောင်းရွေ့စိုက်ပျိုးရပါမည်။
စိုက်ချိန်တွင်
ပျိုးပင်သည်အရင်းတုတ်၍သန်စွမ်းလျက်အရွက်ဖားပြီး
ပျိုးပင်၏အလက်ရင်းများ၌အရွက်ကွဲစပြုနေသော
အခြေအနေမျိုးရှိရပါမည်။
စိုက်သောအခါကျင်းအလယ်တည့်တည့်၌ပျိုးပင်ကို
ဖြောင့်မတ်စွာထား၍တွဲလျှက်ရှိသောပျိုးအုန်းသီး၏
အပေါ်လွှာကိုသုံးပုံတစ်ပုံခန့်ဖော်၍စိုက်ရပါသည်။
မစိုက်မီအမြစ်များကိုဓားပြတ်ပြတ်ဖြင့်ခေါင်းတုံးရိတ်ပေး
ရပါသည်။အပင်ရှည်ပါကငုတ်စိုက်၍ချည်ထားရပါမည်။
#မြေသြဇာကျွေးခြင်း
မိုးဦးကျစဇွန်လတွင်မြေသြဇာအပြီးကျွေးရပါမည်။
မီးဖိုပြာ၊နှမ်းဖတ်ပုပ်ရည်၊နွားချေးဆွေးစသည်တို့
ထည့်ပေးနိုင်သည်။
NPK(၅:၅:၉)ရောစပ်ပြီးမြေသြဇာကို
အပင်သက်တမ်း ၁-၂ နှစ်သားတွင် ၁ ပေါင်နှုန်းထည့်ပါ။
အပင်ငယ်စဉ်အပင်ရင်းမှသုံးပေခွာ၍မြေကျင်းငယ်တူး၍
ထည့်ပေးပါ။
အပင်သက်တမ်း၃နှစ်သားတွင် ၂ ပေါင်
အပင်သက်တမ်း၄နှစ်သားတွင် ၃ ပေါင်
အပင်သက်တမ်း၅နှစ်သားတွင် ၄ပေါင်
အပင်သက်တမ်း၆နှစ်အထက် ၅ပေါင်နှုန်းထည့်ပေးပါ။
အပင်ကြီးလျှင်အပင်ကြားထယ်ကြောင်းရာပေး၍ထည့်ရမည်။
#တစ်ဧကပင်ရေ
၃၀×၃ဝပေစိုက်လျှင်တစ်ဧကဝင်ဆံ့ပင်ရေ ၄၈ ပင် ။
#ရေသွင်းခြင်း
မြောင်းသွယ်၍ပင်ခြေရင်းဝိုင်းပေးသောရေလောင်းနည်းသည်
အကောင်းဆုံးဖြစ်ပါသည်။
အုန်း၏အဓိကလိုအပ်ချက်မှာနွေရာသီရေလုံလောက်အောင်
ပေးနိုင်ရေးဖြစ်ပါသည်။
#အပင်ပြုစုနည်း
မိုးရာသီ၌အပင်တန်းကြား နှစ်ကြိမ်ခန့်ထယ်ထိုးခြင်း၊
အုန်းပင်ရင်းတွင်အဝိုင်းလိုက်ပေါင်းရှင်းခြင်းနှင့်
မြေတောင်မြှောက်ပေးခြင်း၊မြေနိမ့်သောခြံများရေမဝပ်စေရန်
ရေနုတ်မြောင်းများပြုလုပ်ထားရန်လိုပါသည်။
#ပိုးမွှားရောဂါများ
၁။အပင်ငယ်စဉ်ခြ၊ပုရွက်ဆိတ်၊ကြွက်များကျရောက်တတ်သည်။
၂။အပင်ကြီးလာလျှင်ရွက်စားပိုး၊ခြယံ၊ပိုးကြံ့ကောင်များ
ကျရောက်တတ်သည်။
ရောဂါများ
အမြစ်ပုပ်ရောဂါ၊အညွန့်ညှိုးရောဂါများကျရောက်သည်။
#အထွက်နှုန်း
အမြင့်မျိုးသည်အပင်သက်တမ်းရ-၁ဝနှစ်တွင်လည်းကောင်း၊
အပုမျိုးသည်၃-၅နှစ်တွင်လည်းကောင်း၊
လိမ္မော်ရောင်မျိုးသည်၅-၇ နှစ်တွင်လည်းကောင်း
စတင်သီးပါသည်။
စတင်သီးသောနှစ်တွင်တစ်ပင်လျှင်ငါးလုံး၊
အသီးမှန်သွားသောနှစ်တွင်တစ်နှစ်လျှင်တစ်ပင်အလုံး၅ဝနှုန်း
သီးပါသည်။
တစ်ဧကလျှင်ပျမ်းမျှအလုံး ၂၅၀၀ ထွက်ရှိပါသည်။


xxxxxxxxxxxxxxx   zawgyi   font   xxxxxxxxxxxxxxxxxxxxxx


#အုန္းပင္စိုက္ပ်ဳိးနည္း
ျမန္မာအမည္ -အုန္း
အဂၤလိပ္အမည္ -Coconut
ရုကၡေဗဒအမည္ -Cocos nucifera
မ်ဳိးရင္းအမည္ -Palmaceae/Arecaceae
#မူရင္းေဒသ
အပူပိုင္းေဒသ
#အုန္းမ်ဳိးမ်ား
သက္တမ္းကိုလိုက္၍သုံးမ်ဳိးခြဲျခားထားသည္။
(က)အျမင့္မ်ဳိး(အုန္းထရံ)
(ခ)အပုမ်ဳိး(ဝက္မလြတ္)
(ဂ)လိေမၼာ္ေရာင္မ်ဳိး(ေတာ္ဝင္အုန္း၊အုန္းပနီ)
#စိုက္ပ်ဳိးသည့္ေဒသ
ေတာင္ေပၚေျမျပန္႔မက်န္
ေအာက္ေရျပင္ႏွင့္နီးေသာေနရာတြင္ေပါက္ေရာက္ႏိုင္ျပီး
ျမန္မာျပည္တြင္ျမစ္ဝကြ်န္းေပၚႏွင့္ကမ္းရိုးတန္းတေလ်ွာက္တြင္
အေျမာက္အျမားစိုက္ပ်ဳိးျဖစ္ထြန္းပါသည္။
#ေရေျမရာသီဥတု
အသင့္ေတာ္ဆံုးေျမသည္
ေျမဆီေပါမ်ားလ်ွက္ေရအလြယ္တကူစိမ့္ဝင္ႏိုင္ျပီး
ေရေငြ႔ထိန္းအားရွိေသာႏုန္းတင္ေျမ၊သဲႏုန္းေျမမ်ဳိး
ျဖစ္ပါသည္။
သို႔ရာတြင္
အုန္းပင္သည္ေရအလြန္ၾကိဳက္ေသာအပင္ျဖစ္၍
ေႏြရာသီ၌ေအာက္ခံေရနီးလ်ွင္(သို႔မဟုတ္)
ေရအလြယ္တကူေပးသြင္းႏိုင္ေသာေနရာျဖစ္လ်ွင္
အလြန္ေစးေသာေျမႏွင့္ေက်ာက္စရစ္ဆန္ေသာေျမမ်ဳိးမွလြဲ၍
က်န္ေျမမ်ားတြင္ေကာင္းစြာစိုက္ပ်ဳိးျဖစ္ထြန္းႏိုင္သည္။
အပင္ေျခေရဝပ္ျခင္းကိုလုံးဝမႏွစ္သက္ပါ။
အနည္းဆံုးအပူခ်ိန္ ၂၇° စင္တီဂရိတ္ရွိျပီး
မိုးေရခ်ိန္၃၀-၇၀လက္မရြာသြန္းလ်ွင္စိုက္ပ်ဳိးႏိုင္ပါသည္။
#အုန္းမ်ဳိးေရြးခ်ယ္နည္း
အုန္းပင္သည္ႏွစ္ရွည္ပင္ျဖစ္ေသာေၾကာင့္
အစေကာင္း၍အေႏွာင္းေသခ်ာေစရန
မ်ဳိးေရြးခ်ယ္ပ်ဳိးေထာင္ျခင္းသည္အဓိကျဖစ္ပါသည္။
အုန္းမ်ဳိးေရြးခ်ယ္ရာတြင္အဆင့္ေလးဆင့္ရွိပါသည္။
၁။အုပ္စုလိုက္ေရြးခ်ယ္ျခင္း
၂။အမိမ်ဳိးပင္ေရြးခ်ယ္ျခင္း
၃။မ်ဳိးအုန္းသီးေရြးခ်ယ္ျခင္း
၄။အုန္းပ်ဳိးပင္ေရြးခ်ယ္ျခင္း
#ေျမျပင္ျခင္း
အုန္းပင္မစိုက္မီ
ဇန္နဝါရီလ၊ေဖေဖာ္ဝါရီလမ်ားတြင္ေတာခုတ္၍
မတ္လတြင္မီးရႈိ႕ကြ်န္းေခြရပါသည္။
ဧျပီလတြင္ျခံကာ၍အကြက္ခ်ျခင္း၊
က်င္းတူးျခင္းကို ၃၀×၃၀ေပအကြာအေဝးထား၍
မစိုက္မီတစ္လၾကိဳတင္၍
သုံးေပပတ္လည္က်င္းကိုတူးထားရပါမည္။
ေမလတြင္က်င္းအတြင္းသို႔အေပၚယံေျမလႊာ၊ႏြားေခ်းေဆြး၊
သစ္ရြက္ေဆြးႏွင့္ျခံမီးရႈိ႕၍ရေသာျပာမ်ားကိုျပန္ဖို႔ေပးရပါမည္။
#ပ်ဳိးေထာင္ျခင္း
အုန္းသီးကို
သဲတစ္ဝက္ခန္႔ေရာထားေသာပ်ဳိးေဘာင္ေပၚတြင္
အလ်ားလိုက္လွဲ၍
အညွာဘက္ကိုေထာင္ျပီးျမွဳပ္၍ပ်ဳိးေထာင္ရပါသည္။
သဲလႊာတြင္စနစ္တက်ျမွဳပ္၍ပ်ဳိးေထာင္ျခင္းသည္
အေကာင္းဆံုးျဖစ္ပါသည္။
သဲလႊာကိုေျခာက္လက္မထူေအာင္ခင္း၍
မ်ဳိးအုန္းပင္ကို
ပင္ၾကား×တန္ၾကား ၉×၁၈လက္မစီတန္းခ်ျပီး
သဲကိုေလးလက္မထပ္ထည့္ေပးရမည္
ပ်ဳိးပင္ကိုအစိုဓာတ္မျပတ္ေစရန္ေရမွန္မွန္ေလာင္းေပးျခင္း၊
လိုအပ္လ်ွင္အရိပ္ေပးျခင္း၊အစိုဓာတ္ဆံုးရႈံးမႈနည္းပါးေစရန္
အတန္းၾကားတြင္ေကာက္ရိုးဖုံးေပးရန္လိုအပ္ပါသည္။
#စိုက္ပ်ဳိးျခင္း
ပ်ဳိးသက္တစ္ႏွစ္သားရွိလ်ွင္ေျပာင္းရြက္စိုက္ပ်ဳိးရန္
အေကာင္းဆံုးျဖစ္သည္။
ဇြန္၊ဇူလိုင္လတို႔တြင္ေျပာင္းေရြ႕စိုက္ပ်ဳိးရပါမည္။
စိုက္ခ်ိန္တြင္
ပ်ဳိးပင္သည္အရင္းတုတ္၍သန္စြမ္းလ်က္အရြက္ဖားျပီး
ပ်ဳိးပင္၏အလက္ရင္းမ်ား၌အရြက္ကြဲစျပဳေနေသာ
အေျခအေနမ်ဳိးရွိရပါမည္။
စိုက္ေသာအခါက်င္းအလယ္တည့္တည့္၌ပ်ဳိးပင္ကို
ေျဖာင့္မတ္စြာထား၍တြဲလ်ွက္ရွိေသာပ်ဳိးအုန္းသီး၏
အေပၚလႊာကိုသုံးပုံတစ္ပုံခန္႔ေဖာ္၍စိုက္ရပါသည္။
မစိုက္မီအျမစ္မ်ားကိုဓားျပတ္ျပတ္ျဖင့္ေခါင္းတံုးရိတ္ေပ
ရပါသည္။အပင္ရွည္ပါကငုတ္စိုက္၍ခ်ည္ထားရပါမည္။
#ေျမၾသဇာေကြ်းျခင္း
မိုးဦးက်စဇြန္လတြင္ေျမၾသဇာအျပီးေကြ်းရပါမည္။
မီးဖုိျပာ၊ႏွမ္းဖတ္ပုပ္ရည္၊ႏြားေခ်းေဆြးစသည္တို႔
ထည့္ေပးႏိုင္သည္။
NPK(၅:၅:၉)ေရာစပ္ျပီးေျမၾသဇာကို
အပင္သက္တမ္း ၁-၂ ႏွစ္သားတြင္ ၁ ေပါင္ႏႈန္းထည့္ပါ။
အပင္ငယ္စဥ္အပင္ရင္းမွသုံးေပခြာ၍ေျမက်င္းငယ္တူး၍
ထည့္ေပးပါ။
အပင္သက္တမ္း၃ႏွစ္သားတြင္ ၂ ေပါင္
အပင္သက္တမ္း၄ႏွစ္သားတြင္ ၃ ေပါင္
အပင္သက္တမ္း၅ႏွစ္သားတြင္ ၄ေပါင္
အပင္သက္တမ္း၆ႏွစ္အထက္ ၅ေပါင္ႏႈန္းထည့္ေပးပါ။
အပင္ၾကီးလ်ွင္အပင္ၾကားထယ္ေၾကာင္းရာေပး၍ထည့္ရမည္။
#တစ္ဧကပင္ေရ
၃၀×၃၀ေပစိုက္လ်ွင္တစ္ဧကဝင္ဆံ႔ပင္ေရ ၄၈ ပင္ ။
#ေရသြင္းျခင္း
ေျမာင္းသြယ္၍ပင္ေျခရင္းဝိုင္းေပးေသာေရေလာင္းနည္းသည္
အေကာင္းဆံုးျဖစ္ပါသည္။
အုန္း၏အဓိကလိုအပ္ခ်က္မွာေႏြရာသီေရလုံေလာက္ေအာင္
ေပးႏိုင္ေရးျဖစ္ပါသည္။
#အပင္ျပဳစုနည္း
မိုးရာသီ၌အပင္တန္းၾကား ႏွစ္ၾကိမ္ခန္႔ထယ္ထိုးျခင္း၊
အုန္းပင္ရင္းတြင္အဝိုင္းလိုက္ေပါင္းရွင္းျခင္းႏွင့္
ေျမေတာင္ေျမွာက္ေပးျခင္း၊ေျမနိမ့္ေသာျခံမ်ားေရမဝပ္ေစရန
ေရႏုတ္ေျမာင္းမ်ားျပဳလုပ္ထားရန္လိုပါသည္။
#ပိုးမႊားေရာဂါမ်ား
၁။အပင္ငယ္စဥ္ျခ၊ပုရြက္ဆိတ္၊ၾကြက္မ်ားက်ေရာက္တတ္သည္။
၂။အပင္ၾကီးလာလ်ွင္ရြက္စားပိုး၊ျခယံ၊ပိုးၾကံ႕ေကာင္မ်ား
က်ေရာက္တတ္သည္။
ေရာဂါမ်ား
အျမစ္ပုပ္ေရာဂါ၊အညြန္႔ညိွဳးေရာဂါမ်ားက်ေရာက္သည္။
#အထြက္ႏႈန္း
အျမင့္မ်ဳိးသည္အပင္သက္တမ္း၇-၁၀ႏွစ္တြင္လည္းေကာင္း၊
အပုမ်ဳိးသည္၃-၅ႏွစ္တြင္လည္းေကာင္း၊
လိေမၼာ္ေရာင္မ်ဳိးသည္၅-၇ ႏွစ္တြင္လည္းေကာင္း
စတင္သီးပါသည္။
စတင္သီးေသာႏွစ္တြင္တစ္ပင္လ်ွင္ငါးလုံး၊
အသီးမွန္သြားေသာႏွစ္တြင္တစ္ႏွစ္လ်ွင္တစ္ပင္အလုံး၅၀ႏႈန္
သီးပါသည္။

Related image တစ္ဧကလ်ွင္ပ်မ္းမ်ွအလုံး ၂၅၀၀ ထြက္ရွိပါသည္။Related imageRelated image

Comments