UNICODE
တဆေး(YEAST)သည် အချဉ်ဖောက်ခြင်းပြုလုပ်ရာတွင်
နောက်ဆုံးအဆင့်ဖြစ်ပြီး မျက်စိဖြင့်မမြင်နိုင်သော
သက်ရှိငယ်ပေါင်းများစွာဖြင့် ပြည့်ဝနေသည့်အရာဖြစ်သည်။
တဆေး(YEAST)သည် သကြားဓာတ်များကို အယ်လ်ကိုဟောနှင့်
ကာဗွန်ဒိုင်အောက်ဆိုဒ်များအဖြစ်ပြိုကွဲစေပြီး
အချဉ်ဖောက်ခြင်းကိုဖြစ်ပေါ်(အချဉ်ပေါက်)စေသည်။
တဆေး(YEAST)သည် ခန္ဒာကိုယ်အတွင်းရှိ သွေးကြောငယ်များကို
ကျယ်ပြန့်စေခြင်းနှင့် ကိုယ်တွင်းဇီဝဖြစ်ပျက် မှုများကို
တိုးမြှင့်စေသည်။
တဆေး(YEAST)သည်၏ အဓိကလုပ်ငန်းဆောင်တာမှာ သက်ရှိဇီဝပစ္စည်းများကို
လူနှင့်တိရိစ္ဆာန်တို့တွင်
အသားဓာတ်ကိုဖြစ်ပေါ်စေကာအမိုနိုအက်ဆစ်များ၊ ဟိုမုန်းများနှင့်
ဗိုက်တာမင်များအဖြစ် ပြောင်းလဲပေးခြင်း ဖြစ်သည်။
တဆေး(YEAST)သည် လူတို့ကိုယ်တိုင်ဖန်တီးထုတ်လုပ်ခြင်းမပြုနိုင်သော
ပစ္စည်းများဖြစ်သည့် ဗိုက်တာမင်များ၊ Nucleic acidများ၊
သတ္တုဓာတ်များ၊ ဟိုမုန်းများနှင့်၊ Fatty acid
များကိုထုတ်လုပ်ပေးသည်။ တဆေးပါဝင်သော အချဉ်ဖောက်ထားသော
အစားအစာများကို အလွန်အကျွံစားသုံးလျှင်လည်း ကျန်းမာရေးကို
ထိခိုက်နိုင်သည်။
တဆေး(YEAST)သည် ဓာတ်မြေသြဇာများကို ပြန်လည်ပြိုကွဲစေနိုင်သည်။
တဆေး(YEAST)သည် သစ်သီးများ၏ အပြင်ဘက်မျက်နှာပြင်များတွင်
ကပ်ညိနေလေ့ရှိသည်။
(စပျစ်သီးခွံတွင် တဆေးအများအပြားပါဝင်သည်။)
တဆေး(YEAST)ကိုစိုက်ပျိုးရေးလုပ်ငန်းများတွင်
အသုံးပြုလိုပါက တဆေး(YEAST)တစ်ဆ+
ရေအဆတစ်ထောင်ရောစပ်အသုံးပြုနိုင်သည်။
အပင်များအားနည်းနေလျှင် တဆေး(YEAST)ကို ရွက်ဖျန်းအားဆေးအဖြစ်
အသုံးပြုနိုင်သည်။
အပင်များ ရောဂါပိုးမွှားများကျရောက်လျှင် တဆေးကို
ရွက်ဖျန်းပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်သည်။
အပင်၏ အကိုင်းနှင့်ပင်စည်များ လေပြင်းဒဏ်မခံနိုင်ဘဲ
ကြီးမားစွာပျက်စီးလျှင် တဆေးကိုအသုံးပြုနိုင်ပါသည်။
မိုးအလွန်အကျွံရွာသွန်းခြင်း (သို့မဟုတ်)
စိုထိုင်းဆများသောရာသီဥတုမျိုးများကြောင့် အပင်များအလင်းဖြင့်
အစာချက်လုပ်နိုင်ခြင်းမရှိလျှင် တဆေးကိုအသုံးပြုနိုင်သည်။
အိမ်မွေးတိရိစ္ဆာန်များ တက်ကြွမှုကင်းခြင်း (သို့မဟုတ်)
အစာမစားလျှင် တဆေးကိုအသုံးပြုနိုင်သည်။
တဆေးကို အခြားသောအော်ဂဲနစ်ရွက်ဖြန်းဆေး၊ ဟိုမုန်းဆေးများနှင့်
ရောစပ်၍ ရွက်ဖြန်းအားဆေးအဖြစ်အသုံးပြုပါက
အလွန်အကျိုးရှိနိုင်ပါသည်။
စပျစ်နှင့်စတော်ဘယ်ရီပင်များအတွက် တဆေးကိုအသုံးပြုလျှင်
သတိပြုရမည့်အချက်များ
ရေမဆေးရပါ။ မူလအတိုင်းသာအသုံးပြုရမည်။
တဆေးထည့်၍အသုံးပြုရမည့်ပစ္စည်းက်ိရိယာများကို အသုံးမပြုမှီ
ပိုးသတ်ထားရမည်။
အနံဆိုးများပြင်ပမှ ဝင်ရောက်မှုမရှိစေရန်နှင့်
အခြားပိုးမွှားများဝင်ရောက်မှုမှ ကာကွယ်ရန် တဆေးထည့် ထားသောဗူးကို
သီးသန့်နေရာတွင် သိုလှောင်သိမ်းဆည်းရမည်။
စိုထိုင်းဆ (၆၅% နှင့် ၇၀%)ကြားနှင့် အပူချိန်
(၂၃-ဒီဂရီစင်တီဂရိတ်နှင့် ၂၅-ဒီဂရီစင်တီဂရိတ်)ကြားတွင်သာ
သိုလှောင်သိမ်းဆည်းသင့်သည်။
တဆေးပြုလုပ်စဉ် မှိုတက်ခြင်းမှကာကွယ်ရန် တစ်နေ့လျှင်
အနည်းဆုံးတစ်ကြိမ်ခန့် ဆေးဗူးကိုလှုပ်ပေးရမည်။
တဆေးဖောက်ပြီးနောက် ရေခဲသေတ္တာထဲတွင် အပူချိန်
(၁-ဒီဂရီစင်တီဂရိတ််မှ ၁၅-ဒီဂရီစင်တီဂရိတ်) ကြားတွင်သာ
သိမ်းဆည်းရမည်။
တဆေးဖောက်ပြီးနောက် တစ်လအထိသိမ်းဆည်းအသုံးပြုနိုင်သော်လည်း
တစ်ပတ်အတွင်းကုန်စင်အောင်အသုံးပြုခြင်းမှာ
မှန်ကန်သင့်လျှော်ပြီး အကျိုးရှိထိရောက်ပါသည်။
တဆေးထည့်၍အသုံးပြုရမည့်ပစ္စည်းကိရိယာများကို အသုံးမပြုမှီ ပိုးသတ်ထားရမည်။
တဆေးဖောက်ပြီးနောက် ရေခဲသေတ္တာထဲတွင် အပူချိန် (၁-ဒီဂရီစင်တီဂရိတ်မှ ၁၅-ဒီဂရီစင်တီဂရိတ်) ကြားတွင်သာ သိမ်းဆည်းရမည်။
Comments
Post a Comment