XXXXXXXXXX UNICODE FONT XXXXXXXXXXX
ဘဲပေါင်း လုပ်နည်း
ဒီတစ်ခေါက်တော့ အပြောင်းအလဲလေးဖြစ်သွားအောင် စားနေကြမဟုတ်တဲ့ ဘဲပေါင်းလေး ချက်စားကြမယ်နော်။ အရည်ရွှဲရွှဲလေးဆိုတော့ ထမင်းနဲ့နယ်စားတာပဲဖြစ်ဖြစ် ဒီအတိုင်းပဲဖြစ်ဖြစ် အမျိုးမျိုးလုပ်စားနိုင်မှာဖြစ်ပါတယ်
ပါဝင်ပစ္စည်းများ
ဘဲအကောင်လိုက် (ခဝ၀) – တစ်ပိဿာ
ကြက်သွန်မြိတ် – ၁ ပင်
လေးညှင်း – ၂၀ ပွင့်
ချင်း – ၄ လွှာ
သစ်ကြံပိုး (၁” ရှည်) – ၃ ခု
စမုန်ပွင့် – ၄ ပွင့်
ရှယ်ရီအရက် – စားပွဲတင်ဇွန်း ၃ ဇွန်း
ပဲငါးပိရည် – စားပွဲတင်ဇွန်း ၅ ဇွန်း
ဆား – စားပွဲတင်ဇွန်း ၂ ဇွန်း
(မြုပ်အောင်ကြော်ရန်ဆီ လိုအပ်သရွေ့)
ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်
ဘဲသားကို ပြင်ဆင်၍ ကျောဘက်မှခွဲချပါ။ ၁ လက်မအရှည်ဖြတ်ထားသော ကြက်သွန်မြိတ်၊ လေးညှင်း၊ ချင်းလွှာ၊ သစ်ကြံပိုး၊ စမုန်ပွင့်၊ ရှယ်ရီအရက်၊ ပဲငါးပိရည်နှင့် ဆားတို့ကို ရောစပ်ပြီး ဘဲမျက်နှာပြင်အားလုံးကို လူးနယ်ကာ သုံးနာရီကြာစိမ့်ဝင်အောင်ထားပါ။ အချိန်စေ့လျှင် စိမ်ပြီးဘဲကို ပေါင်းအိုးတစ်လုံးရှိ အိုးအတွင်း သို့မဟုတ် အဖုံးပိတ်ထားသောအိုးကြီးအတွင်းရှိ အိုးလေးတွင်ထည့်ပြီး ရေပေါ်တွင်ထား၍ (၂) နာရီခွဲခန့်ပေါင်းပါ။ နူးလာလျှင် ဆီကို အငွေ့ထွက်လာသည်အထိ အပူပေးပြီး ဘဲကို အညိုရောင်သမ်းသည်အထိ ဆီမြုပ်အောင်ကြော်ပါ။ ပြီးလျှင် ဆယ်ယူအအေးခံကာ အလျားလိုက်နှစ်ပိုင်းခြမ်းပြီး ကန့်လန့်ဖြတ်အမြှောင်းများ ပိုင်းဖြတ်ကာ တည်ခင်း၍ရပြီ ဖြစ်ပါတယ်။မှတ်ချက် – ယခုဖော်ပြထားသော ပမာဏမှာ လူဆယ်ဦးစာဖြစ်တာကြောင့် မိသားစုဝင်အရေအတွက်ပေါ် မူတည်ပြီး အတိုးအလျော့ပြုလုပ်ပေးနိုင်ပါတယ်။
XXXXXXX ZAWGYI FONT XXXXXXX
ဘဲေပါင္း လုပ္နည္း
ဒီတစ္ေခါက္ေတာ့ အေျပာင္းအလဲေလးျဖစ္သြားေအာင္ စားေနႀကမဟုတ္တဲ့ ဘဲေပါင္းေလး ခ်က္စားႀကမယ္ေနာ္။ အရည္ရႊဲရႊဲေလးဆိုေတာ့ ထမင္းနဲ႕နယ္စားတာပဲျဖစ္ျဖစ္ ဒီအတိုင္းပဲျဖစ္ျဖစ္ အမ်ိဳးမ်ိဳးလုပ္စားႏုိင္မွာျဖစ္ပါတယ္
ပါ၀င္ပစၥည္းမ်ားဘဲအေကာင္လိုက္ (ခ၀၀) – တစ္ပိႆာ
ႀကက္သြန္ၿမိတ္ – ၁ ပင္
ေလးညွင္း – ၂၀ ပြင့္
ခ်င္း – ၄ လႊာ
သစ္ႀကံပိုး (၁” ရွည္) – ၃ ခု
စမုန္ပြင့္ – ၄ ပြင့္
ရွယ္ရီအရက္ – စားပြဲတင္ဇြန္း ၃ ဇြန္း
ပဲငါးပိရည္ – စားပြဲတင္ဇြန္း ၅ ဇြန္း
ဆား – စားပြဲတင္ဇြန္း ၂ ဇြန္း
(ျမဳပ္ေအာင္ေႀကာ္ရန္ဆီ လိုအပ္သေရြ႕)
ျပင္ဆင္ခ်က္ျပဳတ္ပံုအဆင့္ဆင့္
ဘဲသားကို ျပင္ဆင္၍ ေက်ာဘက္မွခြဲခ်ပါ။ ၁ လက္မအရွည္ျဖတ္ထားေသာ ႀကက္သြန္ၿမိတ္၊ ေလးညွင္း၊ ခ်င္းလႊာ၊ သစ္ႀကံပိုး၊ စမုန္ပြင့္၊ ရွယ္ရီအရက္၊ ပဲငါးပိရည္ႏွင့္ ဆားတုိ႕ကို ေရာစပ္ၿပီး ဘဲမ်က္ႏွာျပင္အားလံုးကို လူးနယ္ကာ သံုးနာရီႀကာစိမ့္၀င္ေအာင္ထားပါ။ အခ်ိန္ေစ့လွ်င္ စိမ္ၿပီးဘဲကို ေပါင္းအိုးတစ္လံုးရွိ အိုးအတြင္း သို႕မဟုတ္ အဖံုးပိတ္ထားေသာအိုးႀကီးအတြင္းရွိ အိုးေလးတြင္ထည့္ၿပီး ေရေပၚတြင္ထား၍ (၂) နာရီခြဲခန္႕ေပါင္းပါ။ နူးလာလွ်င္ ဆီကို အေငြ႕ထြက္လာသည္အထိ အပူေပးၿပီး ဘဲကို အညိဳေရာင္သမ္းသည္အထိ ဆီၿမဳပ္ေအာင္ေႀကာ္ပါ။ ၿပီးလွ်င္ ဆယ္ယူအေအးခံကာ အလ်ားလိုက္ႏွစ္ပိုင္းျခမ္းၿပီး ကန္႕လန္႕ျဖတ္အေျမွာင္းမ်ား ပိုင္းျဖတ္ကာ တည္ခင္း၍ရၿပီ ျဖစ္ပါတယ္။မွတ္ခ်က္ – ယခုေဖာ္ျပထားေသာ ပမာဏမွာ လူဆယ္ဦးစာျဖစ္တာေႀကာင့္ မိသားစု၀င္အေရအတြက္ေပၚ မူတည္ၿပီး အတိုးအေလ်ာ႕ျပဳလုပ္ေပးႏုိင္ပါတယ္။

Comments
Post a Comment