ဆူးပုပ္ပင္ အျမစ္ထုတ္နည္း...(ဆူးပုပ်ပင် အမြစ်ထုတ်နည်း..)

ဆူးပုပ် ဟာ နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး တခါစိုက်ရုံမျှဖြင့် တသက်စားမကုန်နိုင်တဲ့ မြန်မာတို့ အကြိုက် စျေးကွက်ဝင် အသီးအရွက်တစ်မျိုးပဲုဖစ်ပါတယ်
 ဆူးပုပ်ကလေးသည် မကွေး၊ ကျောက်ပန်းတောင်းကဲ့သို့ မြေလတ်ဒေသများတွင် အစိုက်များသည်။ ထိုဒေသများတွင် ဆူးပုပ်ကြီးထက် ဆူးပုပ်ကလေးကို ပို၍အသုံးများသည်။ (ခ) ဆူးပုပ်ကြီးမျိုး ဆူးပုပ်ကြီးမျိုးသည် ဆူးပုပ်ကလေးမျိုးထက် အပင်နှင့်အရွက် အရွယ်အစား ပိုကြီးသည်။ အရွက်အနံ့မှာလည်း ဆူးပုပ်ကလေးထက် ပို၍ပြင်းသည်။ ပဲကြီးဟင်းချိုချက်ရာတွင် ဆူးပုပ်ကြီးကို အများဆုံးထည့်ချက်သည်။ ဆူးပုပ်ကြီးမျိုး(၃)မျိုးရှိသည်။ (၁) ဆူးကျဲမျိုး (၂) ဆူးလတ်မျိုး (၃) ဆူးစိပ်မျိုး ၃။ ရေမြေ ရာသီဥတု ဆူးပုပ်သည် မြန်မာပြည်အနှံ့အပြား တောင်ပေါ်မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးသော အပင်ဖြစ်သည်။ ဆူးပုပ်သည် ရေဝပ်သည့် စိမ့်စွဲမြေမျိုးကို အနှစ်သက်ပါ။ မြေစေး၊ စနယ်မြေစေးကိုလည်း အနှစ်သက်ပါ။ မြေအောက်ပိုင်းတွင် ဂဝံမြေ၊ သဲမြေ၊ ကျောက်စရစ် အနည်းငယ်ခံသောမြေတို့တွင် အပေါ်ယံမြေသား ထူကကောင်းပါသည်။ ရေနှုတ်အားကောင်းသော မြေမျိုးဖြစ်ရပါမည်။ ၄။ စို်က်ခင်းမြေပြုပြင်ခြင်း ဆူးပုပ်စိုက်ခင်း ပြုလုပ်မည့်နေရာသည် မြေရိုင်းဖြစ်ပါက မိုးမကျမီ သစ်ငုတ်တူးခြင်း၊ သစ်ငုတ်များပြောင်အောင် ကောက်ခြင်းများ ပြုလုပ်ရပါမည်။ မိုးကျပြီးနောက် ထယ်ဝင်၍ရသည်နှင့် ထယ်တစ်လွှာထိုး၊ ထွန်မွှေပြီး မြေကိုပြန်ညှိထားရပါသည်။ စိုက်မြောင်းများဆွဲရာတွင် ၁၀ လံ( ၄၀ ပေ)မြောင်းများ ဆွဲလေ့ရှိသည်။ စိုက်မြောင်းများကို တောင်နှင့်မြောက် ဆွဲလေ့ရှိသည်။
Image may contain: plant, outdoor and nature
 ၅။ စိုက်ပျိုးခြင်း မြောင်ဆွဲဖေါ်ထားသော စိုက်မြောင်းများတွင် အနက်(၈)လက္မခန့်နှင့် အကျယ်(၄-၆)လက္မခန့် ကျင်းကလေးများ တူးရသည်။ ကျင်းတစ်ခုနှင့်တစ်ခုု (၆)ပေစီခြား၍ တူးရသည်။ မြေထုပ်စည်းပင်ကို ကျင်းထဲတွင် (၄)လက္မမြှုပ်၍ စိုက်ရသည်။ စိုက်ရာတွင် အပင်ကိုထောင်မတ်နေအောင် စိုက်ပြီး မြေပြန်ဖုံးရသည်။ ထိုု့နောက် အပင်ခြေရင်း ရေမဝပ်စေရန်အတွက် (၆)လက္မအမြင့် ဦးချွန်မြေပုံကလေးကို အပင်ခြေရင်းတွင် ပြုလုပ်ပြီး မြေမဟာစေရန် ဖိသိပ်ပေးရသည်။Image may contain: tree, plant, outdoor and nature ၆။ မြေသြဇာကျွေးခြင်း စိုက်ပြီး(၁၁)ရက်ခန့်တွင် (၁၀)လံမြောင်းတစ်မြောင်းကို နွားချေး( ၁ - ၆ )တောင်းအထိထည့်သည်။ နွားချေး မြေသြဇာထည့်ပြီး ရေဝအောင်လောင်းပေးရသည်။ နိုဝင်္ဘာ၊ ဒီဇင်္ဘာလခန့်တွင် အပင်များကိုနွားချေးမြေသြဇာထပ်ကျွေးရသည်။ (၁၀)လံမြောင်းတစ်မြောင်းကို တင်းတောင်းဖြင့် နွားချေး(၆)တောင်းခန့် ကျွေးရသည်။ နွားချေးကျွေးတိုင်း ဘောင်ခတ်ပြီး မြက်များကို ရှပ်၍ ဘောင်တွင်မြှုပ်ပေးရသည်။Image may contain: plant, tree, outdoor and nature ၇။ အပင်ပြုစုခြင်း ဆူးပုပ်စိုက်ခင်းတွင် မြေထုပ်စည်းပင် စိုက်ပြီး(၆)လခန့်အကြာတွင် အပင်မှ အတက်ကြီးများ ထွက်လာသည်။ ထိုအတက်ကြီးများကို(၁)ပေခန့်မြင့်လာလျှင် ဖြတ်ပေးရသည်။ ထိုအတက်များသည် အရွက်နုထွက်မည့် ကိုင်းတက်များဖြစ်လာသည်။ ထိုအတက်ကြီးများမှ အညွန့်သစ်များ လိုက်လာ၍ ခူးရန်အနေတော်ဖြစ်လျှင် အောက်ဆုံးအရွက် တစ်လက်ချန်၍ ခူးရသည်။ အောက်ဆုံးအရွက် တစ်လက်ချန်ရခြင်းမှာ အညွန့်သစ်ထပ်မံ လိုက်နိုင်ရန် ဖြစ်သည်။Image may contain: plant ဆူးပုပ်သည် ကင်ပွန်းချဉ်ကဲ့သို့ ကိုင်းများစွာ ချိုင်ခြင်းကို မနှစ်သက်ချေ။ ကိုင်းဖြတ်များပါက အပင်သေသည်အထိ ဖြစ်နိုင်သည်။ သို့ရာတွင် ကိုင်းခြောက်များ၊ နာနေသောအကိုင်းများ ကိုမူ ဖြတ်တောက်ဖယ်ရှားပေးသင့်သည်။ ၈။ မျိုးပွားနည်း မျိုးကိုင်းအဖြစ် မြေထုပ်စည်းခြင်းကို သြဂုတ်လ၊ စက်တင်္ဘာလအတွင်း ပြုလုပ်ကြသည်။ နောက်တစ်လခန့်တွင် မြေထုတ်စည်းကိုင်းကို ဖြတ်ပြီး စိုက်ခင်းတွင်စိုက်ကြသည်။Image may contain: plant, tree and outdoor
 မြေထုတ်စည်းရန် အသက်တစ်နှစ်သားခန့်ရှိပြီး လုံးပတ်လက်သန်းလုံးမှ လက်ညှိုးလုံးခန့်ရှိ၍ စိမ်းစိုနေသော အကိုင်းကို မြေထုတ်စည်းရန် ရွေးချယ်ရသည်။
အခွံခွာ စနစ်ဖြင့် အမြစ်ထုပ်ခြင်း...
အတွင်းသား အမျှင်တွေကုန်စင်အောင်ခြစ်ထုပ်ပစ်ပါ

 Image may contain: plant, outdoor and nature
ရေတည စိမ်ထားတဲ့ အုံးခွံမှုန့် ကို ဓားဖြင့်ခွဲပြီး အခေါက်ခွာထားတဲ့နေရာကို ထည့်ပါ ကြိုးဖြင့် တင်းတင်းချည်နှောင်ပါ

Image may contain: plant, tree, outdoor and nature


Image may contain: plant and outdoor
ကိုင်းကူးပြီး ၃ ပတ်မှ ၅ပတ်အတွင်း အမြစ်ဆင်းလာပါမယ်

Image may contain: plant and outdoor


Image may contain: plant, tree, sky and outdoor
၅ပတ်လောက်ကြာလျှင် အမြစ်များရင့်ပြီး အရောင်လည်းပြောင်းနေပါမည် ကိုင်းကူးထားတဲ့ ပျိုးအိတ်အောက်မှ ညင်သာစွာ ဖြတ်ပါ လွှဖြင့် ဖြတ်ပါက ကောင်းပါသည်

Image may contain: plant, tree, outdoor and nature၉။ ဆွတ်ခူးခြင်းနှင့် အထွက် မြေထုတ်စည်းပင် စိုက်ပြီး(၆)လခန့်ရှိလျှင် ကိုင်းမကြီးများမှ ထွက်လာသော အညွန့်များကို အောက်ဆုံးမှ အရွက်တစ်လက်ချန်၍ ခူးရမည်။ အညွန့်သစ်ထွက်နိုင်ရန်အတွက် အရွက်တစ်လက်ချန်ရန် အရေးကြီးပါသည်။ အညွန့်ခူးခြင်းကို (၁)ရက်ခူး (၃)ရက်အနားပေး စနစ်ဖြင့် ခူးကြသည်။ ဆူးပုပ်ပင်သည် အသက်(၂၅)နှစ်ခန့် ရှိလျှင်အပင်အိုပြီး အထွက်နည်းလာတတ်သဖြင့် အပင်သစ်များ လဲလှယ်စိုက်ပျိုးနိုင်ပါက ပိုကောင်းပါသည်။ စိုက်ပြီးစ အပင်စတင်ခူးချိန်တွင် တစ်ဧက တစ်ကြိမ်ခူးလျှင် တစ်စည်း(၂-၃)ညွန့်ပါအစည်းပေါင်း (၄၀၀-၅၀၀)ခန့် ရသည်။ ဖေဖေါ်ဝါရီလမှ ဇွန်လအတွင်းခူးရာတွင် တစ်ဧက တစ်ကြိမ်ခူးလျှင် အစည်း(၁၀၀၀-၁၅၀၀)အထိ ထွက်သည်။ ဇူလိုင်လနှင့် သြဂုတ်လတွင် ပြန်နားပြီး စက်တင်္ဘာမှ နိုဝင်္ဘာလအတွင်း တစ်ဧက တစ်ကြိမ်ခူးရာတွင် အစည်း(၁၀၀၀-၁၅၀၀)ထွက်သည်။ ဒုတိယနှစ်တွင် တစ်ဧကတစ်ကြိမ်ခူးလျှင် အစည်း(၂၀၀၀-၃၀၀၀)အထိ ထွက်နိုင်သည်။ တတိယနှစ်မှ နောက်ပိုင်းတွင် တစ်ဧကတစ်ကြိမ်ခူးလျှင် အစည်း(၅၀၀၀)ခန့် အထိထွက်နိုင်သည်။

xxxxxx  zawgyi font xxxxxxx
......
ဆူးပုပ္ ဟာ နွစ္ရွည္ပင္ အမ်ိုးအစားျဖစ္ျပီး တခါစိုက္ရံုမ်ွျဖင့္ တသက္စားမကုန္နိုင္တဲ့ ျမန္မာတို့ အၾကိုက္ ေစ်းကြက္၀င္ အသီးအရြက္တစ္မ်ိုးပဲုဖစ္ပါတယ္
 ဆူးပုပ္ကေလးသည္ မေကြး၊ ေက်ာက္ပန္းေတာင္းကဲ့သို႔ ေျမလတ္ေဒသမ်ားတြင္ အစိုက္မ်ားသည္။ ထိုေဒသမ်ားတြင္ ဆူးပုပ္ႀကီးထက္ ဆူးပုပ္ကေလးကို ပို၍အသုံးမ်ားသည္။ (ခ) ဆူးပုပ္ႀကီးမ်ိဳး ဆူးပုပ္ႀကီးမ်ိဳးသည္ ဆူးပုပ္ကေလးမ်ိဳးထက္ အပင္ႏွင့္အရြက္ အရြယ္အစား ပိုႀကီးသည္။ အရြက္အနံ႔မွာလည္း ဆူးပုပ္ကေလးထက္ ပို၍ျပင္းသည္။ ပဲႀကီးဟင္းခ်ိဳခ်က္ရာတြင္ ဆူးပုပ္ႀကီးကို အမ်ားဆုံးထည့္ခ်က္သည္။ ဆူးပုပ္ႀကီးမ်ိဳး(၃)မ်ိဳးရွိသည္။ (၁) ဆူးက်ဲမ်ိဳး (၂) ဆူးလတ္မ်ိဳး (၃) ဆူးစိပ္မ်ိဳး ၃။ ေရေျမ ရာသီဥတု ဆူးပုပ္သည္ ျမန္မာျပည္အႏွံ႔အျပား ေတာင္ေပၚေျမျပန္႔မေရြး ျဖစ္ထြန္းသျဖင့္ ရာသီဥတုမေရြးေသာ အပင္ျဖစ္သည္။ ဆူးပုပ္သည္ ေရ၀ပ္သည့္ စိမ့္စြဲေျမမ်ိဳးကို အႏွစ္သက္ပါ။ ေျမေစး၊ စနယ္ေျမေစးကိုလည္း အႏွစ္သက္ပါ။ ေျမေအာက္ပိုင္းတြင္ ဂ၀ံေျမ၊ သဲေျမ၊ ေက်ာက္စရစ္ အနည္းငယ္ခံေသာေျမတို႔တြင္ အေပၚယံေျမသား ထူကေကာင္းပါသည္။ ေရႏႈတ္အားေကာင္းေသာ ေျမမ်ိဳးျဖစ္ရပါမည္။ ၄။ စို္က္ခင္းေျမျပဳျပင္ျခင္း ဆူးပုပ္စိုက္ခင္း ျပဳလုပ္မည့္ေနရာသည္ ေျမ႐ုိင္းျဖစ္ပါက မိုးမက်မီ သစ္ငုတ္တူးျခင္း၊ သစ္ငုတ္မ်ားေျပာင္ေအာင္ ေကာက္ျခင္းမ်ား ျပဳလုပ္ရပါမည္။ မိုးက်ၿပီးေနာက္ ထယ္၀င္၍ရသည္ႏွင့္ ထယ္တစ္လႊာထိုး၊ ထြန္ေမႊၿပီး ေျမကိုျပန္ညွိထားရပါသည္။ စိုက္ေျမာင္းမ်ားဆြဲရာတြင္ ၁၀ လံ( ၄၀ ေပ)ေျမာင္းမ်ား ဆြဲေလ့ရွိသည္။ စိုက္ေျမာင္းမ်ားကို ေတာင္ႏွင့္ေျမာက္ ဆြဲေလ့ရွိသည္။
Image may contain: plant, outdoor and nature
 ၅။ စိုက္ပ်ိဳးျခင္း ေျမာင္ဆြဲေဖၚထားေသာ စိုက္ေျမာင္းမ်ားတြင္ အနက္(၈)လကၼခန္႔ႏွင့္ အက်ယ္(၄-၆)လကၼခန္႔ က်င္းကေလးမ်ား တူးရသည္။ က်င္းတစ္ခုႏွင့္တစ္ခုု (၆)ေပစီျခား၍ တူးရသည္။ ေျမထုပ္စည္းပင္ကို က်င္းထဲတြင္ (၄)လကၼျမွဳပ္၍ စိုက္ရသည္။ စိုက္ရာတြင္ အပင္ကိုေထာင္မတ္ေနေအာင္ စိုက္ၿပီး ေျမျပန္ဖုံးရသည္။ ထိုု႔ေနာက္ အပင္ေျခရင္း ေရမ၀ပ္ေစရန္အတြက္ (၆)လကၼအျမင့္ ဦးခၽြန္ေျမပုံကေလးကို အပင္ေျခရင္းတြင္ ျပဳလုပ္ၿပီး ေျမမဟာေစရန္ ဖိသိပ္ေပးရသည္။Image may contain: tree, plant, outdoor and nature ၆။ ေျမၾသဇာေကၽြးျခင္း စိုက္ၿပီး(၁၁)ရက္ခန္႔တြင္ (၁၀)လံေျမာင္းတစ္ေျမာင္းကို ႏြားေခ်း( ၁ - ၆ )ေတာင္းအထိထည့္သည္။ ႏြားေခ်း ေျမၾသဇာထည့္ၿပီး ေရ၀ေအာင္ေလာင္းေပးရသည္။ ႏို၀ဘၤာ၊ ဒီဇဘၤာလခန္႔တြင္ အပင္မ်ားကိုႏြားေခ်းေျမၾသဇာထပ္ေကၽြးရသည္။ (၁၀)လံေျမာင္းတစ္ေျမာင္းကို တင္းေတာင္းျဖင့္ ႏြားေခ်း(၆)ေတာင္းခန္႔ ေကၽြးရသည္။ ႏြားေခ်းေကၽြးတိုင္း ေဘာင္ခတ္ၿပီး ျမက္မ်ားကို ရွပ္၍ ေဘာင္တြင္ျမွဳပ္ေပးရသည္။Image may contain: plant, tree, outdoor and nature ၇။ အပင္ျပဳစုျခင္း ဆူးပုပ္စိုက္ခင္းတြင္ ေျမထုပ္စည္းပင္ စိုက္ၿပီး(၆)လခန္႔အၾကာတြင္ အပင္မွ အတက္ႀကီးမ်ား ထြက္လာသည္။ ထိုအတက္ႀကီးမ်ားကို(၁)ေပခန္႔ျမင့္လာလွ်င္ ျဖတ္ေပးရသည္။ ထိုအတက္မ်ားသည္ အရြက္ႏုထြက္မည့္ ကိုင္းတက္မ်ားျဖစ္လာသည္။ ထိုအတက္ႀကီးမ်ားမွ အညြန္႔သစ္မ်ား လိုက္လာ၍ ခူးရန္အေနေတာ္ျဖစ္လွ်င္ ေအာက္ဆုံးအရြက္ တစ္လက္ခ်န္၍ ခူးရသည္။ ေအာက္ဆုံးအရြက္ တစ္လက္ခ်န္ရျခင္းမွာ အညြန္႔သစ္ထပ္မံ လိုက္ႏုိင္ရန္ ျဖစ္သည္။Image may contain: plant ဆူးပုပ္သည္ ကင္ပြန္းခ်ဥ္ကဲ့သို႔ ကိုင္းမ်ားစြာ ခ်ိဳင္ျခင္းကို မႏွစ္သက္ေခ်။ ကိုင္းျဖတ္မ်ားပါက အပင္ေသသည္အထိ ျဖစ္ႏိုင္သည္။ သို႔ရာတြင္ ကိုင္းေျခာက္မ်ား၊ နာေနေသာအကိုင္းမ်ား ကိုမူ ျဖတ္ေတာက္ဖယ္ရွားေပးသင့္သည္။ ၈။ မ်ိဳးပြားနည္း မ်ိဳးကိုင္းအျဖစ္ ေျမထုပ္စည္းျခင္းကို ၾသဂုတ္လ၊ စက္တဘၤာလအတြင္း ျပဳလုပ္ၾကသည္။ ေနာက္တစ္လခန္႔တြင္ ေျမထုတ္စည္းကိုင္းကို ျဖတ္ၿပီး စိုက္ခင္းတြင္စိုက္ၾကသည္။Image may contain: plant, tree and outdoor
 ေျမထုတ္စည္းရန္ အသက္တစ္ႏွစ္သားခန္႔ရွိၿပီး လုံးပတ္လက္သန္းလုံးမွ လက္ညွဳိးလုံးခန္႔ရွိ၍ စိမ္းစိုေနေသာ အကိုင္းကို ေျမထုတ္စည္းရန္ ေရြးခ်ယ္ရသည္။
အခြံခြာ စနစ္ျဖင့္ အျမစ္ထုပ္ျခင္း...
အတြင္းသား အမွ်င္ေတြကုန္စင္ေအာင္ျခစ္ထုပ္ပစ္ပါ

 Image may contain: plant, outdoor and nature
ေရတည စိမ္ထားတဲ့ အံုးခြံမွုန့္ ကို ဓားျဖင့္ခြဲျပီး အေခါက္ခြာထားတဲ့ေနရာကို ထည့္ပါ ၾကိုးျဖင့္ တင္းတင္းခ်ည္ေနွာင္ပါ

Image may contain: plant, tree, outdoor and nature


Image may contain: plant and outdoor
ကိုင္းကူးျပီး ၃ ပတ္မွ ၅ပတ္အတြင္း အျမစ္ဆင္းလာပါမယ္

Image may contain: plant and outdoor


Image may contain: plant, tree, sky and outdoor
၅ပတ္ေလာက္ၾကာလ်ွင္ အျမစ္မ်ားရင့္ျပီး အေရာင္လည္းေျပာင္းေနပါမည္ ကိုင္းကူးထားတဲ့ ပ်ိုးအိတ္ေအာက္မွ ညင္သာစြာ ျဖတ္ပါ လြွျဖင့္ ျဖတ္ပါက ေကာင္းပါသည္

Image may contain: plant, tree, outdoor and nature၉။ ဆြတ္ခူးျခင္းႏွင့္ အထြက္ ေျမထုတ္စည္းပင္ စိုက္ၿပီး(၆)လခန္႔ရွိလွ်င္ ကိုင္းမႀကီးမ်ားမွ ထြက္လာေသာ အညြန္႔မ်ားကို ေအာက္ဆုံးမွ အရြက္တစ္လက္ခ်န္၍ ခူးရမည္။ အညြန္႔သစ္ထြက္ႏိုင္ရန္အတြက္ အရြက္တစ္လက္ခ်န္ရန္ အေရးႀကီးပါသည္။ အညြန္႔ခူးျခင္းကို (၁)ရက္ခူး (၃)ရက္အနားေပး စနစ္ျဖင့္ ခူးၾကသည္။ ဆူးပုပ္ပင္သည္ အသက္(၂၅)ႏွစ္ခန္႔ ရွိလွ်င္အပင္အိုၿပီး အထြက္နည္းလာတတ္သျဖင့္ အပင္သစ္မ်ား လဲလွယ္စိုက္ပ်ိဳးႏိုင္ပါက ပိုေကာင္းပါသည္။ စိုက္ၿပီးစ အပင္စတင္ခူးခ်ိန္တြင္ တစ္ဧက တစ္ႀကိမ္ခူးလွ်င္ တစ္စည္း(၂-၃)ညြန္႔ပါအစည္းေပါင္း (၄၀၀-၅၀၀)ခန္႔ ရသည္။ ေဖေဖၚ၀ါရီလမွ ဇြန္လအတြင္းခူးရာတြင္ တစ္ဧက တစ္ႀကိမ္ခူးလွ်င္ အစည္း(၁၀၀၀-၁၅၀၀)အထိ ထြက္သည္။ ဇူလိုင္လႏွင့္ ၾသဂုတ္လတြင္ ျပန္နားၿပီး စက္တဘၤာမွ ႏို၀ဘၤာလအတြင္း တစ္ဧက တစ္ႀကိမ္ခူးရာတြင္ အစည္း(၁၀၀၀-၁၅၀၀)ထြက္သည္။ ဒုတိယႏွစ္တြင္ တစ္ဧကတစ္ႀကိမ္ခူးလွ်င္ အစည္း(၂၀၀၀-၃၀၀၀)အထိ ထြက္ႏိုင္သည္။ တတိယႏွစ္မွ ေနာက္ပိုင္းတြင္ တစ္ဧကတစ္ႀကိမ္ခူးလွ်င္ အစည္း(၅၀၀၀)ခန္႔ အထိထြက္ႏိုင္သည္။

Comments