UNICODE FONT
ပိုးနဂါး
အကောင်ငယ်စဉ် အရွက်စိမ်းရောင်ပိုင်း ခြစ်စားပြီး အကောင်ကြီးပါက အရွက်များကို ကိုက်ဖြတ်စားသည်။
တခါတရံ အပင်ငယ်များကို အရင်းမှ ကိုက်ဖြတ်ဖျက်ဆီးသည်။
အသုံးပြုရမည့်ဆေး- အယ်လ်ဖာ၊ ဗိုက်တာဘရာ၊ ဗေးလစ်၊ ဆလက်ပလပ်၊ ဗိုက်တာရှီး၊ ကွန်ဖီးဒင့်၊ ဗိုက်တာမီသရင်။
ဖိုးလမင်းကျိုင်း
အစိုဓါတ်များသောမြေတွင်တွေ့ရသည်။
လောက်ကောင်သည် (၃-၄) လခန့် မြေကြီးအတွင်းမှ နေ၍ အပင်အစိတ်အပိုင်းများကို ကိုက်ဖြတ်ဖျက်ဆီးသဖြင့် အပင်သည် ဝါ၍ ညှိုးကျသွားသည်။
ကျိုင်းကောင်ဘဝအရွက်များကို ကိုက်ဖြတ်စားသောက်သည်။
အသုံးပြုရမည့်ဆေး- ဗိုက်တာဖျူရမ်၊ ဗိုက်တာရှီးလ်။
အညွှန့်/အသီးထိုးပိုးရွက်နု၊ အညွှန့်၊ အဖူး၊အငုံများအား ကိုက်ဖြတ်စားသောက်သလို အသီးနှင့် ပင်စည်ကိုလည်း ဝင်ရောက်ဖျက်ဆီးသည်။
အညွှန့်များညှိုးခြောက်ကျခြင်းတို့ကိုတွေ့ရမည်။
အသုံးပြုရမည့်ဆေး- ဗိုက်တာရှီး၊ ကွန်ဖီးဒင့်၊ ပရီဆိုက်။
မြေခွေးပုရစ်
ညနေပိုင်းနှင့် ညပိုင်းအချိန်များတွင် အမြစ်၊ ပင်စည်နှင့် အရွက်များကို ကိုက်ဖြတ်ဖျက်ဆီးလေ့ရှိသည်။
အသုံးပြုရမည့်ဆေး- ဗိုက်တာဖျူရမ်၊ ဗိုက်တာရှီး။
insect-37
နီမတုတ်
အမြစ်များတွင် နီမတုတ်ကြောင့် မြစ်ဖုများကိုတွေ့ရပြီး အပင်များမှာ သန်စွမ်းမှုလျော့နည်းသွားသည်။
စိုက်ခင်းများတွင် နီမတုတ်ကြောင့် အရွက်အကွက်လို်က်ဝါလာသည်ကို တွေ့ရမည်။
မြေသြဇာအကျိုးအာနိသင်ကိုလျော့နည်းစေသည်။
အသုံးပြုရမည့်ဆေး- ဗိုက်တာဖျူရမ်၊ ဘီနီဖစ်။
insect-38
ယင်ဖြူ
အရွက်အောက်မျက်နှာပြင်တွင် အစုလိုက်နေပြီး သစ်ရည်ကိုစုပ်စားသည်။
ပိုးကျရောက်မှုပြင်းထန်ပါက အရွက်များဝါ၍ ညှိုးလာပြီး အသီးများအမှည့်မညီခြင်းကို တွေ့ရသည်။
ဗိုင်းရပ်စ်ပိုးများသယ်ဆောင်လာတတ်သည်။
အသုံးပြုရမည့်ဆေး- ဗိုက်တိုအိတ်၊ကွန်ဖီးဒင့်၊ ဂိမ်း၊ အဆက်။
insect-39
ပျ
ပျများသည် အရွက်အောက်မျက်နှာပြင်၊အညွှန့်၊ဖူးတန်တို့တွင် အစုလိုက်နေပြီး
သစ်ရည်ကိုစုပ်ယူသည်။
ပျကျရောက်မှုပြင်းထန်ပါက အပင်များ အားနည်းလာခြင်း၊
ကြီးထွားမှုရပ်တန့်ခြင်း၊ အရွက်များဝါ၍ ရောင်မညီကွက်ကြားများဖြစ်ခြင်း၊
အပွင့်အသီးမအောင်ခြင်းတို့ကို ဖြစ်စေသည်။
ဗိုင်းရပ်စ်ရောဂါများကို သယ်ဆောင်ပျံ့နှံ့စေသည်။
အသုံးပြုရမည့်ဆေး- ဗိုက်တိုအိတ်၊ဂိမ်း၊ အော်ပတီမာ၊ ကွန်ဖီးဒင့်။
insect-40
မွှားပင့်ကူနီ
ပင်ရည်ကို စုပ်ယူစားသောက်သဖြင့်အရွက်ပေါ်တွင်အဖြူရောင်အစက်အပြောက်များကိုတွေ့ရသည်။
ပိုးကောင်မှ စစ်ထုတ်သော တံတွေးအဆိပ်များကြောင့် အရွက်လောင်ကာကြွေကျသည်။
ပူပြင်းသောရာသီတွင်ဆိုးရွားစွာကျရောက်သည်။
အသုံးပြုရမည့်ဆေး- အင်နာဂျီ၊ စတား၊ပရီဆိုက်၊ ပံသာ။
insect-41
ရွက်ထွင်းပိုး
ဖလံမသည် ဥများကို အရွက်နှင့်ပင်စည်တွင် တစ်လုံးချင်းအုရာ ဥမှပေါက်သော
ပိုးလောက်ကောင်သည်အနီးရှိအရွက်သားထဲသို့ဖောက်ထွင်းစားသောက်သဖြင့်
အဖြူကြောင်းများဖြစ်ပေါ်ပြီး အရွက်များဝါခြောက်သည်။
အဖူးအပွင့်မဝင်မီကျပါက အသီးကြီးထွားမှုကို ထိခိုက်စေသည်။
အသုံးပြုရမည့်ဆေး- ပရီဆိုက်၊ စတား၊ မာလာနွန်၊ ဆလက်ပလပ်စ်။
insect-42
သီးလုံးဖောက်ပိုး
ပိုးလောက်ကောင်ဘဝ အရွက်၊အဖူး၊အပွင့်၊အသီးတို့ကို ကိုက်ဖြတ်ဖျက်ဆီးသည်။
အသီးစိမ်းများအတွင်း တစ်ပိုင်းတစ်စဝင်ရောက်နေသော ပိုးလောက်ကောင်များကို လွယ်ကူစွာမြင်နိုင်သည် ။
အသုံးပြုရမည့်ဆေး- အော်ပတီမာ၊ အယ်လဖာ၊ ဗိုက်တာရှီး၊ ဆလက်ပလပ်။
insect-43
ကျောက်ပိုး/ဆက်တောက်ကောင်
အာလူးဥ၏ အပြင်ပိုင်းတွင်သာ ထွင်းဖောက်စားသောက်သည်။
အာလူးဥထဲ၌ နေထိုင်လေ့မရှိချေ။
အသုံးပြုရမည့်ဆေး- ဗိုက်တာရှီး၊ ဗိုက်တာဖျူရမ်။
insect-44
ပင်ဖြတ်ပိုး
အကောင်ငယ်များသည် နေ့ဘက်တွင် အပင်ခြေမြေကြီးထဲတွင် နေ၍ညဘက်တွင် အရွက်၊အကိုင်း ၊အပွင့်၊အသီးများကို ကိုက်ဖြတ်ဖျက်ဆီးလေ့ရှိသည်။
အရွက်၊ အသီးများပေါ်တွင် အပေါက်ဒဏ်ရာများကိုတွေ့ရ မည်။
အကောင်ကြီးများသည် ပျိုးပင်၊ အပင်ငယ်များအခြေမှကပ်ပြီး ကိုက်ဖြတ်ထားသည်ကိုတွေ့ရမည်။
အသုံးပြုရမည့်ဆေး- ကွန်ဖီးဒင့်၊ ဗိုက်တာရှီး၊ ဗိုက်တာဖြူရမ်။
insect-45
ထွာကောင်စိမ်း
အပင်သက်တမ်းတစ်လျောက်ကျရောက်သည်။
အရွက်များကို ကိုက်ဖြတ်ဖျက်ဆီးသဖြင့် စိုက်ခင်းအတွင်း မညီမညာပေါက်ပြဲနေသော အရွက်များကိုတွေ့ရမည်။
အသုံးပြုရမည့်ဆေး- အယ်လ်ဖာ၊ ဗိုက်တာဘရာ၊ ဗိုက်တာရှီး၊ ကွန်ဖီးဒင့်၊ ဆလက်ပလပ်စ်။
insect-46
ခရမ်းချဉ်၊အာလူးတွင်ကျရောက်သော ရောဂါများ
ဖြူစေရီယမ် ပင်ညှိုးရောဂါ
ဖြူစေရီယမ်မှိုကြောင့်ဖြစ်သည်။
အပင်ငယ်စဉ်တွင် အပင်ပုခြင်း၊ အရွက်များဝါ၍ အောက်သို့ကုပ်ခြင်း၊
ပင်စည်အတွင်း အစာရေကြောစည်းများညိုခြင်းများဖြစ်ကာ နောက်ဆုံးတွင်
အပင်ညှိုး၍ သေသွားသည်။
အသုံးပြုရမည့်ဆေး- အောက်စီ၊ ပရော့စပါး၊ အင်ဗွိုင်း၊ ခရူဇာ။(ပင်ခြေဖျန်း၍
ကူးစက်မှုကာကွယ်ရန်)
insect-47
ခါးရိရောဂါ
မျိုးစေ့မှ ပေါက်ခါစ အပင်ငယ်၏ ပင်စည်တွင် ရေစိုနာကွက်များဖြစ်ပေါ်လာသည်။
၎င်းရေစိုနာကွက်များ အညိုရောင်သို့ပြောင်းသွားပြီး အပင်အစိတ်အပိုင်းများသို့ ပျံ့နှံ့၍ အပင်ပေါက်များသေသွားသည်။
အသုံးပြုရမည့်ဆေး- ပရော့စပါး၊ ဗိုက်တာရမ်၊ ဗိုက်တာမိုင်း၊ စကုပ်။
insect-48
မိုဇေ့ဗိုင်းရပ်စ်
စုပ်စားပိုးများမှ ရောဂါသယ်ဆောင်လာသော ဗိုင်းရပ်စ်ရောဂါ ဖြစ်သည်။
အရွက်များတွင် မညီမညာကွက်ကြားဖြစ်ခြင်း၊ အရွက်များတွန့်လိမ်နေခြင်း၊ အပင်များဝါ၍ပုနေခြငး်ကိုတွေ့ရသည်။
အသုံးပြုရမည့်ဆေး- စုပ်စားပိုးများကို ဦးစွာနှိမ်နင်းရမည်။ ဘီနီဖစ်၊ ဆလက်ပလပ်စ်၊ စတား၊ ဗိုက်တိုအိတ်၊ အော်ပတီမာ၊ ဗိုက်စန်။
insect-49
မြစ်ဖုနီမတုတ်ရောဂါ
မြစ်ဖုနီမတုတ်ကြောင့်ဖြစ်သည်။
ရောဂါကျရောက်ပါက အပင်ပုပြီး ညှိုးလာသည်။
နှုတ်ကြည့်ပါက အမြစ်တွင် ပုတီးစေ့သဖွယ် အဖုများစွာကို တွေ့ရသည်။
အသုံးပြုရမည့်ဆေး- ဗိုက်တာဖြူရမ် ။
insect-50
ဖားဥမှိုရောဂါ
မှိုကြောင့်ဖြစ်သည်။
အရွက်ရင့်များတွင်ကျရောက်ပြီး မျက်နှာပြင်တွင် ပေါင်ဒါမှုန့်ဖြူးထားသကဲ့
အဖြူရောင်မှိုမျှင်များကိုတွေ့ရပြီးနောက် ရောဂါပြင်းထန်လာပါက
အရွက်များဝါ၍ကြွေကျသည်။
အသုံးပြုရမည့်ဆေး- အင်နာဂျီ၊ အင်ဗွိုင်း၊ ခရူဇာ၊ ဗိုက်တာမိုင်း။
insect-51
ဘက်တီးရီးယားပင်ညှိုးရောဂါ
ဘက်တီးရီးယားကြောင့်ဖြစ်သည်။
အရွက်နုမှစတင်ကာ မခြောက်ဘဲ စိမ်းပြီး တစ်ပင်လုံး ညှိုးသည်ကိုတွေ့ရသည်။
ရောဂါရပင်စည်တွင် မြစ်မွှာများဖြစ်ပေါ်ပြီး ပင်စည်ကိုခွဲကြည့်ပါက အတွင်းသား အဝါရောင်မှ အညိုရောင်သို့ပြောင်းနေသည်။
အသုံးပြုရမည့်ဆေး-အောက်စီ။
insect-52
စောပင်နာကျရောဂါ
အော်တာနီးရီးယား အရွက်၊ပင်စည်နှင့် အသီးများပေါ်တွင် ညိုမဲနေသော အပြောက်များကို တွေ့ရမည်။
အေး၍စွတ်စိုထိုင်းမှိုင်းသော ရာသီဥတုအခြေအနေတွင် ရောဂါကျရောက်မှု ပြင်းထန်သည်။
အသုံးပြုရမည့်ဆေး- အောက်စီ၊ အင်ဗွိုင်း၊ စကုပ်၊ ဗိုက်တာမိုင်း၊ အာဂရီသိမ်း။
insect-53
နှောင်းပင်နာကျရောဂါ
ဖိုက်တိုသော်ရာမှိုကြောင့်ဖြစ်သည်။
အရွက်နှင့်ပင်စည်များပေါ်တွင်အညိုအမဲအနာကွက်များတွေ့ရပြီးတစ်ချိန်တည်း
အရွက်၏အောက်မျက်နှာပြင်တွင် မီးခိုရောင်မှိုစုများကို တွေ့ရမည်။
တစ်ပင်လုံးအရွက်များ ညိုမဲတွန့် လိမ်၍ အပင်သေသည်။
အသီးနှင့်ဥများတွင်လည်း ရောဂါကျရောက်သည်။
အသုံးပြုရမည့်ဆေး- ပရော့စပါး၊ စကုပ်၊ အာဂရီမီး ။
insect-54
ပွင့်ရင်းပုပ်ရောဂါ
မှိုကြောင့်ဖြစ်သည်။
ပွင့်ရင်းဖြစ်သော ခရမ်းချဉ်ထိပ်ဖျားပိုင်း ပုပ်ကာ မှိုမဲများစွဲကပ်နေသည်ကိုတွေ့ရသည်။
အသုံးပြုရမည့်ဆေး- အောက်စီ၊ အင်ဗွိုင်း၊ ဗိုက်တာရမ်၊ ဗိုက်တာမိုင်း၊ စကုတ်။
ဖိုးလမင်းကျိုင်း
မြေခွေးပုရစ်
insect-37
နီမတုတ်
စိုက်ခင်းများတွင် နီမတုတ်ကြောင့် အရွက်အကွက်လိုက်ဝါလာသည်ကို တွေ့ရမည်။
insect-38
ယင်ဖြူ
insect-39
ပျ
insect-40
မွှားပင့်ကူနီ
insect-41
ရွက်ထွင်းပိုး
insect-42
သီးလုံးဖောက်ပိုး
insect-43
insect-44
ပင်ဖြတ်ပိုး
insect-45
ထွာကောင်စိမ်း
insect-46
insect-47
ခါးရိရောဂါ
insect-48
မိုဇေ့ဗိုင်းရပ်စ်
အရွက်များတွင် မညီမညာကွက်ကြားဖြစ်ခြင်း၊ အရွက်များတွန့်လိမ်နေခြင်း၊ အပင်များဝါ၍ပုနေခြင်းကိုတွေ့ရသည်။
insect-49
မြစ်ဖုနီမတုတ်ရောဂါ
insect-50
ဖားဥမှိုရောဂါ
မှိုကြောင့်ဖြစ်သည်။
insect-51
insect-52
စောပင်နာကျရောဂါ
insect-53
နှောင်းပင်နာကျရောဂါ
insect-54
ပွင့်ရင်းပုပ်ရောဂါ
မှိုကြောင့်ဖြစ်သည်။
insect-55
insect-55
Comments
Post a Comment