ၾကံျမွဳပ္ေခ်း သဘာ၀ေျမၾသဇာ ျပဳလုပ္နည္း(ၾကံမြှုပ်ချေး သဘာဝမြေသြဇာ ပြုလုပ်နည်း)

XXXXXXXXXX  UNICODE FONT XXXXXXXXXX

သကြားချက် စက်ရုံမှဘေးထွက်ပစ္စည်း ကြံမြှုပ်ချေး များကို ရယူပါ။ ကြံသကာချက်ဖိုမှ ထွက်သောအမြှုပ်နှင့် ကြိတ်ဖက်များကိုလည်း အသုံးပြုနိုင်ပါသည်။ ယင်းတို့ကို နွားချေးနှင့် နွားသေးရောထားသောဖျော်ရည် သို့မဟုတ်ရေပုပ်နှင့် အညစ်အကြေးရည်များ ပက်ဖျန်း၍ရောမွှေပါ။ ထို့နောက် အလွှာလိုက် စုပုံ၍ တစ်လွှာစီတွင် ဖွဲနု၊ နုန်းမြေ၊ ထုံးမှုန့်၊ ကျောက်မှုန့်၊ စပါးခွံပြာ အရောကို ပါးပါးဖြူးပေးပါ။

အစိုဓာတ် လုံလောက်စေရန်ရေဖျန်းပြီး အပေါ်မှ အမှိုက်၊ ကောက်ရိုး၊ သစ်ရွက်ခြောက် စသည်တို့ဖြင့် ဖုံးအုပ််ပေးထားပါ။ တစ်လ တစ်ကြိမ် အထက်အောက်လှန်ပေးပါက မြန်မြန်ဆွေးနိုင်ပါသည်။ အမှိုက်ကြမ်းများကို ဇကာချ၍ ဖယ်ပါ။ ဇကာချပြီး မြေဆွေးမှုန့် ၂၅ ကီလို ( ၁၅ ပိဿာ ) လျှင်အောက်ပါ ဓာတ်မြေသြဇာများဖြင့် အချိုးကျရောစပ်ပေး၍ သမအောင်မွှေပေးပါ။

ဓာတ်မြေသြဇာ ရောစပ်ရန်ပမာဏ

ယူရီးယား ၆ပေါင်ခန့်( ၁ ပိဿာ ၆၀ ကျပ်သား )

တီစူပါ ၅ပေါင်ခန့် ( ၁ ပိဿာ ၄၀ ကျပ်သား )

ပိုတက် ၄ပေါင်ခန့်( ၁ ပိဿာ )

ဂျစ်ပဆန် ၈ပေါင်ခန့် (၂ ပိဿာ ၂၀ ကျပ်သား)

ဇင့်ဆာလဖိတ် ၂ပေါင်ခန့် ( ၅၀ ကျပ်သား)

ရောစပ်ပြီး ကြံမြှုပ်ချေးမြေသြဇာများကို တစ်အိတ်လျှင် ၅၆ပေါင် ( ၁၅ ပိဿာ )နှုန်း ထည့်သွင်းပါသည်။ ကြံမြှုပ်ချေး သဘာဝမြေသြဇာတွင် သစ်ဆွေးဓာတ် ၆၃% အပြင်အောက်ပါ အပင်အာဟာရဓာတ်များ ပါဝင်ပါသည်။

အပင်အာဟာရဓာတ် ပါဝင်မှုရာခိုင်နှုန်း

နိုက်ထရိုဂျင် ၁၀.၆%

ဖော့စ်ဖရပ်စ် ၄.၇%

ပိုတက်စီယမ် ၂.၀%

ကယ်လ်စီယမ် ၃.၀%

ဆာလဖာ ၀.၅%

ဇင့်(သွပ်) ၀.၂%

အသုံးပြုနည်း

နှံစားသီးနှံ အမျိုးမျိုး၊ ပဲမျိုးစုံ၊ နှစ်ရှည်သီးနှံ၊ စက်မှုသီးနှံနှင့် ဟင်းသီးဟင်းရွက်၊ ပန်းမန်များအားလုံးတွင် အသုံးပြုနိုင်သည်။ စပါးသီးနှံ တစ်ဧကတွင်မြေပြင်ချိန်တွင် ၂ အိတ်၊ ပင်ပွားထွက်ချိန်တွင် ၁ အိတ်နှင့် မှိုကပ်ချိန်တွင် ၁ အိတ် ထည့်သွင်း အသုံးပြုပါ။

အခြားသီးနှံ များတွင်မြေခံ အဖြစ်မြေပြင်ချိန်တွင် တစ်ဧက ၂ အိတ် ထည့်ပါ။ အတန်းလိုက် စိုက်သီးနှံများတွင် တစ်ဧက ၂ အိတ်၊ အပင်ခြေတွင် ဖြူးပြီးမြေဖြင့် ဖုံးပေးပါ။ ကျင်းစိုက်သီးနှံများတွင် တစ်ကျင်းလျှင် နို့ဆီဘူး တစ်ဘူးခန့် ထည့်ပေးပါ။ ဟင်းသီးဟင်းရွက်များတွင် မြေခံတစ်ကြိမ်နှင့် ပေါင်းသင်မြေဆွချိန်များတွင် ထပ်မံ ထည့်သွင်းနိုင်ပါသည်။

အကျိုးသက်ရောက်မှု

အပင် အာဟာရဓာတ်များ အပြင် သစ်ဆွေးဓာတ် များပြားစွာ ပါဝင်၍မြေဆီလွှာ၏အောက်ပါဂုဏ်သတ္တိများက တိုးတက်ကောင်းမွန်စေပါသည်။ စေးသောမြေကို ဖွယ်စေပြီး ဖွယ်သောမြေကိုစေးစေသည်။ မြေတွင်းအစိုဓာတ်နှင့် အပူချိန်ကို ထိန်းစေသည်။ မြေဆီလွှာအတွင်း လေဝင်၊ လေထွက် ပိုမိုကောင်းမွန်စေသည်။ မြေ၏ ချဉ်ငံဓာတ်ကို သမစေသည်။ မြေဆီလွှာအတွင်း အာဟာရဓာတ် ပျက်ဆီးဆုံးရှုံမှုကို ထိန်းသိမ်း ကာကွယ်ပေးသည်။ အာဟာရဓာတ်ရရှိမှု အချိန်ကာလကို ကြာရှည်မျှတစေသည်။ အနည်းလို အာဟာရဓာတ်များကိုပါ ဖြည့်တင်းပေးနိုင်သည်။ မြေဆီလွှာ အဏုဇီဝများကို တိုးတက်ပွားများစေသည်။

ကိုးကား-မြေဆီလွာ အကျိုးပြု သဘာဝ မြေသြဇာ၊ ဇီဝမြေသြဇာ အမျိုးမျိုး ပြုလုပ်သုံးစွဲနည်း

CREDIT GREENWAY
 XXXXXXXXXX   ZAWGYI FONT XXXXX

သၾကားခ်က္ စက္ရံုမွေဘးထြက္ပစၥည္း ၾကံျမွဳပ္ေခ်း မ်ားကို ရယူပါ။ ၾကံသကာခ်က္ဖိုမွ ထြက္ေသာအျမွဳပ္ႏွင့္ ႀကိတ္ဖက္မ်ားကိုလည္း အသံုးျပဳႏိုင္ပါသည္။ ယင္းတို႔ကို ႏြားေခ်းႏွင့္ ႏြားေသးေရာထားေသာေဖ်ာ္ရည္ သို႔မဟုတ္ေရပုပ္ႏွင့္ အညစ္အေၾကးရည္မ်ား ပက္ဖ်န္း၍ေရာေမႊပါ။ ထို႔ေနာက္ အလႊာလိုက္ စုပံု၍ တစ္လႊာစီတြင္ ဖြဲႏု၊ ႏုန္းေျမ၊ ထံုးမႈန္႔၊ ေက်ာက္မႈန္႔၊ စပါးခြံျပာ အေရာကို ပါးပါးျဖဴးေပးပါ။
အစိုဓာတ္ လံုေလာက္ေစရန္ေရဖ်န္းၿပီး အေပၚမွ အမိႈက္၊ ေကာက္ရိုး၊ သစ္ရြက္ေျခာက္ စသည္တို႔ျဖင့္ ဖံုးအုပ္္ေပးထားပါ။ တစ္လ တစ္ႀကိမ္ အထက္ေအာက္လွန္ေပးပါက ျမန္ျမန္ေဆြးႏိုင္ပါသည္။ အမိႈက္ၾကမ္းမ်ားကို ဇကာခ်၍ ဖယ္ပါ။ ဇကာခ်ၿပီး ေျမေဆြးမႈန္႔ ၂၅ ကီလို ( ၁၅ ပိႆာ ) လွ်င္ေအာက္ပါ ဓာတ္ေျမၾသဇာမ်ားျဖင့္ အခ်ိဳးက်ေရာစပ္ေပး၍ သမေအာင္ေမႊေပးပါ။
ဓာတ္ေျမၾသဇာ ေရာစပ္ရန္ပမာဏ
ယူရီးယား ၆ေပါင္ခန္႔( ၁ ပိႆာ ၆၀ က်ပ္သား )
တီစူပါ ၅ေပါင္ခန္႔ ( ၁ ပိႆာ ၄၀ က်ပ္သား )
ပိုတက္ ၄ေပါင္ခန္႔( ၁ ပိႆာ )
ဂ်စ္ပဆန္ ၈ေပါင္ခန္႔ (၂ ပိႆာ ၂၀ က်ပ္သား)
ဇင့္ဆာလဖိတ္ ၂ေပါင္ခန္႔ ( ၅၀ က်ပ္သား)
ေရာစပ္ၿပီး ၾကံျမွဳပ္ေခ်းေျမၾသဇာမ်ားကို တစ္အိတ္လွ်င္ ၅၆ေပါင္ ( ၁၅ ပိႆာ )ႏႈန္း ထည့္သြင္းပါသည္။ ၾကံျမွဳပ္ေခ်း သဘာ၀ေျမၾသဇာတြင္ သစ္ေဆြးဓာတ္ ၆၃% အျပင္ေအာက္ပါ အပင္အာဟာရဓာတ္မ်ား ပါ၀င္ပါသည္။
အပင္အာဟာရဓာတ္ ပါ၀င္မႈရာခိုင္ႏႈန္း
ႏိုက္ထရိုဂ်င္ ၁၀.၆%
ေဖာ့စ္ဖရပ္စ္ ၄.၇%
ပိုတက္စီယမ္ ၂.၀%
ကယ္လ္စီယမ္ ၃.၀%
ဆာလဖာ ၀.၅%
ဇင့္(သြပ္) ၀.၂%
အသံုးျပဳနည္း
ႏွံစားသီးႏံွ အမ်ဳိးမ်ဳိး၊ ပဲမ်ဳိးစံု၊ ႏွစ္ရွည္သီးႏွံ၊ စက္မႈသီးႏွံႏွင့္ ဟင္းသီးဟင္းရြက္၊ ပန္းမန္မ်ားအားလံုးတြင္ အသံုးျပဳႏိုင္သည္။ စပါးသီးႏွံ တစ္ဧကတြင္ေျမျပင္ခ်ိန္တြင္ ၂ အိတ္၊ ပင္ပြားထြက္ခ်ိန္တြင္ ၁ အိတ္ႏွင့္ မိႈကပ္ခ်ိန္တြင္ ၁ အိတ္ ထည့္သြင္း အသံုးျပဳပါ။
အျခားသီးႏွံ မ်ားတြင္ေျမခံ အျဖစ္ေျမျပင္ခ်ိန္တြင္ တစ္ဧက ၂ အိတ္ ထည့္ပါ။ အတန္းလိုက္ စိုက္သီးႏွံမ်ားတြင္ တစ္ဧက ၂ အိတ္၊ အပင္ေျခတြင္ ျဖဴးၿပီးေျမျဖင့္ ဖံုးေပးပါ။ က်င္းစိုက္သီးႏွံမ်ားတြင္ တစ္က်င္းလွ်င္ ႏို႔ဆီဘူး တစ္ဘူးခန္႔ ထည့္ေပးပါ။ ဟင္းသီးဟင္းရြက္မ်ားတြင္ ေျမခံတစ္ႀကိမ္ႏွင့္ ေပါင္းသင္ေျမဆြခ်ိန္မ်ားတြင္ ထပ္မံ ထည့္သြင္းႏိုင္ပါသည္။
အက်ဳိးသက္ေရာက္မႈ
အပင္ အာဟာရဓာတ္မ်ား အျပင္ သစ္ေဆြးဓာတ္ မ်ားျပားစြာ ပါ၀င္၍ေျမဆီလႊာ၏ေအာက္ပါဂုဏ္သတၱိမ်ားက တိုးတက္ေကာင္းမြန္ေစပါသည္။ ေစးေသာေျမကို ဖြယ္ေစၿပီး ဖြယ္ေသာေျမကိုေစးေစသည္။ ေျမတြင္းအစိုဓာတ္ႏွင့္ အပူခ်ိန္ကို ထိန္းေစသည္။ ေျမဆီလႊာအတြင္း ေလ၀င္၊ ေလထြက္ ပိုမိုေကာင္းမြန္ေစသည္။ ေျမ၏ ခ်ဥ္ငံဓာတ္ကို သမေစသည္။ ေျမဆီလႊာအတြင္း အာဟာရဓာတ္ ပ်က္ဆီးဆံုးရံႈမႈကို ထိန္းသိမ္း ကာကြယ္ေပးသည္။ အာဟာရဓာတ္ရရွိမႈ အခ်ိန္ကာလကို ၾကာရွည္မွ်တေစသည္။ အနည္းလို အာဟာရဓာတ္မ်ားကိုပါ ျဖည့္တင္းေပးႏိုင္သည္။ ေျမဆီလႊာ အဏုဇီ၀မ်ားကို တိုးတက္ပြားမ်ားေစသည္။
ကိုးကား-ေျမဆီလြာ အက်ိဳးျပဳ သဘာဝ ေျမၾသဇာ၊ ဇီဝေျမၾသဇာ အမ်ိဳးမ်ိဳး ျပဳလုပ္သံုးစြဲနည္း
CREDIT GREENWAY


Image may contain: plant and food
Image may contain: one or more people, plant, outdoor and nature
Image may contain: plant, outdoor and nature
Image may contain: outdoor and food

Comments