UNICODE FONT Mala Xiang Guo Recipe🍲🥦
မာလာရှမ်းကော လုပ်စားကြမယ်😍😘
ဒီနေ့ Emma ပြောပြချင်တာလေးကတော့ မာလာရှမ်းကောလုပ်နည်းလေးဖြစ်ပါတယ်။ အခုခေတ် trendဖြစ်နေတဲ့ အစားအသောက်လုပ်နည်းလေးဆိုတော့ အားလုံးပဲ နှစ်သက်သဘောကျမယ်လို့မျှော်လင့်ပါတယ်ရှင့်။ Emma ကတော့ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းလေးပဲ ပြောပြသွားမှာပါ။ အလွယ်တစ်ကူလုပ်စားလို့ရတဲ့ homemade လုပ်နည်းလေးပေါ့ကွယ်။
ပထမဆုံးအနေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကတော့
👉သစ်ဂျပိုးခေါက်
👉နာနတ်ပွင့်
👉ငရုတ်သီးခြောက်
👉မာလာရှမ်းကောအနှစ်
👉ရှာလကာရည်အမဲ
👉ကြိုက်နှစ်သက်ရာ အသား (ကြက်သား, ဝက်သား, ပင်လယ်စာ, ကြက်ဥချောင်း အစရှိသည့်)
👉ကြာစွယ်
👉ကန်စွန်းရွက် ( ကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်အစုံ ပိန်းဥ, အာလူး, အပ်မှို အစရှိသည့်)
👉ခေါက်ဆွဲခြောက်
👉ကြာဇံ
👉မြေပဲလုံးကြော်
👉နှမ်း
👉နံနံပင်
ပြုလုပ်နည်းလေးကတော့
သစ်ဂျပိုးခေါက်ကို အရင်ဆီထဲထည့်မွှေပါ
နာနတ်ပွင့်ထည့်ပါ
ငရုတ်သီးခြောက်ထည့်ပါ
မာလာရှမ်းကောအနှစ်ထည့်ပါ
ကြာစွယ်ထည့်ပါ အသီးအရွက် အသားငါး ပင်လယ်စာအစုံထည့်ပါ
ပြီးရင် ကြက်သားမှုန့်ထည့်ပါ
ရှာလကာရည်အမဲထည့်ပါ
ပြုတ်ပြီးသားခေါက်ဆွဲခြောက်ထည့်ပါ
ကြာဇံကြိုက်လျှင်ထည့်ပါ
ပြီးသွားပြီဆိုရင်တော့ ပန်းကန်လှလှလေးထဲထည့်ပြီး နှမ်း မြေပဲလုံးကြော် သို့ မြေပဲဆံကြော် နံနံပင်လေးအုပ်ပြီး အရသာရှိရှိသုံးဆောင်လို့ရပါပြီနော်။
Emma မုန့်လုပ်နည်းလေးကို ကြိုက်တယ်ဆိုရင် Like and Share လွတ်လပ်စွာလုပ်နိုင်ပါတယ်ရှင့်။
ZAWGYI FONT Mala Xiang Guo Recipe🍲🥦
👉သစ်ဂျပိုးခေါက်
👉နာနတ်ပွင့်
👉ငရုတ်သီးခြောက်
👉မာလာရှမ်းကောအနှစ်
👉ရှာလကာရည်အမဲ
👉ကြာစွယ်
👉ခေါက်ဆွဲခြောက်
👉ကြာဇံ
👉မြေပဲလုံးကြော်
👉နှမ်း
👉နံနံပင်
ပြုလုပ်နည်းလေးကတော့
နာနတ်ပွင့်ထည့်ပါ
ရှာလကာရည်အမဲထည့်ပါ
Image may contain: food
Image may contain: food
Comments