xxxxxxxxxx unicode font xxxxxxxxxxxxx
"အဟာရပြည့်ဝသော ကြက်ပေါင်းရည်"
ပြုလုပ်နည်း
နလန်ထစ လူမမာများ
ခွဲစိတ်မှုခံယူပြီး အရည်နည်းနည်း
စတင်တိုက်လို့ရပြီဖြစ်သော လူနာများ
ကလေးသူငယ်များ နှင့်
သက်ကြီးရွယ်အိုများ အတွက် သင့်လျှော်ပါသည်
Ready made
ကြက်ပေါင်းရည် ဝယ်တိုက်လိုက်
ပြီးရော အပိုတွေဟု ထင်ပါကမှားပါမည်
၁ Ready made ကြက်ပေါင်းရည်ထက်
စျေးသက်သာသည်
၂ မိမိကိုယ်တိုင်လုပ်ခြင်းဖြစ်သဖြင့်
အစစအရာရာအားလုံးစိတ်ချရသည်
၃ သား သမီး ဆွေမျိုးကိုယ်တိုင်
ပြုလုပ်ပေးထားခြင်းဖြစ်သဖြင့်
အတိုက်ခံရသော လူမမာသည်
စိတ်ဓါတ်ခွန်အားပါ ရစေသည်
၄ Ready made ကြက်ပေါင်းရည်သည်
ကြာရှည်ခံဆေး ပါကိုပါသဖြင့်
မိမိကိုယ်တိုင်လတ်လတ်ဆပ်ဆပ်
ပေါင်းပေးထားခြင်းလောက် မကောင်းသည်မှာ
အသေအချာပင်ဖြစ်သည်
ထိုသို့သော အကြောင်းအရင်းများကြောင့်
အမေ့အတွက် ပေါင်းပေးလိုသဖြင့်
လေ့လာစပ်စုရင်း ဤနည်းပညာကို ရရှိခဲ့ပါသည်
သိထားသမျှ တတ်ထားသမျှ
ဝိုင်းပြောပြ အကြံပေးကြသော မိတ်ဆွေများ
အားလုံးအား ကျေးဇူးတင်ပါသည်
ပြုလုပ်နည်းမှာ
ဗမာကြက်တစ်ကောင်အား အရေစုတ်ပြီး
အတုံးခပ်သေးသေးများတုံးပါ
(အရေခွံပါလို့မရပါ
အရေခွံထဲ့ပါက
အဆီများနင်းကန်ထွက်လိမ့်မည်)
ကြက်သွန်နီ ဥကြီး ၂ လုံး ပါးပါးလှီးပါ
ကြက်သွန်ဖြူ ၁ဝမွှာခန့် ပါးပါးလှီးထားပါ
(ခွဲစိတ်ခံထားရသည့် လူနာအား
တိုက်မည်ဖြစ်သောကြောင့် ဂျင်းမထဲ့ပါ
ကွကိုယ်လုပ်သောက်ခြင်းဖြစ်ပါက
ဂျင်းလက်တစ်ဆစ်လောက်ပါးပါးလှီး
ထဲ့နိုင်ပါသည်)
ထမင်းပေါင်းအိုးထဲ ရေ ၂ခွက်ထဲ့ပါ
(ပေါင်းအိုးတွင်ပါသော ရေခွက်)
ရေပေါ်တွင် ဖန်ခွက်အကြီးကို ပက်လက်တင်ပါ
ဖန်ခွက်အကြီးပေါ်တွင် ဖန်ခွက်အလတ်ကို
မှောက်ပြီးတင်ပါ
ဖန်ခွက်အလတ်ပေါ်တွင်
ကြက်သားများ နှင့် ကြက်သွန်ဖြူ နီကိုတင်ပါ
ပေါင်းအိုးအဖုံးပိတ်ပါ
၃နာရီပေါင်းလိုက်ပါ
ပေါင်းပြီးသွားသောအခါ
အဖတ်များအားလုံးကို ခပ်ယူလိုက်ပါ
မှောက်ထားသော ဖန်ခွက်အလတ်လေးထဲတွင်
အဟာရပြည့်ဝသော ကြက်ပေါင်းရည်များ
တွေ့ရပါလိမ့်မည်
ထိုအရည်များထဲတွင် ဆီများရှိနေပါက
ခပ်ယူပြစ်လိုက်ပါ
ထိုနောက် အဝတ်ပါးလေးဖြင့် စစ်ချပြီး
ပုလင်းတစ်လုံးထဲ ထဲ့ပါ
ဆားအနည်းငယ် ထဲ့လိုက်ပါ
သုံးဆောင်နိုင်သလောက် ခွက်လေးထဲ
သပ်သပ်ခွဲထဲ့ သုံးဆောင်ပြီးသောအခါ
ပိုနေသည်များကို ဖန်ပုလင်းတစ်လုံးထဲ ထဲ့
ရေခဲသေတ္တာထဲတွင်သိမ်းထားနိုင်ပါသည်
(အောက်တွင် ပုံများဖြင့်လဲဖေါ်ပြထားပါသည်)
အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ
သင်ဆရာ မြင်ဆရာ ကြားဆရာများ
အားလုံး အားလုံးအား လေးစား
မောင်ဇေ
"အဟာရပြည့်ဝသော ကြက်ပေါင်းရည်"
ပြုလုပ်နည်း
နလန်ထစ လူမမာများ
ခွဲစိတ်မှုခံယူပြီး အရည်နည်းနည်း
စတင်တိုက်လို့ရပြီဖြစ်သော လူနာများ
ကလေးသူငယ်များ နှင့်
သက်ကြီးရွယ်အိုများ အတွက် သင့်လျှော်ပါသည်
Ready made
ကြက်ပေါင်းရည် ဝယ်တိုက်လိုက်
ပြီးရော အပိုတွေဟု ထင်ပါကမှားပါမည်
၁ Ready made ကြက်ပေါင်းရည်ထက်
စျေးသက်သာသည်
၂ မိမိကိုယ်တိုင်လုပ်ခြင်းဖြစ်သဖြင့်
အစစအရာရာအားလုံးစိတ်ချရသည်
၃ သား သမီး ဆွေမျိုးကိုယ်တိုင်
ပြုလုပ်ပေးထားခြင်းဖြစ်သဖြင့်
အတိုက်ခံရသော လူမမာသည်
စိတ်ဓါတ်ခွန်အားပါ ရစေသည်
၄ Ready made ကြက်ပေါင်းရည်သည်
ကြာရှည်ခံဆေး ပါကိုပါသဖြင့်
မိမိကိုယ်တိုင်လတ်လတ်ဆပ်ဆပ်
ပေါင်းပေးထားခြင်းလောက် မကောင်းသည်မှာ
အသေအချာပင်ဖြစ်သည်
ထိုသို့သော အကြောင်းအရင်းများကြောင့်
အမေ့အတွက် ပေါင်းပေးလိုသဖြင့်
လေ့လာစပ်စုရင်း ဤနည်းပညာကို ရရှိခဲ့ပါသည်
သိထားသမျှ တတ်ထားသမျှ
ဝိုင်းပြောပြ အကြံပေးကြသော မိတ်ဆွေများ
အားလုံးအား ကျေးဇူးတင်ပါသည်
ပြုလုပ်နည်းမှာ
ဗမာကြက်တစ်ကောင်အား အရေစုတ်ပြီး
အတုံးခပ်သေးသေးများတုံးပါ
(အရေခွံပါလို့မရပါ
အရေခွံထဲ့ပါက
အဆီများနင်းကန်ထွက်လိမ့်မည်)
ကြက်သွန်နီ ဥကြီး ၂ လုံး ပါးပါးလှီးပါ
ကြက်သွန်ဖြူ ၁ဝမွှာခန့် ပါးပါးလှီးထားပါ
(ခွဲစိတ်ခံထားရသည့် လူနာအား
တိုက်မည်ဖြစ်သောကြောင့် ဂျင်းမထဲ့ပါ
ကွကိုယ်လုပ်သောက်ခြင်းဖြစ်ပါက
ဂျင်းလက်တစ်ဆစ်လောက်ပါးပါးလှီး
ထဲ့နိုင်ပါသည်)
ထမင်းပေါင်းအိုးထဲ ရေ ၂ခွက်ထဲ့ပါ
(ပေါင်းအိုးတွင်ပါသော ရေခွက်)
ရေပေါ်တွင် ဖန်ခွက်အကြီးကို ပက်လက်တင်ပါ
ဖန်ခွက်အကြီးပေါ်တွင် ဖန်ခွက်အလတ်ကို
မှောက်ပြီးတင်ပါ
ဖန်ခွက်အလတ်ပေါ်တွင်
ကြက်သားများ နှင့် ကြက်သွန်ဖြူ နီကိုတင်ပါ
ပေါင်းအိုးအဖုံးပိတ်ပါ
၃နာရီပေါင်းလိုက်ပါ
ပေါင်းပြီးသွားသောအခါ
အဖတ်များအားလုံးကို ခပ်ယူလိုက်ပါ
မှောက်ထားသော ဖန်ခွက်အလတ်လေးထဲတွင်
အဟာရပြည့်ဝသော ကြက်ပေါင်းရည်များ
တွေ့ရပါလိမ့်မည်
ထိုအရည်များထဲတွင် ဆီများရှိနေပါက
ခပ်ယူပြစ်လိုက်ပါ
ထိုနောက် အဝတ်ပါးလေးဖြင့် စစ်ချပြီး
ပုလင်းတစ်လုံးထဲ ထဲ့ပါ
ဆားအနည်းငယ် ထဲ့လိုက်ပါ
သုံးဆောင်နိုင်သလောက် ခွက်လေးထဲ
သပ်သပ်ခွဲထဲ့ သုံးဆောင်ပြီးသောအခါ
ပိုနေသည်များကို ဖန်ပုလင်းတစ်လုံးထဲ ထဲ့
ရေခဲသေတ္တာထဲတွင်သိမ်းထားနိုင်ပါသည်
(အောက်တွင် ပုံများဖြင့်လဲဖေါ်ပြထားပါသည်)
အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ
သင်ဆရာ မြင်ဆရာ ကြားဆရာများ
အားလုံး အားလုံးအား လေးစား
မောင်ဇေ
xxxxxxxxxxxxxxx zawgyi font xxxxxxxxxxxx
ပြုလုပ်နည်း
နလန်ထစ လူမမာများ
ကလေးသူငယ်များ နှင့်
Ready made
ဈေးသက်သာသည်
၎ Ready made ကြက်ပေါင်းရည်သည်
အသေအချာပင်ဖြစ်သည်
သိထားသမျှ တတ်ထားသမျှ
ပြုလုပ်နည်းမှာ
(အရေခွံပါလို့မရပါ
အရေခွံထဲ့ပါက
ထဲ့နိုင်ပါသည်)
မှောက်ပြီးတင်ပါ
ဖန်ခွက်အလတ်ပေါ်တွင်
၃နာရီပေါင်းလိုက်ပါ
တွေ့ရပါလိမ့်မည်
ခပ်ယူပြစ်လိုက်ပါ
မောင်ဇေ


ပြုလုပ်နည်း
နလန်ထစ လူမမာများ
ကလေးသူငယ်များ နှင့်
Ready made
ဈေးသက်သာသည်
၎ Ready made ကြက်ပေါင်းရည်သည်
အသေအချာပင်ဖြစ်သည်
သိထားသမျှ တတ်ထားသမျှ
ပြုလုပ်နည်းမှာ
(အရေခွံပါလို့မရပါ
အရေခွံထဲ့ပါက
ထဲ့နိုင်ပါသည်)
မှောက်ပြီးတင်ပါ
ဖန်ခွက်အလတ်ပေါ်တွင်
၃နာရီပေါင်းလိုက်ပါ
တွေ့ရပါလိမ့်မည်
ခပ်ယူပြစ်လိုက်ပါ
မောင်ဇေ


ပုံကကြည့်မရဘူးဖြစ်နေတယ်
ReplyDelete