- Get link
- X
- Other Apps
XXXXXXXXX UNICODE FONT XXXXXXX
တီကျစ်စာမြေဆွေးနှင့် တီမြေဩဇာရည်
တီမြေဩဇာရည်မှာ အလွန်အစွမ်းထက်ပြီး မြေဩဇာအနေနှင့်သာမက ရောဂါပိုးမွှား ကာကွယ် နှိမ်နင်းရာတွင်လည်း များစွာအသုံးဝင်သည်ကို တွေ့ရသည်။ ဓါတုဆေးဖြင့်မနိုင်သော အချို့ အပင်ရောဂါများကို ကာကွယ်ပေးနိုင်သည်ကို တွေ့ရသည်။ တီကျစ်စာမြေဆွေးမှာလည်း သာ မာန်မြေဆွေးထက်များစွာ သာလွန်ကောင်းမွန်သည်ကို တွေ့ရသည်။ အာဟာရဓာတ် ပါဝင်မှု လည်း နှစ်ဆခန့် ပိုပါသည်။ ချဉ်ငန်ဓာတ်မှာလည်း မြေဆွေးကဲ့သို့ အက်ဆစ်မများဘဲ အလယ် အလတ်အနေအထားတွင် ရှိပါသည်။ အမှိုက်အစို၊ အခြောက်များ၊ လယ်ယာစွန့်ပစ်ပစ္စည်းများကို တီကောင်အစာအဖြစ်အသုံးပြု၍ မြေဩဇာထုတ်လုပ်သောကြောင့် ကုန်ကျစရိတ်သက်သာသည့် အပြင် ပတ်ဝန်းကျင်သန့်ရှင်းမှုလည်း ဖြစ်စေပါသည်။ အမှိုက်များ၏ ထုထည်ကို ၆၀ % မှ ၄၀ % ထိ လျှော့ချပေးနိုင်ပါသည်။ တီကျစ်စာမြေဆွေးနှင့် တီမြေဩဇာရည်ကို တောင်သူများ တစ်နိုင်တစ်ပိုင် မိမိအိမ်တွင် ကုန်စရိတ်သက်သာစွာဖြင့် ပြုလုပ်နိုင်ပါသည်။
တီမြေဩဇာရည်မှာ အပင်ကြီးထွားမှုကို အားပေးရုံမက အချို့သောအပင်ရောဂါနှင့် ပိုးမွှားများ ကိုပါ နှိမ်နင်းနိုင်သည့်အပြင် မြေဆွေးပြုလုပ်ရာတွင် ထည့်သုံးပါက ဆွေးမြေ့မှု ပိုမြန်စေကြောင်း ကို စာရေးသူ၏ သုတေသနပြုလုပ်ချက်များအရ တွေ့ရှိထားပါသည်။ တီကောင်များသည် သဘာဝအလျှောက် မြေထဲတွင်နေပြီး မြေဆီလွှာရှိ အာဟာရဓာတ်များကို တိုးတက်အောင် ဆောင်ရွက်ပေးသည့်အပြင် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိများကို ကောင်းမွန်စေပြီး အမြစ်ထိုး ဖောက်မှုကောင်းအောင် ဆောင်ရွက်ပေးပါသည်။ ကမ္ဘာပေါ်တွင် တီမွေးမြူရေးကို ၁၉၇၉ ခုနှစ် တွင် စတင်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် တီစွန့်ပစ်သဘာဝမြေဩဇာများကို စီးပွားဖြစ်ထုတ်လုပ် အသုံး ပြုခဲ့ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် တီကောင်မွေးမြူပြီး တီစွန့်ပစ်သဘာဝမြေဩဇာ ထုတ်လုပ်သည့် နည်းပညာသစ်ကို ၂၀၀၀ ပြည့်နှစ်ခန့်တွင် စတင်ဆောင်ရွက်ခဲ့သည်။
တီကျစ်စာမြေဆွေး (Vermicompost) နှင့် တီမြေဩဇာရည် (Vermi-tea)
တီကျစ်စာမြေဆွေးဆိုသည်မှာ မြေဆွေးပြုလုပ်ပေးနိုင်သော တီကောင်များအား သစ်ပင်အကြွင်း အကျန်များ၊ သစ်ရွက်များ၊ ပေါင်းမြက်များ၊ လယ်ယာစွန့်ပစ်ပစ္စည်းများ၊ မီးဖိုချောင်စွန့်ပစ် ဟင်းသီးဟင်းရွက်များ အစရှိသည့် စွန့်ပစ်ပစ္စည်းများကို အစာအဖြစ်ကျွေးမွေး၍ တီကောင် လေးများမှ စားသုံးပြီး စွန့်ထုတ်ပစ်လိုက်သော မြေဆွေးကို သီးနှံပင်များအတွက် အသုံးဝင်သော ဩဂဲနစ်မြေဩဇာအဖြစ် ပြန်လည်ပြုလုပ်သုံးစွဲခြင်းဖြစ်သည်။ ထိုသို့ တီကျစ်စာများ ထုတ်လုပ် ရာတွင် တီကောင်ကန်များမှ ထွက်လာသော ဘေးထွက်ပစ္စည်းအရည်ကိုလည်း အလွန်အစွမ်း ထက်သော တီမြေဩဇာရည်အဖြစ် အသုံးပြုကြပါသည်။
စိုက်ပျိုးရေးတွင် တီကောင်အရေးပါပုံ
တီကောင်ရှိသောမြေသည် ထွန်ယက်ရလွယ်ပြီး မြေဆီဩဇာကောင်းကြောင်းကို တောင်သူများ သိရှိပြီးဖြစ်သည်။ တီကောင်သည် အမှိုက်များနှင့် အပင်အကြွင်းအကျန်များကို စားသုံး၍ မြေဩဇာ အဖြစ်ပြောင်းပေးဖြင့် တောင်သူများကို လုပ်ငန်းနှစ်ခုပြီးစီးအောင် ဆောင်ရွက်ပေး ပါသည်။ သို့သော် တီကောင်သည် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကဲ့သို့ လုပ်မပေးနိုင်ပါ။ ထို့ပြင် တီကောင်များ သေဆုံးသည့်အခါဖြစ်ပေါ်လာသည့် ရုပ်ကြွင်းများသည်လည်း မြေဆီဩဇာ ပြန် ဖြစ်သွားပါသည်။ တီကောင်သည် ပျက်စီးနေသော မြေများအား ပြန်လည်စိုက်ပျိုးနိုင်အောင် ဆောင်ရွက်နိုင်ပါသည်။ စိုက်ကွင်းထဲတွင် အပင်အတွက်ကောင်းသော်လည်း အိုးထဲတွင်မူ လေ ပေါက်၊ ရေပေါက်များကို ပိတ်စေသဖြင့် အပင်ကို ဒုက္ခပေးပါသည်။
တီကောင်အကြောင်းသိကောင်းစရာ
တီကောင်သည် ဇီဝဓာတ်ကြွယ်ဝသော မြေကြီး၏ အပေါ်ယံလွှာတွင် နေထိုင်ကြ၍ ဆောင်းရာသီ တွင် ဆီးနှင်း (Frost) ဒဏ်မှ လွတ်မြောက်ရန်နှင့် ပူသောရာသီတွင် ခြောက်သွေ့ခြင်းကို ရှောင်ရှားရန် မြေနက်ထဲသို့ တိုးဝင်ကြသည်။ ၎င်းတို့နေထိုင်ရာ တီလမ်းကြောင်းအတွင်း ရေလွှမ်းသောအခါ မြေအပေါ်ယံသို့ တက်လာတတ်ကြသည်။
တီကောင်များသည် ၎င်းတို့သွားရာလမ်းကြောင်းကို လျင်မြန်စွာ တူးနိုင်ရန်အတွက် ၎င်းတို့၏ ကိုယ်မှ အမွှေးအမျှင်များက များစွာအထောက်အကူပြုပါသည်။ တီလမ်းကြောင်းတွင် တီကောင် တို့သည် အပင်အကြွင်းအကျန်များကို စား၍ မြေကြီး၏ အာဟာရဓာတ်ပါဝင်မှုကို တိုးပွားစေ ပါသည်။
အပေါ်ယံမြေလွှာတွင်နေသော တီကောင်၏ သက်တမ်းမှာ တစ်နှစ်မှ နှစ်နှစ်ခွဲခန့်သာ ရှိ၍ မြေတွင်းအောင်းတီကောင်များမှာ အသက်(၁၅) နှစ်ခန့် အထိနေနိုင်ကြပါသည်။ တီကောင်၍ ခန္ဓာကိုယ်တွင် ရေဓာတ် ၈၀ - ၉၅ % နှင့် ပရိုတင်း၊ အဆီနှင့် သတ္တုဓာတ်များ ပါဝင်ပါသည်။ အဆစ်များဖြင့် ခန္ဓာကိုယ်ဖွဲ့စည်းထားသည့် သွေးအေးသတ္တဝါဖြစ်သည်။ အကျိအချွဲများ ပါရှိပြီး ၎င်းတို့သည် တီကောင်အတွက် အစိုဓာတ်ထိန်းထားခြင်း၊ အသက်ရှူမှုအတွက် အထောက်အကူ ပြုခြင်း၊ မြေကြီးအတွင်းဝင်ရောက်စဉ် အကာအကွယ်ရရှိစေခြင်း စသည်တို့ ဆောင်ရွက်ပေး ပါသည်။
တီကောင်သည် မိမိ၏ ခန္ဓာကိုယ်အလေးချိန်နှင့် ညီမျှသော အစာ(မြေကြီးနှင့် ဩဂဲနစ်ပစ္စည်း များ) ကို နေ့စဉ်စားသုံးပါသည်။ စားသုံးသော အစာများအား အင်ဇိုင်းများအကူအညီဖြင့် အပင် အတွက် အလွန်အရေးကြီးသည့် အမိုင်နိုအက်စစ်၊ သကြားဓာတ်နှင့် ဩဂဲနစ်ပစ္စည်းများ ထုတ် လုပ်ပေးပါသည်။ ထို့အပြင် တီကျစ်စာမြေဆွေးတွင် အင်းဇိုင်းများ၊ အကျိုးပြုအဏုဇီဝပိုးများ လည်း ပါဝင်သောကြောင့် တီကျစ်စာမြေဆွေးသည် သာမာန်မြေဆွေးထက် အာဟာရဓာတ် ပိုမို ပါဝင်ပြီး အာနိသင်များစွာ ပိုကောင်းပါသည်။
အသုံးပြုသင့်သော တီကောင်အမျိုးအစားများ
တီကောင်များသည် အပင်အကြွင်းအကျန်များကို စားသုံးပြီးမြေကြီးအတွင်း ထိုးဖောက်သွား လာသဖြင့် အကျိုးပြုအဏုဇီဝများ ပွားများမှု၊ အလုပ်လုပ်မှုကို အားပေးကာ ဩဂဲနစ်ပစ္စည်းများ ဆွေးမြေ့မှု မြန်စေပါသည်။ ထို့ကြောင့် မြေဆီလွှာတည်ဆောက်ပုံကောင်းမွန်ပြီး မြေဩဇာထက် သန်စေပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် တီကောင်အမျိုးအစားအလိုက် ၎င်းတို့၏နေထိုင် စားသောက်ပုံအလေ့အထ မတူသောကြောင့် တီကောင်တိုင်းကို တီမြေဩဇာလုပ်ရာတွင် မသုံး နိုင်ပါ။ အစာများများစားပြီး လျှင်မြန်စွာ အညစ်အကြေးစွန့်ပစ်၍ မြန်မြန်မျိုးပွားတတ်သော မျိုးစိတ်များသည်သာ တီကောင်စွန့်ပစ်မြေဩဇာ ထုတ်လုပ်ရာတွင် အသုံးပြုသင့်ပါသည်။ သင့်တော်သော တီကောင်မျိုးကွဲများကိုစုစည်း၍ မွေးမြူထုတ်လုပ်မှသာ တီကောင်စွန့်ပစ် မြေ ဆွေးကို အချိန်တိုအတွင်း အရေအတွက်များများ ရရှိမည်ဖြစ်ပေသည်။ မြေအပေါ်ယံတွင် နေ သော တီကောင်များသာ မြေဆွေးပြုသော တီကောင်များဖြစ်ပြီး ၎င်းတို့သည် ဇီဝပစ္စည်းကို ၉၀% စားပြီး မြေကြီးကို ၁၀% စားပါသည်။ ခန္ဓာကိုယ်မှာ အနီရောင်ရှိပြီး အမြီးပြားသည်။ ငှက်ပျောပင်စည် အဖတ်များကြားတွင်လည်း တွေ့ရတတ်ပါသည်။ မြေအတွင်းပိုင်းတွင်နေသော တီကောင်မျိုးများမှာ မြေဆွေးလုပ်ရာတွင် မသုံးနိုင်သော်လည်း မြေဆီလွှာကို အပေါ်အောက် သမအောင်လုပ်ပေးသဖြင့် အပင်အတွက်အသုံးဝင်ပါသည်။ ၎င်းင်တို့သည် မြေကြီး ၉၀ % စားပြီး ဇီဝပစ္စည်းကို ၁၀% စားပါသည်။
တီကောင်တစ်ကောင်သည် (၀.၅ မှ ၀.၆ ဂရမ်) လေးပြီး တစ်နေ့လျှင် ၎င်းခန္ဓာကိုယ် အလေးချိန် နှင့်ညီမျှသော စွန့်ပစ်ပစ္စည်းများကို စားသုံး၍ တစ်ဝက် (၅၀%)ကို ပြန်လည်စွန့်ထုတ်သည်။ တီကောင်များသည် အပူချိန် ၀o C မှ ၄၀oC ထိခံနိုင်ရည်ရှိသည်။ သို့သော် မျိုးပွားရန်အတွက် တီမွေးမြူသည့် ကန်သည် အပူချိန် ၂၅-၃၀o C နှင့် စိုထိုင်းဆ ၄၀-၄၅% ရှိရမည်။ တီကောင်များမှ ဥ အုပြီး (၃) ပတ်အကြာတွင် ဥများမှ တီကောင်လေးများ ပေါက်ဖွားလာသည်။ တီကောင်ဥတစ်ဥတွင် တီကောင်လေးများ ၂ကောင်မှ ၂၀ ကောင်ထိ ပါဝင်ပြီး ပျှမ်းမျှခြင်းအား ဖြင့် (၄) ကောင် ရှင်သန်နိုင်သည်။
ဒေါက်တာ မြင့်လွင်
ဩဂဲနစ်တောင်သူလက်စွဲ

၁။ မြေကျင်းတူး၍ ပြုလုပ်ခြင်း

၅ ပေအကျယ်၊ ၃ပေ အနက် မြေကျင်းတူး၍ ပလပ်စတစ်နှင့် အလုံကာပြီး တီကောင်မွေးမြူနိုင် သည်။ အရှည်ကို ကြိုက်နှစ်သက်သလို ထားနိုင်သည်။ မိုးရာသီတွင် ရေမဝင်စေရန် အမိုးအကာ ပြုလုပ်ထားပြီး ကျင်းနှုတ်ခမ်းကို မြှင့်ထားရမည်။
၂။ မြေပေါ်တွင်ပုံခြင်း

အမိုးအကာအောက်တွင် မြေပြင်ပေါ်၌ ပလတ်စတစ်ကန်များပြုလုပ်ပြီး တီကောင်မွေးမြူနိုင် သည်။
၃။ အုတ်ကန်နှင့် မွေးမြူခြင်း

၃ပေ အကျယ်၊ ၉ပေ အရှည်၊ ၃ပေ အမြင့်ရှိသော အုတ်ကန်များပြုလုပ်ပြီး တီကောင်မွေးမြူနိုင် သည်။ တီစွန့်ပစ်ရည်များကို အလွယ်တကူစွန့်ပစ်နိုင်ရန်အတွက် ကန်၏အောက်ခြေကို ဆင်ခြေ လျော ပြုလုပ်ပေးရမည်။ ရေကောင်းစွာ ထုတ်နိုင်ရန် အောက်ခြေတွင် ကျောက်ခဲလေးများ ၁ လက်မခွဲအထူ ဖြန့်ခင်းထားရမည်။
၄။ သစ်သားပုံများနှင့် မွေးမြူခြင်း

၂ပေ ပတ်လည်၊ ၂ပေအမြင့်ရှိသော သစ်သားပုံး (၃) လုံးအား ဆင့်ထားပြီး အောက်ခြေပုံးမှ လွဲ၍ ကျန်ပုံးများ၏ အောက်ဖက်မျက်နှာပြင်တွင် အပေါက်ဖောက်ထားသည်။ အောက်ဆုံးပုံးတွင် အစာနှင့် တီကောင်များထည့်ထားပြီး ကျန်ပုံးများတွင် အစာများသာ ထည့်ထားသည်။ အောက် ဆုံးပုံးတွင် တီစာများကုန်သွားပါက အပေါ်ပုံးများသို့ တီကောင်များတက်လာမည်။ ထိုအခါ အောက်ဆုံးပုံးအား ဖယ်ရှားပြီး တီကောင်စွန့်ပစ်မြေဩဇာများ ရယူနိုင်သည်။
၅။ ကွန်ကရစ်ခွေများ အသုံးပြု၍ မွေးမြူခြင်း

တစ်ပိုင်တစ်နိုင် မွေးမြူနိုင်သော နည်းစနစ်ဖြစ်သည်။ ကြိုက်နှစ်သက်ရာ အရွယ်အစားကို အသုံး ပြုနိုင်သည်။ အောက်ခြေတွင် တီစွန့်ပစ်ရည်ထုတ်နိုင်ရန် ရေထုတ်ပေါက် ပြုလုပ်ပေးရမည်။
၆။ ပလပ်စတစ်ကန်များဖြင့် ပြုလုပ်ခြင်း
အဝတ်လျှော်သော ပလပ်စတစ်ကန်များကို အောက်ခြေတွင် ရေပိုက်ခေါင်းတပ်ပြီး တီမွေးနိုင်ပါ သည်။ အိမ်အောက်တွင်ထားပြီး တောင်သူများ တစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်သဖြင့် အလွန် အသုံးဝင်ပါသည်။
တီစွန့်ပစ်မြေဩဇာ ပြုလုပ်ရာတွင် အသုံးပြုနိုင်သောပစ္စည်းများ
လယ်ယာ စွန့်ပစ်ပစ္စည်းများ (ပြောင်းရိုး၊ ကောက်ရိုးစသည့် အပင်အကြွင်းအကျန်များ)၊ ပဲမှော်ခွံ များနှင့် ပဲပင်အကြွင်းအကျန်များ၊ သီးနှံအခွံများ (ဖရဲသီးခွံ၊ ငှက်ပျောခွံ)၊ ဟင်းသီးဟင်းရွက် အကြွင်းအကျန်များ (ဂေါ်ဖီထုပ်၊ မုန်းညင်းရွက်)၊ ပန်းမပွင့်မီ ပေါင်းပင်များ (မြက်မုန်းညင်း၊ ဝက်လာ)၊ သစ်ရွက်ခြောက်၊ ငှက်ပျောအူ၊ ဗေဒါ၊ ကြံဖတ်၊ မြက်စသည်တို့ဖြစ်သည်။
တီစွန့်ပစ်မြေဩဇာ ပြုလုပ်ခြင်း
တီစွန့်ပစ်မြေဩဇာ ပြုလုပ်ခြင်းလုပ်ငန်းသည် မြေဆွေးရရှိရန်အတွက် ရိုးစင်းသော ဇီဝနည်း ပညာဆိုင်ရာ လုပ်ငန်းစဉ်ဖြစ်ပြီး ဖြစ်စဉ်ထဲတွင် တီကောင်များအား အသုံးပြု၍ စွန့်ပစ်ပစ္စည်း များအား ပိုမိုကောင်းမွန်သော အသုံးချနိုင်သည့် နောက်ဆုံးပစ္စည်းဖြစ်သည့် မြေဆွေး ရရှိစေခြင်း ဖြစ်သည်။
တီကောင်မွေးမည့် ကန်၏အောက်ခြေတွင် သစ်ရွက်ခြောက်များကို (၄) လက်မ အထူ ခင်းပေး ရမည်။ ၎င်းအပေါ်မှ သီးနှံအကြွင်းအကျန်များ၊ စင်းထားသော ငှက်ပျောအူ၊ ဗေဒါစသော အစာ စိမ်းများကို တစ်ပေအထူရအောင် ထည့်ပေးရမည်။ ၎င်းအပေါ်မှ ကောင်းစွာ ဆွေးမြေ့နေသော နွားချေး (၃) လက်မအထူ ဖြန့်ထည့်ပေးရမည်။ ထို့နောက် တီကောင်များကို ၉ပေ x ၃ပေ ကန် တစ်ကန်လျှင် အကောင် (၁၀၀၀) ကို နွားချေးပေါ်မှ ဖြန့်၍ ထည့်ပေးရမည်။ ကန်သေးလျှင် ကန်မျက်နှာပြင် ၁ပေ ပတ်လည် အကျယ်တွင် (၃၀) ကောင်နှုန်း တွက်ထည့်ပေးပါ။ ၎င်းအပေါ်မှ သစ်ရွက်ခြောက်များကို (၄) လက်မခန့် ထည့်၍ဖြန့်ပေးပြီး အုပ်ပေးရမည်။ အစိုဓာတ် မပြတ် စေရန် နေ့စဉ်စစ်ဆေး၍ လိုအပ်ချိန်တွင် ရေလောင်းပေးရမည်။ အသုံးပြုသော သီးနှံအကြွင်း အကျန် ပစ္စည်းများပေါ်မူတည်၍ (၂) လ မှ (၄) လအကြာတွင် တီကောင်စွန့်ပစ်မြေဩဇာရရှိပြီး ပြန်လည်ရရှိသော စွန့်ပစ်မြေဩဇာအလေးချိန်၊ ပါဝင်သော အာဟာရဓာတ်များနှင့် တီကောင်ပွား များမှုတို့မှာ အသုံးပြုသော အစာပေါ်မူတည်၍ ကွာခြားသည်။
မြေဆွေး ဖယ်ထုတ်ခြင်း
တီကောင်စွန့်ပစ် မြေဩဇာထုတ်လုပ်ရန် မြေဆွေးကန်အား ရေ (၃) ရက် ဖြတ်လိုက်ရမည်။ တီကောင်များသည် ကန်အောက်ခြေရှိသော အစိုဓာတ်ရှိရာနေရာများသို့ ရောက်ရှိသွား မည်ဖြစ် သည်။ အပေါ်ယံ မြေဆွေးအား ဖယ်ထုတ်ပြီး နေရိပ်တွင် အခြောက်ခံ၍ သိုလှောင်ထားနိုင်သည်။
တီစွန့်ပစ်ရည် ထုတ်ယူသုံးစွဲခြင်း
တီကောင်စွန့်ပစ်ရည်သည် အပင်များကို လျင်မြန်စွာ ကြီးထွားစေနိုင်ပြီး ပိုးမွှားများရန်မှလည်း ကာကွယ်ပေးနိုင်သည်။ တီမွေးမြူပြီး (၃) ပတ်ခန့်ကြာမှ ထုတ်ယူသုံးစွဲပါက ပိုမိုကောင်းမွန် သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်ခွပင်များတွင် စမ်းသပ်ပက်ဖျန်းရာ အထူးဖြစ်ထွန်းသည်ကို တွေ့ရှိရပါသည်။ တီစွန့်ပစ်ရည် (၁) ဆ လျှင် ရေ (၁၀) ဆနှင့် ရော၍ ပန်းအလှပင်၊ သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် ပက်ဖျန်းနိုင်သည်။ ၁၀ ပေအရှည်၊ ၄ပေအကျယ်၊ အမြင့် ၃ပေ ရှိသော ကန်တစ်ကန်မှ တီစွန့်ပစ်အရည် တစ်လလျှင် လီတာ ၁၀၀ (၂၅ ဂါလန်) ခန့် ရရှိကြောင်း တွေ့ရှိရပါသည်။
အကယ်၍ တီစွန့်ပစ်ရည်ထုတ်သည် ထွက်ပေါက်မပါရှိပါက တီစွန့်ပစ်မြေဩဇာ စတီးဇွန်း တစ် ဇွန်း (၅၀ ဂရမ်ခန့်) ကို ရေတစ်လီတာနှင့် ရော၍ ခပ်နာနာမကြာခဏ လှုပ်ပေးပြီး တစ်ညထား ကာ တီစွန့်ပစ်ရည်အဖြစ် အသုံးပြုနိုင်ပါသည်။ တီစွန့်ပစ်ရည်တွင် စုစုပေါင်း နိုက်တြိုဂျင် (၀.၀၅၆%) ၊ စုစုပေါင်း ဖော့စဖိတ် (၀.၀၀၉%) ၊ စုစုပေါင်း ပိုတက်စီယမ် ( ၀.၁၇၉%)နှင့် ဩဂဲနစ်ပစ္စည်း (၀.၄၁၅%) ပါဝင်သည်။
ဒေါက်တာ မြင့်လွင်
ဩဂဲနစ်တောင်သူလက်စွဲ
XXXXXX ZAWGYI FONT XXXXXX
တီက်စ္စာေျမေဆြးႏွင့္ တီေျမဩဇာရည္
တီေျမဩဇာရည္မွာ အလြန္အစြမ္းထက္ၿပီး ေျမဩဇာအေနႏွင့္သာမက ေရာဂါပိုးမႊား ကာကြယ္ ႏွိမ္နင္းရာတြင္လည္း မ်ားစြာအသုံးဝင္သည္ကို ေတြ႕ရသည္။ ဓါတုေဆးျဖင့္မႏိုင္ေသာ အခ်ိဳ႕ အပင္ေရာဂါမ်ားကို ကာကြယ္ေပးႏိုင္သည္ကို ေတြ႕ရသည္။ တီက်စ္စာေျမေဆြးမွာလည္း သာ မာန္ေျမေဆြးထက္မ်ားစြာ သာလြန္ေကာင္းမြန္သည္ကို ေတြ႕ရသည္။ အာဟာရဓာတ္ ပါဝင္မႈ လည္း ႏွစ္ဆခန္႔ ပိုပါသည္။ ခ်ဥ္ငန္ဓာတ္မွာလည္း ေျမေဆြးကဲ့သို႔ အက္ဆစ္မမ်ားဘဲ အလယ္ အလတ္အေနအထားတြင္ ရွိပါသည္။ အမႈိက္အစို၊ အေျခာက္မ်ား၊ လယ္ယာစြန္႔ပစ္ပစၥည္းမ်ားကို တီေကာင္အစာအျဖစ္အသုံးျပဳ၍ ေျမဩဇာထုတ္လုပ္ေသာေၾကာင့္ ကုန္က်စရိတ္သက္သာသည့္ အျပင္ ပတ္ဝန္းက်င္သန္႔ရွင္းမႈလည္း ျဖစ္ေစပါသည္။ အမႈိက္မ်ား၏ ထုထည္ကို ၆၀ % မွ ၄၀ % ထိ ေလွ်ာ့ခ်ေပးႏိုင္ပါသည္။ တီက်စ္စာေျမေဆြးႏွင့္ တီေျမဩဇာရည္ကို ေတာင္သူမ်ား တစ္ႏိုင္တစ္ပိုင္ မိမိအိမ္တြင္ ကုန္စရိတ္သက္သာစြာျဖင့္ ျပဳလုပ္ႏိုင္ပါသည္။
တီေျမဩဇာရည္မွာ အပင္ႀကီးထြားမႈကို အားေပး႐ုံမက အခ်ိဳ႕ေသာအပင္ေရာဂါႏွင့္ ပိုးမႊားမ်ား ကိုပါ ႏွိမ္နင္းႏိုင္သည့္အျပင္ ေျမေဆြးျပဳလုပ္ရာတြင္ ထည့္သုံးပါက ေဆြးေျမ့မႈ ပိုျမန္ေစေၾကာင္း ကို စာေရးသူ၏ သုေတသနျပဳလုပ္ခ်က္မ်ားအရ ေတြ႕ရွိထားပါသည္။ တီေကာင္မ်ားသည္ သဘာဝအေလွ်ာက္ ေျမထဲတြင္ေနၿပီး ေျမဆီလႊာရွိ အာဟာရဓာတ္မ်ားကို တိုးတက္ေအာင္ ေဆာင္႐ြက္ေပးသည့္အျပင္ ေျမဆီလႊာ၏ ႐ုပ္ဂုဏ္သတၱိမ်ားကို ေကာင္းမြန္ေစၿပီး အျမစ္ထိုး ေဖာက္မႈေကာင္းေအာင္ ေဆာင္႐ြက္ေပးပါသည္။ ကမာၻေပၚတြင္ တီေမြးျမဴေရးကို ၁၉၇၉ ခုႏွစ္ တြင္ စတင္ခဲ့ၿပီး ၁၉၉၀ ခုႏွစ္တြင္ တီစြန္႔ပစ္သဘာဝေျမဩဇာမ်ားကို စီးပြားျဖစ္ထုတ္လုပ္ အသုံး ျပဳခဲ့ေၾကာင္း သိရွိရပါသည္။ ျမန္မာႏိုင္ငံတြင္ တီေကာင္ေမြးျမဴၿပီး တီစြန္႔ပစ္သဘာဝေျမဩဇာ ထုတ္လုပ္သည့္ နည္းပညာသစ္ကို ၂၀၀၀ ျပည့္ႏွစ္ခန္႔တြင္ စတင္ေဆာင္႐ြက္ခဲ့သည္။
တီက်စ္စာေျမေဆြး (Vermicompost) ႏွင့္ တီေျမဩဇာရည္ (Vermi-tea)
တီက်စ္စာေျမေဆြးဆိုသည္မွာ ေျမေဆြးျပဳလုပ္ေပးႏိုင္ေသာ တီေကာင္မ်ားအား သစ္ပင္အႂကြင္း အက်န္မ်ား၊ သစ္႐ြက္မ်ား၊ ေပါင္းျမက္မ်ား၊ လယ္ယာစြန္႔ပစ္ပစၥည္းမ်ား၊ မီးဖိုေခ်ာင္စြန္႔ပစ္ ဟင္းသီးဟင္း႐ြက္မ်ား အစရွိသည့္ စြန္႔ပစ္ပစၥည္းမ်ားကို အစာအျဖစ္ေကြၽးေမြး၍ တီေကာင္ ေလးမ်ားမွ စားသုံးၿပီး စြန္႔ထုတ္ပစ္လိုက္ေသာ ေျမေဆြးကို သီးႏွံပင္မ်ားအတြက္ အသုံးဝင္ေသာ ဩဂဲနစ္ေျမဩဇာအျဖစ္ ျပန္လည္ျပဳလုပ္သုံးစြဲျခင္းျဖစ္သည္။ ထိုသို႔ တီက်စ္စာမ်ား ထုတ္လုပ္ ရာတြင္ တီေကာင္ကန္မ်ားမွ ထြက္လာေသာ ေဘးထြက္ပစၥည္းအရည္ကိုလည္း အလြန္အစြမ္း ထက္ေသာ တီေျမဩဇာရည္အျဖစ္ အသုံးျပဳၾကပါသည္။

စိုက္ပ်ိဳးေရးတြင္ တီေကာင္အေရးပါပုံ
တီေကာင္ရွိေသာေျမသည္ ထြန္ယက္ရလြယ္ၿပီး ေျမဆီဩဇာေကာင္းေၾကာင္းကို ေတာင္သူမ်ား သိရွိၿပီးျဖစ္သည္။ တီေကာင္သည္ အမႈိက္မ်ားႏွင့္ အပင္အႂကြင္းအက်န္မ်ားကို စားသုံး၍ ေျမဩဇာ အျဖစ္ေျပာင္းေပးျဖင့္ ေတာင္သူမ်ားကို လုပ္ငန္းႏွစ္ခုၿပီးစီးေအာင္ ေဆာင္႐ြက္ေပး ပါသည္။ သို႔ေသာ္ တီေကာင္သည္ တိရစာၦန္စြန္႔ပစ္ပစၥည္းမ်ားကဲ့သို႔ လုပ္မေပးႏိုင္ပါ။ ထို႔ျပင္ တီေကာင္မ်ား ေသဆုံးသည့္အခါျဖစ္ေပၚလာသည့္ ႐ုပ္ႂကြင္းမ်ားသည္လည္း ေျမဆီဩဇာ ျပန္ ျဖစ္သြားပါသည္။ တီေကာင္သည္ ပ်က္စီးေနေသာ ေျမမ်ားအား ျပန္လည္စိုက္ပ်ိဳးႏိုင္ေအာင္ ေဆာင္႐ြက္ႏိုင္ပါသည္။ စိုက္ကြင္းထဲတြင္ အပင္အတြက္ေကာင္းေသာ္လည္း အိုးထဲတြင္မူ ေလ ေပါက္၊ ေရေပါက္မ်ားကို ပိတ္ေစသျဖင့္ အပင္ကို ဒုကၡေပးပါသည္။

တီေကာင္အေၾကာင္းသိေကာင္းစရာ
တီေကာင္သည္ ဇီဝဓာတ္ႂကြယ္ဝေသာ ေျမႀကီး၏ အေပၚယံလႊာတြင္ ေနထိုင္ၾက၍ ေဆာင္းရာသီ တြင္ ဆီးႏွင္း (Frost) ဒဏ္မွ လြတ္ေျမာက္ရန္ႏွင့္ ပူေသာရာသီတြင္ ေျခာက္ေသြ႕ျခင္းကို ေရွာင္ရွားရန္ ေျမနက္ထဲသို႔ တိုးဝင္ၾကသည္။ ၎တို႔ေနထိုင္ရာ တီလမ္းေၾကာင္းအတြင္း ေရလႊမ္းေသာအခါ ေျမအေပၚယံသို႔ တက္လာတတ္ၾကသည္။
တီေကာင္မ်ားသည္ ၎တို႔သြားရာလမ္းေၾကာင္းကို လ်င္ျမန္စြာ တူးႏိုင္ရန္အတြက္ ၎တို႔၏ ကိုယ္မွ အေမႊးအမွ်င္မ်ားက မ်ားစြာအေထာက္အကူျပဳပါသည္။ တီလမ္းေၾကာင္းတြင္ တီေကာင္ တို႔သည္ အပင္အႂကြင္းအက်န္မ်ားကို စား၍ ေျမႀကီး၏ အာဟာရဓာတ္ပါဝင္မႈကို တိုးပြားေစ ပါသည္။

အေပၚယံေျမလႊာတြင္ေနေသာ တီေကာင္၏ သက္တမ္းမွာ တစ္ႏွစ္မွ ႏွစ္ႏွစ္ခြဲခန္႔သာ ရွိ၍ ေျမတြင္းေအာင္းတီေကာင္မ်ားမွာ အသက္(၁၅) ႏွစ္ခန္႔ အထိေနႏိုင္ၾကပါသည္။ တီေကာင္၍ ခႏၶာကိုယ္တြင္ ေရဓာတ္ ၈၀ - ၉၅ % ႏွင့္ ပ႐ိုတင္း၊ အဆီႏွင့္ သတၱဳဓာတ္မ်ား ပါဝင္ပါသည္။ အဆစ္မ်ားျဖင့္ ခႏၶာကိုယ္ဖြဲ႕စည္းထားသည့္ ေသြးေအးသတၱဝါျဖစ္သည္။ အက်ိအခြၽဲမ်ား ပါရွိၿပီး ၎တို႔သည္ တီေကာင္အတြက္ အစိုဓာတ္ထိန္းထားျခင္း၊ အသက္ရွဴမႈအတြက္ အေထာက္အကူ ျပဳျခင္း၊ ေျမႀကီးအတြင္းဝင္ေရာက္စဥ္ အကာအကြယ္ရရွိေစျခင္း စသည္တို႔ ေဆာင္႐ြက္ေပး ပါသည္။
တီေကာင္သည္ မိမိ၏ ခႏၶာကိုယ္အေလးခ်ိန္ႏွင့္ ညီမွ်ေသာ အစာ(ေျမႀကီးႏွင့္ ဩဂဲနစ္ပစၥည္း မ်ား) ကို ေန႔စဥ္စားသုံးပါသည္။ စားသုံးေသာ အစာမ်ားအား အင္ဇိုင္းမ်ားအကူအညီျဖင့္ အပင္ အတြက္ အလြန္အေရးႀကီးသည့္ အမိုင္ႏိုအက္စစ္၊ သၾကားဓာတ္ႏွင့္ ဩဂဲနစ္ပစၥည္းမ်ား ထုတ္ လုပ္ေပးပါသည္။ ထို႔အျပင္ တီက်စ္စာေျမေဆြးတြင္ အင္းဇိုင္းမ်ား၊ အက်ိဳးျပဳအဏုဇီဝပိုးမ်ား လည္း ပါဝင္ေသာေၾကာင့္ တီက်စ္စာေျမေဆြးသည္ သာမာန္ေျမေဆြးထက္ အာဟာရဓာတ္ ပိုမို ပါဝင္ၿပီး အာနိသင္မ်ားစြာ ပိုေကာင္းပါသည္။

အသုံးျပဳသင့္ေသာ တီေကာင္အမ်ိဳးအစားမ်ား
တီေကာင္မ်ားသည္ အပင္အႂကြင္းအက်န္မ်ားကို စားသုံးၿပီးေျမႀကီးအတြင္း ထိုးေဖာက္သြား လာသျဖင့္ အက်ိဳးျပဳအဏုဇီဝမ်ား ပြားမ်ားမႈ၊ အလုပ္လုပ္မႈကို အားေပးကာ ဩဂဲနစ္ပစၥည္းမ်ား ေဆြးေျမ့မႈ ျမန္ေစပါသည္။ ထို႔ေၾကာင့္ ေျမဆီလႊာတည္ေဆာက္ပုံေကာင္းမြန္ၿပီး ေျမဩဇာထက္ သန္ေစပါသည္။ ထိုသို႔ေဆာင္႐ြက္ရာတြင္ တီေကာင္အမ်ိဳးအစားအလိုက္ ၎တို႔၏ေနထိုင္ စားေသာက္ပုံအေလ့အထ မတူေသာေၾကာင့္ တီေကာင္တိုင္းကို တီေျမဩဇာလုပ္ရာတြင္ မသုံး ႏိုင္ပါ။ အစာမ်ားမ်ားစားၿပီး လွ်င္ျမန္စြာ အညစ္အေၾကးစြန္႔ပစ္၍ ျမန္ျမန္မ်ိဳးပြားတတ္ေသာ မ်ိဳးစိတ္မ်ားသည္သာ တီေကာင္စြန္႔ပစ္ေျမဩဇာ ထုတ္လုပ္ရာတြင္ အသုံးျပဳသင့္ပါသည္။ သင့္ေတာ္ေသာ တီေကာင္မ်ိဳးကြဲမ်ားကိုစုစည္း၍ ေမြးျမဴထုတ္လုပ္မွသာ တီေကာင္စြန္႔ပစ္ ေျမ ေဆြးကို အခ်ိန္တိုအတြင္း အေရအတြက္မ်ားမ်ား ရရွိမည္ျဖစ္ေပသည္။ ေျမအေပၚယံတြင္ ေန ေသာ တီေကာင္မ်ားသာ ေျမေဆြးျပဳေသာ တီေကာင္မ်ားျဖစ္ၿပီး ၎တို႔သည္ ဇီဝပစၥည္းကို ၉၀% စားၿပီး ေျမႀကီးကို ၁၀% စားပါသည္။ ခႏၶာကိုယ္မွာ အနီေရာင္ရွိၿပီး အၿမီးျပားသည္။ ငွက္ေပ်ာပင္စည္ အဖတ္မ်ားၾကားတြင္လည္း ေတြ႕ရတတ္ပါသည္။ ေျမအတြင္းပိုင္းတြင္ေနေသာ တီေကာင္မ်ိဳးမ်ားမွာ ေျမေဆြးလုပ္ရာတြင္ မသုံးႏိုင္ေသာ္လည္း ေျမဆီလႊာကို အေပၚေအာက္ သမေအာင္လုပ္ေပးသျဖင့္ အပင္အတြက္အသုံးဝင္ပါသည္။ ၎င္တို႔သည္ ေျမႀကီး ၉၀ % စားၿပီး ဇီဝပစၥည္းကို ၁၀% စားပါသည္။

တီေကာင္တစ္ေကာင္သည္ (၀.၅ မွ ၀.၆ ဂရမ္) ေလးၿပီး တစ္ေန႔လွ်င္ ၎ခႏၶာကိုယ္ အေလးခ်ိန္ ႏွင့္ညီမွ်ေသာ စြန္႔ပစ္ပစၥည္းမ်ားကို စားသုံး၍ တစ္ဝက္ (၅၀%)ကို ျပန္လည္စြန္႔ထုတ္သည္။ တီေကာင္မ်ားသည္ အပူခ်ိန္ ၀o C မွ ၄၀oC ထိခံႏိုင္ရည္ရွိသည္။ သို႔ေသာ္ မ်ိဳးပြားရန္အတြက္ တီေမြးျမဴသည့္ ကန္သည္ အပူခ်ိန္ ၂၅-၃၀o C ႏွင့္ စိုထိုင္းဆ ၄၀-၄၅% ရွိရမည္။ တီေကာင္မ်ားမွ ဥ အုၿပီး (၃) ပတ္အၾကာတြင္ ဥမ်ားမွ တီေကာင္ေလးမ်ား ေပါက္ဖြားလာသည္။ တီေကာင္ဥတစ္ဥတြင္ တီေကာင္ေလးမ်ား ၂ေကာင္မွ ၂၀ ေကာင္ထိ ပါဝင္ၿပီး ပွ်မ္းမွ်ျခင္းအား ျဖင့္ (၄) ေကာင္ ရွင္သန္ႏိုင္သည္။
ေဒါက္တာ ျမင့္လြင္
ဩဂဲနစ္ေတာင္သူလက္စြဲ
ဩဂဲနစ္ေတာင္သူလက္စြဲ
၁။ ေျမက်င္းတူး၍ ျပဳလုပ္ျခင္း

၅ ေပအက်ယ္၊ ၃ေပ အနက္ ေျမက်င္းတူး၍ ပလပ္စတစ္ႏွင့္ အလုံကာၿပီး တီေကာင္ေမြးျမဴနိုင္ သည္။ အရွည္ကို ႀကိဳက္ႏွစ္သက္သလို ထားနိုင္သည္။ မိုးရာသီတြင္ ေရမဝင္ေစရန္ အမိုးအကာ ျပဳလုပ္ထားၿပီး က်င္းႏႈတ္ခမ္းကို ျမႇင့္ထားရမည္။
၂။ ေျမေပၚတြင္ပုံျခင္း

အမိုးအကာေအာက္တြင္ ေျမျပင္ေပၚ၌ ပလတ္စတစ္ကန္မ်ားျပဳလုပ္ၿပီး တီေကာင္ေမြးျမဴနိုင္ သည္။
၃။ အုတ္ကန္ႏွင့္ ေမြးျမဴျခင္း

၃ေပ အက်ယ္၊ ၉ေပ အရွည္၊ ၃ေပ အျမင့္ရွိေသာ အုတ္ကန္မ်ားျပဳလုပ္ၿပီး တီေကာင္ေမြးျမဴနိုင္ သည္။ တီစြန္႔ပစ္ရည္မ်ားကို အလြယ္တကူစြန္႔ပစ္နိုင္ရန္အတြက္ ကန္၏ေအာက္ေျခကို ဆင္ေၿခ ေလ်ာ ျပဳလုပ္ေပးရမည္။ ေရေကာင္းစြာ ထုတ္နိုင္ရန္ ေအာက္ေျခတြင္ ေက်ာက္ခဲေလးမ်ား ၁ လက္မခြဲအထူ ျဖန္႔ခင္းထားရမည္။
၄။ သစ္သားပုံမ်ားႏွင့္ ေမြးျမဴျခင္း

၂ေပ ပတ္လည္၊ ၂ေပအျမင့္ရွိေသာ သစ္သားပုံး (၃) လုံးအား ဆင့္ထားၿပီး ေအာက္ေျခပုံးမွ လြဲ၍ က်န္ပုံးမ်ား၏ ေအာက္ဖက္မ်က္ႏွာျပင္တြင္ အေပါက္ေဖာက္ထားသည္။ ေအာက္ဆုံးပုံးတြင္ အစာႏွင့္ တီေကာင္မ်ားထည့္ထားၿပီး က်န္ပုံးမ်ားတြင္ အစာမ်ားသာ ထည့္ထားသည္။ ေအာက္ ဆုံးပုံးတြင္ တီစာမ်ားကုန္သြားပါက အေပၚပုံးမ်ားသို႔ တီေကာင္မ်ားတက္လာမည္။ ထိုအခါ ေအာက္ဆုံးပုံးအား ဖယ္ရွားၿပီး တီေကာင္စြန္႔ပစ္ေျမဩဇာမ်ား ရယူနိုင္သည္။
၅။ ကြန္ကရစ္ေခြမ်ား အသုံးျပဳ၍ ေမြးျမဴျခင္း

တစ္ပိုင္တစ္နိုင္ ေမြးျမဴနိုင္ေသာ နည္းစနစ္ျဖစ္သည္။ ႀကိဳက္ႏွစ္သက္ရာ အရြယ္အစားကို အသုံး ျပဳနိုင္သည္။ ေအာက္ေျခတြင္ တီစြန္႔ပစ္ရည္ထုတ္နိုင္ရန္ ေရထုတ္ေပါက္ ျပဳလုပ္ေပးရမည္။
၆။ ပလပ္စတစ္ကန္မ်ားျဖင့္ ျပဳလုပ္ျခင္း
အဝတ္ေလၽွာ္ေသာ ပလပ္စတစ္ကန္မ်ားကို ေအာက္ေျခတြင္ ေရပိုက္ေခါင္းတပ္ၿပီး တီေမြးနိုင္ပါ သည္။ အိမ္ေအာက္တြင္ထားၿပီး ေတာင္သူမ်ား တစ္နိုင္တစ္ပိုင္ ေဆာင္ရြက္နိုင္သျဖင့္ အလြန္ အသုံးဝင္ပါသည္။
တီစြန္႔ပစ္ေျမဩဇာ ျပဳလုပ္ရာတြင္ အသုံးျပဳနိုင္ေသာပစၥည္းမ်ား
လယ္ယာ စြန္႔ပစ္ပစၥည္းမ်ား (ေျပာင္းရိုး၊ ေကာက္ရိုးစသည့္ အပင္အႂကြင္းအက်န္မ်ား)၊ ပဲေမွာ္ခြံ မ်ားႏွင့္ ပဲပင္အႂကြင္းအက်န္မ်ား၊ သီးႏွံအခြံမ်ား (ဖရဲသီးခြံ၊ ငွက္ေပ်ာခြံ)၊ ဟင္းသီးဟင္းရြက္ အႂကြင္းအက်န္မ်ား (ေဂၚဖီထုပ္၊ မုန္းညင္းရြက္)၊ ပန္းမပြင့္မီ ေပါင္းပင္မ်ား (ျမက္မုန္းညင္း၊ ဝက္လာ)၊ သစ္ရြက္ေျခာက္၊ ငွက္ေပ်ာအူ၊ ေဗဒါ၊ ႀကံဖတ္၊ ျမက္စသည္တို႔ျဖစ္သည္။
တီစြန္႔ပစ္ေျမဩဇာ ျပဳလုပ္ျခင္း
တီစြန္႔ပစ္ေျမဩဇာ ျပဳလုပ္ျခင္းလုပ္ငန္းသည္ ေျမေဆြးရရွိရန္အတြက္ ရိုးစင္းေသာ ဇီဝနည္း ပညာဆိုင္ရာ လုပ္ငန္းစဥ္ျဖစ္ၿပီး ျဖစ္စဥ္ထဲတြင္ တီေကာင္မ်ားအား အသုံးျပဳ၍ စြန္႔ပစ္ပစၥည္း မ်ားအား ပိုမိုေကာင္းမြန္ေသာ အသုံးခ်နိုင္သည့္ ေနာက္ဆုံးပစၥည္းျဖစ္သည့္ ေျမေဆြး ရရွိေစျခင္း ျဖစ္သည္။
တီေကာင္ေမြးမည့္ ကန္၏ေအာက္ေျခတြင္ သစ္ရြက္ေျခာက္မ်ားကို (၄) လက္မ အထူ ခင္းေပး ရမည္။ ၎အေပၚမွ သီးႏွံအႂကြင္းအက်န္မ်ား၊ စင္းထားေသာ ငွက္ေပ်ာအူ၊ ေဗဒါစေသာ အစာ စိမ္းမ်ားကို တစ္ေပအထူရေအာင္ ထည့္ေပးရမည္။ ၎အေပၚမွ ေကာင္းစြာ ေဆြးေျမ့ေနေသာ ႏြားေခ်း (၃) လက္မအထူ ျဖန္႔ထည့္ေပးရမည္။ ထို႔ေနာက္ တီေကာင္မ်ားကို ၉ေပ x ၃ေပ ကန္ တစ္ကန္လၽွင္ အေကာင္ (၁၀၀၀) ကို ႏြားေခ်းေပၚမွ ျဖန္႔၍ ထည့္ေပးရမည္။ ကန္ေသးလၽွင္ ကန္မ်က္ႏွာျပင္ ၁ေပ ပတ္လည္ အက်ယ္တြင္ (၃၀) ေကာင္ႏႈန္း တြက္ထည့္ေပးပါ။ ၎အေပၚမွ သစ္ရြက္ေျခာက္မ်ားကို (၄) လက္မခန္႔ ထည့္၍ျဖန္႔ေပးၿပီး အုပ္ေပးရမည္။ အစိုဓာတ္ မျပတ္ ေစရန္ ေန႔စဥ္စစ္ေဆး၍ လိုအပ္ခ်ိန္တြင္ ေရေလာင္းေပးရမည္။ အသုံးျပဳေသာ သီးႏွံအႂကြင္း အက်န္ ပစၥည္းမ်ားေပၚမူတည္၍ (၂) လ မွ (၄) လအၾကာတြင္ တီေကာင္စြန္႔ပစ္ေျမဩဇာရရွိၿပီး ျပန္လည္ရရွိေသာ စြန္႔ပစ္ေျမဩဇာအေလးခ်ိန္၊ ပါဝင္ေသာ အာဟာရဓာတ္မ်ားႏွင့္ တီေကာင္ပြား မ်ားမႈတို႔မွာ အသုံးျပဳေသာ အစာေပၚမူတည္၍ ကြာျခားသည္။
ေျမေဆြး ဖယ္ထုတ္ျခင္း
တီေကာင္စြန္႔ပစ္ ေျမဩဇာထုတ္လုပ္ရန္ ေျမေဆြးကန္အား ေရ (၃) ရက္ ျဖတ္လိုက္ရမည္။ တီေကာင္မ်ားသည္ ကန္ေအာက္ေျခရွိေသာ အစိုဓာတ္ရွိရာေနရာမ်ားသို႔ ေရာက္ရွိသြား မည္ျဖစ္ သည္။ အေပၚယံ ေျမေဆြးအား ဖယ္ထုတ္ၿပီး ေနရိပ္တြင္ အေျခာက္ခံ၍ သိုေလွာင္ထားနိုင္သည္။
တီစြန္႔ပစ္ရည္ ထုတ္ယူသုံးစြဲျခင္း
တီေကာင္စြန္႔ပစ္ရည္သည္ အပင္မ်ားကို လ်င္ျမန္စြာ ႀကီးထြားေစနိုင္ၿပီး ပိုးမႊားမ်ားရန္မွလည္း ကာကြယ္ေပးနိုင္သည္။ တီေမြးျမဴၿပီး (၃) ပတ္ခန္႔ၾကာမွ ထုတ္ယူသုံးစြဲပါက ပိုမိုေကာင္းမြန္ သည္။ ဟင္းသီးဟင္းရြက္ႏွင့္ သစ္ခြပင္မ်ားတြင္ စမ္းသပ္ပက္ဖ်န္းရာ အထူးျဖစ္ထြန္းသည္ကို ေတြ႕ရွိရပါသည္။ တီစြန္႔ပစ္ရည္ (၁) ဆ လၽွင္ ေရ (၁၀) ဆႏွင့္ ေရာ၍ ပန္းအလွပင္၊ သစ္သီးဝလံ ႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ခင္းမ်ားတြင္ ပက္ဖ်န္းနိုင္သည္။ ၁၀ ေပအရွည္၊ ၄ေပအက်ယ္၊ အျမင့္ ၃ေပ ရွိေသာ ကန္တစ္ကန္မွ တီစြန္႔ပစ္အရည္ တစ္လလၽွင္ လီတာ ၁၀၀ (၂၅ ဂါလန္) ခန္႔ ရရွိေၾကာင္း ေတြ႕ရွိရပါသည္။
အကယ္၍ တီစြန္႔ပစ္ရည္ထုတ္သည္ ထြက္ေပါက္မပါရွိပါက တီစြန္႔ပစ္ေျမဩဇာ စတီးဇြန္း တစ္ ဇြန္း (၅၀ ဂရမ္ခန္႔) ကို ေရတစ္လီတာႏွင့္ ေရာ၍ ခပ္နာနာမၾကာခဏ လႈပ္ေပးၿပီး တစ္ညထား ကာ တီစြန္႔ပစ္ရည္အျဖစ္ အသုံးျပဳနိုင္ပါသည္။ တီစြန္႔ပစ္ရည္တြင္ စုစုေပါင္း နိုက္ႀတိဳဂ်င္ (၀.၀၅၆%) ၊ စုစုေပါင္း ေဖာ့စဖိတ္ (၀.၀၀၉%) ၊ စုစုေပါင္း ပိုတက္စီယမ္ ( ၀.၁၇၉%)ႏွင့္ ဩဂဲနစ္ပစၥည္း (၀.၄၁၅%) ပါဝင္သည္။
ေဒါက္တာ ျမင့္လြင္
Comments
Post a Comment