"ဆိတ္ ခ်ဥ္ဆီရိုး စြပ္ျပုတ္" ( "ဆိတ် ချဉ်ဆီရိုး စွပ်ပြုတ်")

xxxxxxxxxx   unicode  font  xxxxxxxxxxxx



 "ဆိတ် ချဉ်ဆီရိုး စွပ်ပြုတ်"

အခုဟာလေးကတော့
အဖြူထည်ပြုတ်ထားတာလေးပါ

ဟင်းခပ်အမွှေးအကြိုင်တွေရယ်
ကုလားပဲရယ်နဲ့ရောပြီးပြုတ်လဲ
စားလို့ကောင်းပါတယ်

ကျွန်တော်ပြုတ်တဲ့ပြုတ်နည်းလေးကတော့

ရေနွေးတစ်အိုးဆူအောင်တည်ပါ

ဂျင်း ကြက်သွန်ဖြူရောပြီး
မညက်တစ်ညက်ထောင်းထားပါ

ဆိတ်ရိုးများကို ရေဆေးပြီး
pressure cooker ထဲ ထဲ့ထားပါ

ရေနွေးဆူလာပါက
ဆိတ်ရိုးများပေါ်သို့အပြည့်လောင်းထဲ့ပြီး
မီးပြင်းပြင်းဖြင့်တည်ပါ

ရေပေါ်သို့ အဆီများ အမြုပ်များ
တက်လာပါလိမ့်မည် ခပ်ထုပ်ပြစ်ပါ

အတန်ငယ်တည်ပြီးသောအခါ
ထောင်းထားသော ဂျင်း ကြက်သွန်ဖြူထဲ့ပါ
apple cider ထမင်းစားဇွန်း ၁ဇွန်းထဲ့ပါ
ရေလိုပါက ရေနွေးထပ်ဖြည့်ပါ
အဖုံးပိတ်ပြီး မီးအေးအေးဖြင့် ၁နာရီခန့်တည်ပါ

တစ်နာရီခန့်တည်ပြီးသောအခါ
စားမဲ့ပုဂံထဲ စားနိုင်သလောက်ပြောင်းထဲ့ပါ
ဆားခပ်ပါ ရှောက်ရွက်ပါးပါးလှီးဖြူးပါ
ညှီမြည်ဟုမထင်ကြပါနှင့် လုံးဝမညှီပါ

အရည်ကိုသောက်ပါ
ချဉ်ဆီကိုစုပ်ပါ
အရိုးတွင်ကပ်နေသော အကြောများကိုစားပါ
ချက်ရတာလွယ်တယ် ပါဝင်ပစ္စည်းနဲတယ်
ဒါပေမဲ့
အားကိုဖြစ်စေပြီး အရိုးကိုသန်မာစေပါတယ်

အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ
သင်ဆရာ မြင်ဆရာ ကြားဆရာများ
အားလုံး အားလုံးအား လေးစား

မောင်ဇေ

xxxxxxxxxxxxxxx    zawgyi  font  xxxxxxxxxxxx

"ဆိတ္ ခ်ဥ္ဆီရိုး စြပ္ျပုတ္"
အခုဟာေလးကေတာ့
အျဖူထည္ျပုတ္ထားတာေလးပါ
ဟင္းခပ္အေမြွးအျကိုင္ေတြရယ္
ကုလားပဲရယ္နဲ့ေရာျပီးျပုတ္လဲ
စားလို့ေကာင္းပါတယ္
က်ြန္ေတာ္ျပုတ္တဲ့ျပုတ္နည္းေလးကေတာ့
ေရေႏြးတစ္အိုးဆူေအာင္တည္ပါ
ဂ်င္း ျကက္သြန္ျဖူေရာျပီး
မညက္တစ္ညက္ေထာင္းထားပါ
ဆိတ္ရိုးမ်ားကို ေရေဆးျပီး
pressure cooker ထဲ ထဲ့ထားပါ
ေရေႏြးဆူလာပါက
ဆိတ္ရိုးမ်ားေပါ္သို့အျပည့္ေလာင္းထဲ့ျပီး
မီးျပင္းျပင္းျဖင့္တည္ပါ
ေရေပါ္သို့ အဆီမ်ား အျမုပ္မ်ား
တက္လာပါလိမ့္မည္ ခပ္ထုပ္ျပစ္ပါ
အတန္ငယ္တည္ျပီးေသာအခါ
ေထာင္းထားေသာ ဂ်င္း ျကက္သြန္ျဖူထဲ့ပါ
apple cider ထမင္းစားဇြန္း ၁ဇြန္းထဲ့ပါ
ေရလိုပါက ေရေႏြးထပ္ျဖည့္ပါ
အဖံုးပိတ္ျပီး မီးေအးေအးျဖင့္ ၁နာရီခန့္တည္ပါ
တစ္နာရီခန့္တည္ျပီးေသာအခါ
စားမဲ့ပုဂံထဲ စားႏိုင္သေလာက္ေျပာင္းထဲ့ပါ
ဆားခပ္ပါ ေရွာက္ရြက္ပါးပါးလွီးျဖူးပါ
ညွီျမည္ဟုမထင္ျကပါႏွင့္ လံုးဝမညွီပါ
အရည္ကိုေသာက္ပါ
ခ်ဥ္ဆီကိုစုပ္ပါ
အရိုးတြင္ကပ္ေနေသာ အေျကာမ်ားကိုစားပါ
ခ်က္ရတာလြယ္တယ္ ပါဝင္ပစၥည္းနဲတယ္
ဒါေပမဲ့
အားကိုျဖစ္ေစျပီး အရိုးကိုသန္မာေစပါတယ္
အားလံုးပဲ က်န္းမာရြွင္လန္းျကပါေစ
သင္ဆရာ ျမင္ဆရာ ျကားဆရာမ်ား
အားလံုး အားလံုးအား ေလးစား
ေမာင္ေဇ

Image may contain: food

Comments