အကင္စံု ဇေကာဖက္ခင္း (အကင်စုံ ဇကောဖက်ခင်း)

XXXXXXXXX          UNICODE  FONT   XXXXXXXXX

အကင်စုံ ဇကောဖက်ခင်း
•••••••••••••••••••••••

နှစ်သစ်ကူးပွဲနဲ့ မိတ်ဆုံစားပွဲ တွေအတွက် အလွန်သင့်တော်တဲ့ အကင်ပုံစံ လေးပါပဲ ။ ဇကော ၁ခု ရဲ့ ပါဝင်ပစ္စည်းများ ကုန်ကျစရိတ်က ၈သောင်း ဝန်းကျင် ဆိုတော့ မဆိုးပါဘူး။
..
ပါဝင်ပစ္စည်းများ

ကြက်မဲ - ၁ကောင်
ဝက်အူပိတ် ၊ ဝက်အူချို
ဝက်သုံးထပ်သား ၊ ဝက်နားရွက်
ဝက်သား ၊ ဝက်လျှာ
ဝက်နှလုံး ၊အသည်း
ဆိတ်သား
ရေချိုပုစွန်ထုပ်
တီလာဗီးယားငါး
ကြာဖူး ၊ ပိန်းဥ ၊ အာလူး အသေး
မှို ၊ ငရုတ်ပွသီး ၊ ခရမ်းချဉ်သီး
ပြောင်းဖူး
ဆန်စီး - နို့ဆီဖူး ၂လုံး
မုန်လာဥနီ - ၁လုံး
..
ပြုလုပ်ပုံ

အသားနဲ့ ကလီစာများကို ဂျင်းထောင်းပီး အရည် ညှစ်ထည့်ပါ ။
တရုတ် ငါးမျိုးစပ် မာဆလာ ၊ ဆား ၊ သကြား နဲ့ ငရုတ်သီး အစိမ်းမှုန့် တိုနဲ့ ရောနယ်ပါ ။ အသားနူး မြန်အောင် မီးတောက် အရက်ပြင်း အနည်းငယ် ဖြင့် ၄နာရီ ခန့် နှပ်ထားပါ။
..
နှပ်ဖို့ အချိန်မရ ရင်တော့ အူချို၊အူပိတ် ၊ နားရွက် ၊ နှလုံး နဲ့ ဆိတ်သား ကို ပေါင်းအိုးနဲ့ ၁နာရီ ခန့် ပေါင်းပီး မှ တုတ်ထိုးကင်ပါ ။
အရင်ဆုံး ကင်ရမှာ ကတော့ ကြက်ကောင်လုံးပါ ။ ကြက်ကို သံပုံးထဲမှာ အလုံပိတ်ပြီး မီးပျော့ပျော့ နဲ့ နာရီဝက် ခန့်ကင်ပါ ။ ကျန်တဲ့ အသားကလီစာ နဲ့ ငါး ပုစွန်တွေ ကိုတော့ မိနစ် ၂၀ ခန့် ကင်ပါ ။ အသီးအရွက် ကတော့ ၁ဝမိနစ် ဆိုရင်ရပါတယ် ။
..
နောက်ဆုံးမှာ ဇကော ကို ဖက်ခင်း ပီး ချက်ထားတဲ့ ထမင်းထည့်ပါ ။ အပေါ် မှာ ဥနီ ပါးပါး လှီးထားတာ ဖြူးပီး ပုံပါအတိုင်း (သို့မဟုတ်) မိမိ စိတ်ကြိုက် ပြင်ဆင်ပါ။တွဲဖက် စာရန် ကောင်းတဲ့ အချဉ် ကတော့ ငရုတ်သီး စိမ်း ၊ ဂျင်း ၊ ကြက်သွန်ဖြူရော ထောင်းပီး သံပုရာရည် ၊ သကြား ထည့်ထာ တဲ့ ချဉ်စပ် အချဉ်ပါပဲ။
..
Credit : Zaw Min Htwe

XXXXXXXX           ZAEGYI  GONT     XXXXXXXXX

အကင္စံု ဇေကာဖက္ခင္း
•••••••••••••••••••••••
နွစ္သစ္ကူးပြဲနဲ႔ မိတ္ဆံုစားပြဲ ေတြအတြက္ အလြန္သင့္ေတာ္တဲ့ အကင္ပံုစံ ေလးပါပဲ ။ ဇေကာ ၁ခု ရဲ႕ ပါဝင္ပစၥည္းမ်ား ကုန္က်စရိတ္က ၈ေသာင္း ဝန္းက်င္ ဆိုေတာ့ မဆိုးပါဘူး။
..
ပါဝင္ပစၥည္းမ်ား

ၾကက္မဲ - ၁ေကာင္
ဝက္အူပိတ္ ၊ ဝက္အူခ်ိဳ
ဝက္သံုးထပ္သား ၊ ဝက္နားရြက္
ဝက္သား ၊ ဝက္လၽွာ
ဝက္ႏွလံုး ၊အသည္း
ဆိတ္သား
ေရခ်ိဳပုစြန္ထုပ္
တီလာဗီးယားငါး
ၾကာဖူး ၊ ပိန္းဥ ၊ အာလူး အေသး
မႈိ ၊ ငရုတ္ပြသီး ၊ ခရမ္းခ်ဥ္သီး
ေျပာင္းဖူး
ဆန္စီး - ႏို႔ဆီဖူး ၂လံုး
မုန္လာဥနီ - ၁လံုး
..
ျပဳလုပ္ပံု
အသားနဲ႔ ကလီစာမ်ားကို ဂ်င္းေထာင္းပီး အရည္ ညႇစ္ထည့္ပါ ။
တရုတ္ ငါးမ်ိဳးစပ္ မာဆလာ ၊ ဆား ၊ သၾကား နဲ႔ ငရုတ္သီး အစိမ္းမႈန္႔ တိုနဲ႔ ေရာနယ္ပါ ။ အသားႏူး ျမန္ေအာင္ မီးေတာက္ အရက္ျပင္း အနည္းငယ္ ျဖင့္ ၄နာရီ ခန္႔ ႏွပ္ထားပါ။
..
နွပ္ဖို႔ အခ်ိန္မရ ရင္ေတာ့ အူခ်ိဳ၊အူပိတ္ ၊ နားရြက္ ၊ နွလံုး နဲ႔ ဆိတ္သား ကို ေပါင္းအိုးနဲ႔ ၁နာရီ ခန္႔ ေပါင္းပီး မွ တုတ္ထိုးကင္ပါ ။
အရင္ဆံုး ကင္ရမွာ ကေတာ့ ၾကက္ေကာင္လံုးပါ ။ ၾကက္ကို သံပံုးထဲမွာ အလံုပိတ္ျပီး မီးေပ်ာ့ေပ်ာ့ နဲ႔ နာရီဝက္ ခန္႔ကင္ပါ ။ က်န္တဲ့ အသားကလီစာ နဲ႔ ငါး ပုစြန္ေတြ ကိုေတာ့ မိနစ္ ၂၀ ခန္႔ ကင္ပါ ။ အသီးအရြက္ ကေတာ့ ၁၀မိနစ္ ဆိုရင္ရပါတယ္ ။
..
ေနာက္ဆံုးမွာ ဇေကာ ကို ဖက္ခင္း ပီး ခ်က္ထားတဲ့ ထမင္းထည့္ပါ ။ အေပၚ မွာ ဥနီ ပါးပါး လွီးထားတာ ျဖဴးပီး ပံုပါအတိုင္း (သို႔မဟုတ္) မိမိ စိတ္ႀကိဳက္ ျပင္ဆင္ပါ။တြဲဖက္ စာရန္ ေကာင္းတဲ့ အခ်ဥ္ ကေတာ့ ငရုတ္သီး စိမ္း ၊ ဂ်င္း ၊ ၾကက္သြန္ျဖဴေရာ ေထာင္းပီး သံပုရာရည္ ၊ သၾကား ထည့္ထာ တဲ့ ခ်ဥ္စပ္ အခ်ဥ္ပါပဲ။
..
Credit : Zaw Min Htwe


 Image may contain: food

Image may contain: plant and food

Comments