XXXXXXXXXX UNICODE XXXXXXXX
လိုအပ်မည့်ပစ္စည်း - အိမ်ထောင်စု (၁၀ဝ) အတွက်ခန့်မှန်းတွက်ချက်ထားပါသည်။
ခြင်း
အထက်အဝ အချင်း (၁၂) လက်မ၊ အောက်ခြေအချင်း (၁၀) လက်မ (၇ ဂါလံဆန့်) ရှိသော လက်ဆွဲ ကိုင်းပါ ပလတ်စတစ်ရေပုံးငယ်၊ အောက်ခြေမှ (၁) လက်မအမြင့်တွင် ပလပ်စတစ် ရေပိုက်ခေါင်းကို တပ်ဆင်ပြီး ပုံး၏ အတွင်းပိုင်းအောက်ခြေတွင် (၁၀) လက်မအချင်းရှိ ပလပ်စတစ်ဇကာခုံးကို မှောက်၍ ထည့်ပေးပါ။
လွှစာဘိုကာရှီ ပြုလုပ်ခြင်း
ဆန်ဖွဲနု၊ လွှစာနှင့် ကြက်ချေးတို့ကို (၆: ၃: ၁) ထည့်ရောပါ။ သို့မဟုတ် ဆန်ဖွဲနု (၂၄) ပိဿာ၊ လွှစာ (၁၂) ပိဿာ နှင့် ကြက်ချေး (၄) ပိဿာတို့ကို သမအောင်ရောစပ်ပါ။ တင်လဲရည်ဖြင့် ဖောက်ထားသော အီးအမ်ဖျော်ရည်အား (၁: ၁၀ဝ) အချိုးရေဖြင့် ထပ်ရောပါ။ ထိုသို့မဟုတ်ပါက တင်လဲရည်ဖြင့် ဖောက်ထားသော အီးအမ်ဖျော်ရည် (၅၀ဝ) စီစီအား ရေ (၁၀) ဂါလံနှင့်ရောစပ်၍ ရောထားသော ကုန်ကြမ်းများအပေါ်မှ အနည်းငယ်စီဖျန်းပေးပြီး သမအောင်ထပ်မွှေပေးပါ။ ကုန်ကြမ်းများကို လက်ဖြင့် အားယူဆုပ်ကြည့်လျှင် လက်ချောင်းများကြားမှ ရေစိမ့်ထွက်လျှင် အစိုဓါတ် အနေတော်ဖြစ်ပါသည်။ အစိုဓါတ်အနေတော်ထိ အီးအမ်ဖျော်ရည်ဖျန်းပေးပါက ပလပ်စတစ်တစ်ထပ်ခံထားသော ပီနန်အိတ်တွင်ထည့်၍ လေလုံအောင်စီးပြီး အရိပ်အောက်တွင် တစ်ပတ်ကြာထားပါ။ တစ်ပတ်အချဉ်ဖောက်ထားစဉ် ရာသီဥတုအေးပါက ပလပ်စတစ်အစဖြင့် ထပ်မံအုပ်ထားပေးပါ။ တစ်ပတ်ပြည့်၍ အိတ်ကိုဖွင့်ကြည့်ပါက မှိုအမျှင်အဖြူများ ထွက်နေလျှင် အရိပ်အောက်တွင် လေသလပ်အခြောက်ခံပြီး တစ်ကြိမ်စာ (၁၅) ကျပ်သားအထုပ်များ ထုတ်ပိုး ပါ။ အထုပ်ပေါင်း (၂၆၀) အထိရရှိနိုင်သည်။
လွှစာဘိုကာရှီ အသုံးပြုရန် နှုန်းထား
အမှိုက်ပုံး (၁) လုံးလျှင်တစ်ကြိမ် အမှိုက်ပြည့်သည်အထိ လွှစာဘိုကာရှီ (၁၅) ကျပ်သား တစ်ထုပ်နှုန်း အသုံးပြုရန်ဖြစ်သည်။ တစ်လစာအတွက် (၄) ထုပ်အသုံးပြုလျှင် လုံလောက်ပါ သည်။ ထို့ကြောင့် အိမ်ထောင်စု (၁၀ဝ) တစ်လစာအတွက် (၁၅) ကျပ်သား လွှစာဘိုကာရှီ အထုပ်ပေါင်း (၂၆၀) လိုအပ်မည်ဖြစ်ပါသည်။
လွှစာဘိုကာရှီသုံး အမှိုက်ပုံးအသုံးပြုနည်း
- အမှိုက်ပုံးကို အမှောင်ကျသောနေရာ၊ အနည်းငယ်ပူနွေးသောနေရာတွင် ထားပါ။
- မီးဖိုချောင်မှ နေ့စဉ်ထွက်ရှိသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥခွံ၊ ထမင်းဟင်း အကျန်၊ ဘုရားပန်း စသည့်အားလုံးထည့်နိုင်သည်။ (ပလပ်စတစ်ပစ္စည်း၊ ပုလင်းကွဲ၊ ပုလင်းခွံ၊ သံဘူးခွံနှင့် ပုပ်နေ ပြီဖြစ်သော ပစ္စည်းများမထည့်ရပါ)
- စွန့်ပစ်ပစ္စည်းတစ်လွှာထည့်ပြီးတိုင်း ဖိသိပ်ပေးပါ။ အပေါ်မှ လွှစာဘိုကာရှီအခြောက်မှုန့် လက် တစ်ဆုတ်စာ ဖြူးထည့်ပါ။ အမှိုက်ပုံးအဖုံးကို အမြဲပြန်ဖုံးထားပါ။ ယင်ကောင်အလာနည်း၍ အပုပ်နံ့ကင်းကြောင်း တွေ့ရပါမည်။
- စားကြွင်းစားကျန်များ ရေများလွန်းပါက ရေစစ်ပြီးမှ ပုံးထဲထည့်ပါ။
- စွန့်ပစ်ပစ္စည်းထည့်နေစဉ်နှင့် ပုံးပြည့်ပြီးနောက်ပိုင်း ပုံးအောက်ခြေရေပိုက်မှတဆင့် အရည်များ နေ့စဉ် ဖွင့်ချစုဆောင်းထားပါ။ ထိုအရည်သည် အပုပ်နံ့ကင်း၍ ချဉ်ဖတ်နံ့ထွက်ပြီး အော်ဂဲနစ် မြေဩဇာရည်အဖြစ် အသုံးပြုနိုင်ပါသည်။
- စုဆောင်းထားရှိသော အပုပ်ရည်အား ရေနှင့် (၁: ၁၀ဝ) ဆ ထပ်မံရောပြီး မိမိနှစ်သက်ရာ ပန်းပင်၊ ဟင်းသီးဟင်းရွက်ပင်၊ စားသုံးပင်များကို အရွက်ပေါ်မှဖျန်းပေးပါက ကြီးထွားနှုန်း ကောင်းစေပါသည်။
- အမှိုက်ပုံးထဲတွင် စွန့်ပစ်ပစ္စည်းများပြည့်သွားလျှင် အဖုံးလုံအောင်ဖုံးပြီး အရိပ်ထဲတွင် တစ်ပတ် ခန့် ဆက်၍ထားပါ။ ဤသို့ထားစဉ် ပုံးအောက်ခြေ ရေပိုက်ခေါင်းမှ နေ့စဉ် အပုပ်ရည်များ ဖွင့်ထုတ်စုဆောင်းထားပါ။
- ပုံးပြည့်ပြီး အရိပ်ထဲတွင် တစ်ပတ်ခန့်ထားပြီးနောက် မိမိအိမ်ဘေး (သို့) သင့်တော်သောနေရာ တွင် ကျင်းငယ် ၂ ပေ ပတ်လည်ခန့်တူး၍ ပုံးအတွင်းမှ အချဉ်ပေါက်နေသောပစ္စည်းများကို မြေကြီးအနည်းငယ် ထပ်မံရောစပ်ပြီး ကျင်းထဲထည့်ပါ။ ဖိသိပ်ပေးပါ။ အပေါ်ဆုံးမှ မြေကြီး (၄) လက်မခန့် အလွှာပြန်ဖုံးထားပါ။ တစ်လခန့်အကြာ အသင့်သုံးနိုင်သော မြေဆွေးရရှိပါသည်။
- အမှိုက်ပုံးအားရေဆေးပြီး ဆက်လက်အသုံးပြုနိုင်သည်။
ရရှိနိုင်သောအကျိုးကျေးဇူး
- မီးဖိုချောင်မှထွက်ရှိသော စားကြွင်းကင်းစားကျန်များမှ အပုပ်နံကင်းပြီး ယင်ကောင်မလာ သဖြင့် မိသားစုတစ်စုချင်းမှ ပတ်ဝန်းကျင်တစ်ခုလုံး ညစ်ညမ်းမှုမှ ကာကွယ်နိုင်ခြင်း။
- မိသားစုအတွင်း တနိုင်တပိုင်စိုက်ပျိုးထားသော ပန်းအလှပင်၊ ဟင်းသီးဟင်းရွက်အပင်များ အတွက် ဖျန်းရန်မြေဩဇာရည်နှင့် ထည့်ပေးရန်မြေဆွေး ပုံမှန်ရရှိစေနိုင်ခြင်း။
Green Way
XXXXXXXXXX ZAWGYI FONT XXXXXX
လိုအပ္မည့္ပစၥည္း - အိမ္ေထာင္စု (၁၀ဝ) အတြက္ခန႔္မွန္းတြက္ခ်က္ထားပါသည္။
ျခင္း
အထက္အဝ အခ်င္း (၁၂) လက္မ၊ ေအာက္ေျခအခ်င္း (၁၀) လက္မ (၇ ဂါလံဆန႔္) ရွိေသာ လက္ဆြဲ ကိုင္းပါ ပလတ္စတစ္ေရပုံးငယ္၊ ေအာက္ေျခမွ (၁) လက္မအျမင့္တြင္ ပလပ္စတစ္ ေရပိုက္ေခါင္းကို တပ္ဆင္ၿပီး ပုံး၏ အတြင္းပိုင္းေအာက္ေျခတြင္ (၁၀) လက္မအခ်င္းရွိ ပလပ္စတစ္ဇကာခုံးကို ေမွာက္၍ ထည့္ေပးပါ။
လႊစာဘိုကာရွီ ျပဳလုပ္ျခင္း
ဆန္ဖြဲႏု၊ လႊစာႏွင့္ ၾကက္ေခ်းတို႔ကို (၆: ၃: ၁) ထည့္ေရာပါ။ သို႔မဟုတ္ ဆန္ဖြဲႏု (၂၄) ပိႆာ၊ လႊစာ (၁၂) ပိႆာ ႏွင့္ ၾကက္ေခ်း (၄) ပိႆာတို႔ကို သမေအာင္ေရာစပ္ပါ။ တင္လဲရည္ျဖင့္ ေဖာက္ထားေသာ အီးအမ္ေဖ်ာ္ရည္အား (၁: ၁၀ဝ) အခ်ိဳးေရျဖင့္ ထပ္ေရာပါ။ ထိုသို႔မဟုတ္ပါက တင္လဲရည္ျဖင့္ ေဖာက္ထားေသာ အီးအမ္ေဖ်ာ္ရည္ (၅၀ဝ) စီစီအား ေရ (၁၀) ဂါလံႏွင့္ေရာစပ္၍ ေရာထားေသာ ကုန္ၾကမ္းမ်ားအေပၚမွ အနည္းငယ္စီဖ်န္းေပးၿပီး သမေအာင္ထပ္ေမႊေပးပါ။ ကုန္ၾကမ္းမ်ားကို လက္ျဖင့္ အားယူဆုပ္ၾကည့္လၽွင္ လက္ေခ်ာင္းမ်ားၾကားမွ ေရစိမ့္ထြက္လၽွင္ အစိုဓါတ္ အေနေတာ္ျဖစ္ပါသည္။ အစိုဓါတ္အေနေတာ္ထိ အီးအမ္ေဖ်ာ္ရည္ဖ်န္းေပးပါက ပလပ္စတစ္တစ္ထပ္ခံထားေသာ ပီနန္အိတ္တြင္ထည့္၍ ေလလုံေအာင္စီးၿပီး အရိပ္ေအာက္တြင္ တစ္ပတ္ၾကာထားပါ။ တစ္ပတ္အခ်ဥ္ေဖာက္ထားစဥ္ ရာသီဥတုေအးပါက ပလပ္စတစ္အစျဖင့္ ထပ္မံအုပ္ထားေပးပါ။ တစ္ပတ္ျပည့္၍ အိတ္ကိုဖြင့္ၾကည့္ပါက မွိုအမၽွင္အျဖဴမ်ား ထြက္ေနလၽွင္ အရိပ္ေအာက္တြင္ ေလသလပ္အေျခာက္ခံၿပီး တစ္ႀကိမ္စာ (၁၅) က်ပ္သားအထုပ္မ်ား ထုတ္ပိုး ပါ။ အထုပ္ေပါင္း (၂၆၀) အထိရရွိနိုင္သည္။
လႊစာဘိုကာရွီ အသုံးျပဳရန္ ႏႈန္းထား
အမွိုက္ပုံး (၁) လုံးလၽွင္တစ္ႀကိမ္ အမွိုက္ျပည့္သည္အထိ လႊစာဘိုကာရွီ (၁၅) က်ပ္သား တစ္ထုပ္ႏႈန္း အသုံးျပဳရန္ျဖစ္သည္။ တစ္လစာအတြက္ (၄) ထုပ္အသုံးျပဳလၽွင္ လုံေလာက္ပါ သည္။ ထို႔ေၾကာင့္ အိမ္ေထာင္စု (၁၀ဝ) တစ္လစာအတြက္ (၁၅) က်ပ္သား လႊစာဘိုကာရွီ အထုပ္ေပါင္း (၂၆၀) လိုအပ္မည္ျဖစ္ပါသည္။
လႊစာဘိုကာရွီသုံး အမွိုက္ပုံးအသုံးျပဳနည္း
- အမွိုက္ပုံးကို အေမွာင္က်ေသာေနရာ၊ အနည္းငယ္ပူေႏြးေသာေနရာတြင္ ထားပါ။
- မီးဖိုေခ်ာင္မွ ေန႔စဥ္ထြက္ရွိေသာ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္၊ ၾကက္ဥခြံ၊ ထမင္းဟင္း အက်န္၊ ဘုရားပန္း စသည့္အားလုံးထည့္နိုင္သည္။ (ပလပ္စတစ္ပစၥည္း၊ ပုလင္းကြဲ၊ ပုလင္းခြံ၊ သံဘူးခြံႏွင့္ ပုပ္ေန ၿပီျဖစ္ေသာ ပစၥည္းမ်ားမထည့္ရပါ)
- စြန႔္ပစ္ပစၥည္းတစ္လႊာထည့္ၿပီးတိုင္း ဖိသိပ္ေပးပါ။ အေပၚမွ လႊစာဘိုကာရွီအေျခာက္မႈန႔္ လက္ တစ္ဆုတ္စာ ျဖဴးထည့္ပါ။ အမွိုက္ပုံးအဖုံးကို အျမဲျပန္ဖုံးထားပါ။ ယင္ေကာင္အလာနည္း၍ အပုပ္နံ့ကင္းေၾကာင္း ေတြ႕ရပါမည္။
- စားႂကြင္းစားက်န္မ်ား ေရမ်ားလြန္းပါက ေရစစ္ၿပီးမွ ပုံးထဲထည့္ပါ။
- စြန႔္ပစ္ပစၥည္းထည့္ေနစဥ္ႏွင့္ ပုံးျပည့္ၿပီးေနာက္ပိုင္း ပုံးေအာက္ေျခေရပိုက္မွတဆင့္ အရည္မ်ား ေန႔စဥ္ ဖြင့္ခ်စုေဆာင္းထားပါ။ ထိုအရည္သည္ အပုပ္နံ့ကင္း၍ ခ်ဥ္ဖတ္နံ့ထြက္ၿပီး ေအာ္ဂဲနစ္ ေျမဩဇာရည္အျဖစ္ အသုံးျပဳနိုင္ပါသည္။
- စုေဆာင္းထားရွိေသာ အပုပ္ရည္အား ေရႏွင့္ (၁: ၁၀ဝ) ဆ ထပ္မံေရာၿပီး မိမိႏွစ္သက္ရာ ပန္းပင္၊ ဟင္းသီးဟင္းရြက္ပင္၊ စားသုံးပင္မ်ားကို အရြက္ေပၚမွဖ်န္းေပးပါက ႀကီးထြားႏႈန္း ေကာင္းေစပါသည္။
- အမွိုက္ပုံးထဲတြင္ စြန႔္ပစ္ပစၥည္းမ်ားျပည့္သြားလၽွင္ အဖုံးလုံေအာင္ဖုံးၿပီး အရိပ္ထဲတြင္ တစ္ပတ္ ခန႔္ ဆက္၍ထားပါ။ ဤသို႔ထားစဥ္ ပုံးေအာက္ေၿခ ေရပိုက္ေခါင္းမွ ေန႔စဥ္ အပုပ္ရည္မ်ား ဖြင့္ထုတ္စုေဆာင္းထားပါ။
- ပုံးျပည့္ၿပီး အရိပ္ထဲတြင္ တစ္ပတ္ခန႔္ထားၿပီးေနာက္ မိမိအိမ္ေဘး (သို႔) သင့္ေတာ္ေသာေနရာ တြင္ က်င္းငယ္ ၂ ေပ ပတ္လည္ခန႔္တူး၍ ပုံးအတြင္းမွ အခ်ဥ္ေပါက္ေနေသာပစၥည္းမ်ားကို ေျမႀကီးအနည္းငယ္ ထပ္မံေရာစပ္ၿပီး က်င္းထဲထည့္ပါ။ ဖိသိပ္ေပးပါ။ အေပၚဆုံးမွ ေျမႀကီး (၄) လက္မခန႔္ အလႊာျပန္ဖုံးထားပါ။ တစ္လခန႔္အၾကာ အသင့္သုံးနိုင္ေသာ ေျမေဆြးရရွိပါသည္။
- အမွိုက္ပုံးအားေရေဆးၿပီး ဆက္လက္အသုံးျပဳနိုင္သည္။
ရရွိနိုင္ေသာအက်ိဳးေက်းဇူး
- မီးဖိုေခ်ာင္မွထြက္ရွိေသာ စားႂကြင္းကင္းစားက်န္မ်ားမွ အပုပ္နံကင္းၿပီး ယင္ေကာင္မလာ သျဖင့္ မိသားစုတစ္စုခ်င္းမွ ပတ္ဝန္းက်င္တစ္ခုလုံး ညစ္ညမ္းမႈမွ ကာကြယ္နိုင္ျခင္း။
- မိသားစုအတြင္း တနိုင္တပိုင္စိုက္ပ်ိဳးထားေသာ ပန္းအလွပင္၊ ဟင္းသီးဟင္းရြက္အပင္မ်ား အတြက္ ဖ်န္းရန္ေျမဩဇာရည္ႏွင့္ ထည့္ေပးရန္ေျမေဆြး ပုံမွန္ရရွိေစနိုင္ျခင္း။


Comments
Post a Comment