သရက္ ျပဳျပင္ထုတ္လုပ္နည္းမ်ား(သရက် ပြုပြင်ထုတ်လုပ်နည်းများ)


XXXXXX  UNICODE  XXXXXX

သရက် ပြုပြင်ထုတ်လုပ်နည်းများ

သရက်သီးသည် မြန်မာ့နိုင်ငံတွင် ရှေးပဝေသဏီမှပင် ရှိခဲ့သောသီးနှံဖြစ်သည်။ မြန်မာစကားတွင် ‘အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလဖက်’ ဟု ဆိုရိုးရှိသည်။ အသီးအားလုံးတွင် သရက်သီးသည် စား၍ အကောင်းဆုံးဟု ဆိုလိုသည်။ သရက်သီးကို မည်မျှပင် စားစေကာမူ မုန်းသွားသည်ဟူ၍ မရှိပါ။ လူငယ်စကားဖြင့်ပြောရလျှင် အမုန်းဆွဲ လည်း မမုန်းပါ။ သရက်သီး၏ ချိုချဉ်အရသာကြောင့်ပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မှတ်တမ်းများအရ သရက်သီး အမျိုးအမည်ပေါင်း (၁၉၀) ကျော် ရှိကြောင်း သိရပါသည်။ မျိုးအားလုံး သူ့နေရာနှင့်သူ အသုံးတည့်သည်။ ဥပမာ သရက်ချဉ်သိပ်လျှင် ကောင်းသောမျိုး၊ သရက်သီး ဆီစိမ်လုပ်လျှင် ကောင်းသောမျိုး၊ အစိမ်းစား၍ ကောင်းသောမျိုး၊ အမှည့်စား၍ ကောင်းသောမျိုး၊ သရက်မျိုးပွားရာတွင် အောက်ခံပင်အဖြစ် အသုံးပြု၍ ကောင်းသောမျိုး၊ စောပေါ်သောမျိုး၊ နောက်ကျမှ ပေါ်သောမျိုး စသဖြင့် အသုံးဝင်ကြပါသည်။ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မြကျောက်၊ သံကွန်ချာ၊ မစောရင်၊ ပတ္တမြားငမောက်၊ မသီ၊ နို့ဆီ၊ သကြား၊ ဗြုတ်သီး စသည်တို့သည် အမှည့်စား၍ကောင်းသော နံမည်ကြီးမျိုးများ ဖြစ် ပါသည်။ စိမ်းစားသီး၊ မချစ်စု၊ ဝါဆိုသီး၊ စိုင်သီး စသည်တို့မှာ အစိမ်းစား၍ ကောင်းသော မျိုးများ ဖြစ်ကြသည်။
မြန်မာပြည် မှ ထွက်သည့် သရက်သီးများအနက် မန္တလေးတိုင်းမှ ထွက်သော စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ မျိုးတို့ကို လွန်ခဲ့သော(၂၇)နှစ် (၁၉၈၉) ခုနှစ် မှစ၍ တရုတ်ပြည်သို့ နယ်စပ်ကုန်သွယ်ရေးအဖြစ် တွင်ကျယ်စွာ ရောင်းချခဲ့သည်။ ထိုသို့ ရောင်းချ လာကြသော်လည်း စျေးနှုန်းများမှာ ကိုယ်ကြိုက်စျေး မရရှိဘဲ တရုတ်လက်ဝယ်သာ ရှိနေသေးကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန မှ ထုံးဘို ဥယျာဉ်ခြံတွင် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်း (KIOCA) နှင့် ပူးပေါင်း၍ ရိတ်သိမ်းချိန်လွန် နည်းပညာ သင်တန်းကျောင်းကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့က စတင် ဖွင့်လှစ် ပေးခဲ့ပြီး တောင်သူများ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ဝန်ထမ်းများကို ရိတ်သိမ်းချိန်လွန် နည်းပညာ များ သင်တန်း ပို့ချပေးလျှက်ရှိပါသည်။ ထိုသို့သင်တန်းများ ပို့ချပေးပြီးချိန်မှ စတင်၍ တောင်သူများ လိုက်နာကျင့်သုံးမှုများကြောင့် ရင့်မှည့်ချိန် မှန်မှန်ကန်ကန် ခူးဆွတ်ခြင်း၊ စနစ်တကျခူးဆွတ်ခြင်း၊ စနစ်တကျရွေးချယ်၍ အလုံးအရွယ်အစား ညီညီ ထည့်ခြင်း၊ စနစ်တကျ ထုတ်ပိုးစနစ်များ အသုံးပြုခြင်း တို့ကြောင့် ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံသာမက စင်္ကာပူနိုင်ငံနှင့် အခြားနိုင်ငံများသို့လည်း တင်ပို့ရောင်းချ နိုင်ခဲ့ သော ကြောင့် သရက်တောင်သူများ ဝင်ငွေ တိုးတက်လာကြောင်း သိရှိရပါသည်။ ယခုအခါ မြန်မာ့သရက်ကို အနောက် နိုင်ငံများကလည်း အလိုရှိလာသောကြောင့် တင်ပို့ ရောင်းချ နိုင်ရန်အတွက် လည်းကောင်း၊ ပြည်တွင်းစားသုံးသူများ အန္တရာယ်ကင်းစွာ စားသုံးနိုင်ရန် အတွက် လည်းကောင်း ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ GAP စနစ်ဖြင့် စနစ်တကျ စိုက်ပျိုးစေလျှက် GAP အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးလျှက်ရှိပါသည်။
သရက်သီးပို့ကုန် တနှစ်ထက်တနှစ် တိုးတက်ပို့ခဲ့သလို သရက် စိုက်ဧက များလည်း တိုးတက်ခဲ့သည်။ ရှမ်းပြည် တောင်ပိုင်းတွင် သရက်စိုက်ဧက အများအပြား တိုးတက် လာခြင်း၊ နေပြည်တော်တွင် စိုက်ဧက အများအပြား တိုးတက်လာခြင်းတို့မှာ သာဓက ဖြစ်သည်။ သရက်သီးစိုက်ဧက တိုးတက်လာသလို အရည်အသွေးကောင်း သရက်သီးများ ထုတ်လုပ်နိုင်ရန်လည်း ကြိုးစားဆောင် ရွက်ခဲ့ကြသည်။ ထိုသို့ တိုးတက်လာသည်နှင့်အမျှ အသီး ထွက်နှုန်းများလည်း တိုးတက်လာခဲ့သည်။
သို့သော်လည်း သရက်ထွက်ချိန် ရာသီသည် မြန်မာနိုင်ငံတွင် မိုးဦးလေဦး ကျချိန် ဖြစ်ခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ လေကြီးမိုးကြီးကျခြင်း၊ မိုးသီးများကျခြင်း တို့ကြောင့် သရက်တောင်သူများမှာ တခါတလေ မှန်းချက်နှင့် နှမ်းထွက် မကိုက် ဖြစ်ရတတ်ပါသည်။ ထိုသို့ဖြစ်ရပါက တောင်သူများကိုယ်ပိုင် တပိုင်တနိုင် စီပွားရေးလုပ်ငန်းများ ဆောင်ရွက်၍ သရက် အထွက်ဆုံးရှုံးခြင်းများ ကာမိစေရန် သရက် ပြုပြင်ထုတ်လုပ်နည်းများကို ရေးသား ဖော်ပြ လိုက်ရပါသည်။

သရက်ပြင်ပြုလုပ်နည်း
လိုအပ်သောပစ္စည်းများ
သရက်သီးအမှည့်
သကြား - သရက်သီးအမှည့် အနှစ် အလေးချိန်၏ ၁၀ - ၁၅ %
လိမ္မော်ရည် - သရက်နှစ် ၆၀ ကျပ်သား လျှင် ဇွန်းကြီး (၂) ဇွန်း
တာရှည်ခံဆေး (ပိုတက်ဆီယမ်မက်တာဘိုင်ဆာလဖိုက်) - သရက်သီးအနှစ် (၆၀) ကျပ်သား လျှင် ၂ ဂရမ်

ပြုလုပ်ပုံအဆင့်ဆင့်
- သရက်သီးမှည့်များကို ရေဖြင့် စင်ကြယ်အောင် ဆေးပါ။
- အခွံနွှာပြီး အတုန်းတုန်းပါ။
- ဆန်ခါဖြင့် အနှစ်တိုက်ထားပါ။
- သကြား၊ လိမ္မော်ရည်၊ တာရှည်ခံဆေး တို့ကို အချိုးတွက်၍ ရောမွှေပါ။
- မီးအေးအေးဖြင့် မွှေ၍ ၊ ၇၀ - ၈၀ ဒီဂရီ စင်တီဂရိတ်တွင် ၂ မိနစ်ခန့် မွှေပါ။
- ဆီသုတ်ထားသော ဗန်းတွင် ခပ်ပါးပါး လောင်းထည့်ပြီး နေလှမ်းပါ။ ၃ ပေ ပတ်လည် ဗန်းတစ်ချပ် လျှင် သရက်သီး ၉ ပိဿာ ထည့်နိုင်သည်။ သရက်သီး ၁၂ ပိဿာ လျှင် သရက်ပြင် (၁) ပိဿာ ရမှသာ ကြာကြာ အထားခံနိုင်သည်။

သရက်ပေါင်းပြုလုပ်နည်း
လိုအပ်သောပစ္စည်းများ
ယွင်းပြင်း သရက်သီးများ
ရေနွေး - ၁လီတာ
သကြား - ရေ (၁)လီတာလျှင် (၄၀-၆၀)ကျပ်သား
တာရှည်ခံဆေး (ပိုတက်ဆီယမ်မက်တာဘိုင်ဆာလဖိုက်) - ရေ (၁) လီတာလျှင် ၃ ဂရမ်
သံပုရာရေ - ရေ (၁) လီတာလျှင် ဇွန်းကြီး (၂) ဇွန်း
နွယ်ချို
ငရုတ်သီးမှုန့်
မဆလာ

ပြုလုပ်ပုံအဆင့်ဆင့်
- ယွင်းပြင်း သရက်သီးများကို ရွေးချယ် ရေဆေးပါ ။
- အခွံနွှာ၍ လက်မဝက်ခန့်အထူ အကွင်းလိုက် လှီးပါ။ အထက်ပါ အချိုးအစားအတိုင်း ရောစပ်ထားသော သကြားရေထဲတွင် ၁၈ နာရီ စိမ်ပါ။
- ဆယ်ယူပြီး နေလှမ်းပါ။ (အခြောက်မလွန်စေရန် ဂရုစိုက်ပါ။)
- မဆလာ၊ နွယ်ချို၊ ငရုတ်သီးမှုန့် ဆတူရော၍ သရက်သီးပေါင်းတွင် လူးနယ် စားသုံးနိုင်ပါသည်။

သရက်ဖျော်ရည်ပြုလုပ်နည်း
လိုအပ်သောပစ္စည်းများ
သရက်သီးအမှည့် အနှစ် - ၆၀ ကျပ်သား
သကြား - ၁၅ ကျပ်သား
ရေနွေး - ၁ လီတာ
သံပုရာရည် - စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်
- မှည့်သောသရက်သီးများကို ရေဆေး၍ အခွံနွှာကာ ဇကာတိုက်ထားပါ။
- သကြား၊ ရေနွေး၊ သံပုရာရည်တို့ကို အချိုးအစား မှန်ကန်စွာရောစပ်ပြီး အသီးနှစ်ရည် ဖြင့်ရောစပ် မွှေပါ။
- ပုလင်းများကို ကြိုတင်ဆေး၍ ပေါင်းထားပါ။ (ပိုးသန့်ခြင်း)
- ဖျော်ရည်ကို ပုလင်းတွင် ထည့်ပါ။ ပုလင်းများကို အိုးကြီးတွင် ထည့်၍ အပူပေးကာ နာရီဝက် ပေါင်းပါ။
- ထို့နောက် အအေးခံခြင်း၊ ရေဆေးခြင်း ပြုလုပ်၍ သောက်သုံးနိုင်ပါသည်။ ကြာရှည် ထားပါက ( ၁ ) နှစ် ခံပါသည်။

သရက်ယိုပြုလုပ်နည်း
လိုအပ်သောပစ္စည်းများ
သရက်သီးအမှည့် - ၁ပိဿာ
သကြား - ၆ဝကျပ်သား
သံပုရာရည် - စားပွဲဇွန်း ၄ ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
- မှည့်သောသရက်သီးများကို ရေဆေး၍ အခွံနွှာကာ အတုန်းသေးသေး တုန်းထားပါ။
- သရက်တုန်းများကို သကြား ၄၅ကျပ်သား၊ သံပုရာရည်ရော၍ မီးအေးအေးဖြင့် အပူပေးပါ။
- အမြဲမွှေပေးပါ။ အနည်းငယ် စေးပျစ်လာလျှင် သကြား ၁၅ ကျပ်သားနှင့် သံပုရာရည် ၁ ဇွန်း ထပ်ထည့်၍ ညောင်စေးကျသည်အထိ ကြိုပေးပါ။
- ညောင်စေးကျလျှင် ပုလင်းထဲထည့်ပါ။

သရက်သီးအစိမ်းယို
လိုအပ်သောပစ္စည်းများ
သရက်စိမ်းမျှင် (၁၀၀၀) ဂရမ်/ (၁၀) လုံးခန့်
သကြား (၈၀၀) ဂရမ်/ (၅၀)ကျပ်သား ခန့်
ရေသန့် ၃၅၀ ဂရမ် / စတီးခွက် (၁) ခွက်
သုံပုရာရေ (သို့) ရှောက်ရည် ၂၁ ဂရမ်/ (၁)လုံး ခန့်
ထုံး စားပွဲဇွန်း (၂) ဇွန်းခန့်
ပြုလုပ်ပုံအဆင့်ဆင့်
- ထုံးကိုရေ ၂ လီတာတွင် ထည့်ဖျော်ပြီး အရည်ကြည်စစ်ယူပါ။
- သရက်စိမ်းမျှင်များကို ထုံးရည်ကြည်တွင် ၂၀ မိနစ် ခန့် စိမ်ပါ။
- ရေသန့်ကို သကြားထည့်ကာ သကြားရည်ကို ရေစစ်ဖြင့် စစ်ယူပါ။
- ပြစ်လာသည်အထိ ကြိုပါ။ သရက်စိမ်းမျှင်များကို ရေစင်စင်ဆေး၍ ရေစစ် ထားပါ။
- သကြားရည်ပြစ်ပြစ်တွင် သရက်စိမ်းမျှင်များကို ထည့်ပါ ဆားအနည်းငယ် ထည့် ပေးပါ။ မီး မပူလွန်း မအေးလွန်း အခြေနေဖြင့် ထားပါ သရက်မျှင်များ အရောင်ကြည်လင် တောက်ပလာပါမည်။ ထိုအချိန်တွင် သံပုရာရည်ထည့်ပါ။ အစပ်စားလိုပါက ငြုတ်သီးမှုန့် အနည်းငယ်နှင့် မဆလာအနည်းငယ် ထည့်ပါ။ သရက်မျှင်များ တစ်ခုနှင့်တစ်ခု လှပစွာ ပူးကပ်လာပါက ဗန်းတွင်ဖြန့်၍ အအေးခံပါ။ အေးမှသာ လေလုံဘူး/ ပလပ်စတစ် ဘူးတွင် ထည့်သွင်း ထုတ်ပိုးပါ။

သရက် အစိမ်းသနပ်
ပါဝင်ပစ္စည်းများ
သရက်သီးအစိမ်း (၅)လုံး / ၈၅၀ ဂရမ်
ဆား (၄၀) ဂရမ်/ ၂.၅ ကျပ်သား
ပဲနံ့သာစေ့ (လှော်ပြီး) ၈ ဂရမ် / ၀.၅ ကျပ်သားခန့်
မုန်ညှင်းစေ့ (လှော်ပြီး) ၂၀ ဂရမ် / ၁.၂၅ ကျပ်သား
သနပ်မဆလာ (၄၀) ဂရမ်/ ၂.၅ ကျပ်သား
ငြုတ်သီးမှုန့် (၄၀) ဂရမ်/ ၂.၅ ကျပ်သား
ဆီ ၂၅၀ ဂရမ် / ၁၅ကျပ်သားခန့်
နနွင်း အနည်းငယ်
ဂျင်း (၄၀) ဂရမ် / ၂.၅ ကျပ်သား
ကြက်သွန်ဖြူ ၈၅ ဂရမ် / ၅ ကျပ်သားခန့်

ပြုလုပ်ပုံအဆင့်ဆင့်
- သရက်သီးအစိမ်းများကို သင့်တော်သလို စိတ်ကြိုက်ပုံစံ အတုံးလေးများတုံးပါ။ ရေအေးအေးဖြင့် (၁၅) မိနစ် ခန့် စိမ်ပါ။
- ထို့နောက် သရက်သီးများကို ဆယ်၍ ရေစစ်ထားပါ။ ဆားလူးနယ်၍ တစ်ညအိပ်ထားပါ။
နောက်နေ့တွင် နေလှမ်း၍ တစ်ည ပြန်စိမ်ပါ။
- ပဲနံသာစေ့၊ မုန်ညှင်းစေ့များကို သီးခြာစီ ရေဆေး၍ နေလှမ်းပါ။ လှော်ထားပါ။ မညက်တညက် ထောင်းထားပါ။
- သရက်သီးများနှင့် ပဲနံသာစေ့၊ မုန်ညှင်းစေ့ထောင်းများကို ရောနယ်ပါ။
- မဆလာ တဝက်နှင့် ငရုတ်သီးမှုန့် တဝက်တို့ကိုပါ ရောနယ်၍ သန့်စင်သောအိုးတွင် ထပ်၍ နှပ်ထားပါ။
- ဆီပူတွင် နနွင်းထည့်ပါ ဂျင်း၊ မဆလာနှင့် ငရုတ်သီး လက်ကျန်များကို ထည့်၍ မွှေပါ။ နှပ်ထားသော သရက်သီးများ ထည့်မွှေပါ။ သရက်သီးသနပ်ကို အအေးခံထားပါ။ အေးလျှင် ပုလင်း/ ဘူးသို့ ထည့်ပြီး ကြက်သွန်ဖြူများ ဖြူးထည့်ပါ။ ဆီလက်ကျန်များကို အကုန်ထည့်၍ ဆီမြုပ်အောင်ထားပါ ။

Thet Thet Nwe
CREDIT GREENWAY
XXXXXX  ZAWGYI FONT XXXXX
သရက္သီးသည္ ျမန္မာ့နိုင္ငံတြင္ ေရွးပေဝသဏီမွပင္ ရွိခဲ့ေသာသီးႏွံျဖစ္သည္။ ျမန္မာစကားတြင္ ‘အသီးမွာသရက္၊ အသားမွာဝက္၊ အရြက္မွာလဖက္’ ဟု ဆိုရိုးရွိသည္။ အသီးအားလုံးတြင္ သရက္သီးသည္ စား၍ အေကာင္းဆုံးဟု ဆိုလိုသည္။ သရက္သီးကို မည္မၽွပင္ စားေစကာမူ မုန္းသြားသည္ဟူ၍ မရွိပါ။ လူငယ္စကားျဖင့္ေျပာရလၽွင္ အမုန္းဆြဲ လည္း မမုန္းပါ။ သရက္သီး၏ ခ်ိဳခ်ဥ္အရသာေၾကာင့္ပင္ ျဖစ္ပါသည္။ ျမန္မာနိုင္ငံတြင္ မွတ္တမ္းမ်ားအရ သရက္သီး အမ်ိဳးအမည္ေပါင္း (၁၉၀) ေက်ာ္ ရွိေၾကာင္း သိရပါသည္။ မ်ိဳးအားလုံး သူ႔ေနရာႏွင့္သူ အသုံးတည့္သည္။ ဥပမာ သရက္ခ်ဥ္သိပ္လၽွင္ ေကာင္းေသာမ်ိဳး၊ သရက္သီး ဆီစိမ္လုပ္လၽွင္ ေကာင္းေသာမ်ိဳး၊ အစိမ္းစား၍ ေကာင္းေသာမ်ိဳး၊ အမွည့္စား၍ ေကာင္းေသာမ်ိဳး၊ သရက္မ်ိဳးပြားရာတြင္ ေအာက္ခံပင္အျဖစ္ အသုံးျပဳ၍ ေကာင္းေသာမ်ိဳး၊ ေစာေပၚေသာမ်ိဳး၊ ေနာက္က်မွ ေပၚေသာမ်ိဳး စသျဖင့္ အသုံးဝင္ၾကပါသည္။ စိန္တလုံး၊ ေရႊဟသၤာ၊ ရင္ကြဲ၊ ျမေက်ာက္၊ သံကြန္ခ်ာ၊ မေစာရင္၊ ပတၱျမားငေမာက္၊ မသီ၊ နို႔ဆီ၊ သၾကား၊ ျဗဳတ္သီး စသည္တို႔သည္ အမွည့္စား၍ေကာင္းေသာ နံမည္ႀကီးမ်ိဳးမ်ား ျဖစ္ ပါသည္။ စိမ္းစားသီး၊ မခ်စ္စု၊ ဝါဆိုသီး၊ စိုင္သီး စသည္တို႔မွာ အစိမ္းစား၍ ေကာင္းေသာ မ်ိဳးမ်ား ျဖစ္ၾကသည္။
ျမန္မာျပည္ မွ ထြက္သည့္ သရက္သီးမ်ားအနက္ မႏၲေလးတိုင္းမွ ထြက္ေသာ စိန္တလုံး၊ ေရႊဟသၤာ၊ ရင္ကြဲ မ်ိဳးတို႔ကို လြန္ခဲ့ေသာ(၂၇)ႏွစ္ (၁၉၈၉) ခုႏွစ္ မွစ၍ တ႐ုတ္ျပည္သို႔ နယ္စပ္ကုန္သြယ္ေရးအျဖစ္ တြင္က်ယ္စြာ ေရာင္းခ်ခဲ့သည္။ ထိုသို႔ ေရာင္းခ် လာၾကေသာ္လည္း ေစ်းႏွုန္းမ်ားမွာ ကိုယ္ႀကိဳက္ေစ်း မရရွိဘဲ တ႐ုတ္လက္ဝယ္သာ ရွိေနေသးေၾကာင္း သိရွိရပါသည္။ သို႔ျဖစ္ရာ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေရးဦးစီးဌာန မွ ထုံးဘို ဥယ်ာဥ္ၿခံတြင္ ကိုရီးယား အျပည္ျပည္ဆိုင္ရာ ပူးေပါင္း ေဆာင္ရြက္ေရးအဖြဲ႕အစည္း (KIOCA) ႏွင့္ ပူးေပါင္း၍ ရိတ္သိမ္းခ်ိန္လြန္ နည္းပညာ သင္တန္းေက်ာင္းကို ၂၀၁၅ခုႏွစ္၊ ဒီဇင္ဘာလ (၂၃)ရက္ေန႔က စတင္ ဖြင့္လွစ္ ေပးခဲ့ၿပီး ေတာင္သူမ်ား၊ စိုက္ပ်ိဳးထုတ္လုပ္သူမ်ားႏွင့္ ဝန္ထမ္းမ်ားကို ရိတ္သိမ္းခ်ိန္လြန္ နည္းပညာ မ်ား သင္တန္း ပို႔ခ်ေပးလၽွက္ရွိပါသည္။ ထိုသို႔သင္တန္းမ်ား ပို႔ခ်ေပးၿပီးခ်ိန္မွ စတင္၍ ေတာင္သူမ်ား လိုက္နာက်င့္သုံးမွုမ်ားေၾကာင့္ ရင့္မွည့္ခ်ိန္ မွန္မွန္ကန္ကန္ ခူးဆြတ္ျခင္း၊ စနစ္တက်ခူးဆြတ္ျခင္း၊ စနစ္တက်ေရြးခ်ယ္၍ အလုံးအရြယ္အစား ညီညီ ထည့္ျခင္း၊ စနစ္တက် ထုတ္ပိုးစနစ္မ်ား အသုံးျပဳျခင္း တို႔ေၾကာင့္ ၂၀၁၇ ခုႏွစ္တြင္ တ႐ုတ္နိုင္ငံသာမက စကၤာပူနိုင္ငံႏွင့္ အျခားနိုင္ငံမ်ားသို႔လည္း တင္ပို႔ေရာင္းခ် နိုင္ခဲ့ ေသာ ေၾကာင့္ သရက္ေတာင္သူမ်ား ဝင္ေငြ တိုးတက္လာေၾကာင္း သိရွိရပါသည္။ ယခုအခါ ျမန္မာ့သရက္ကို အေနာက္ နိုင္ငံမ်ားကလည္း အလိုရွိလာေသာေၾကာင့္ တင္ပို႔ ေရာင္းခ် နိုင္ရန္အတြက္ လည္းေကာင္း၊ ျပည္တြင္းစားသုံးသူမ်ား အႏၲရာယ္ကင္းစြာ စားသုံးနိုင္ရန္ အတြက္ လည္းေကာင္း ရည္ရြယ္၍ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေရးဦးစီးဌာနမွ GAP စနစ္ျဖင့္ စနစ္တက် စိုက္ပ်ိဳးေစလၽွက္ GAP အသိအမွတ္ျပဳ လက္မွတ္မ်ား ထုတ္ေပးလၽွက္ရွိပါသည္။
သရက္သီးပို႔ကုန္ တႏွစ္ထက္တႏွစ္ တိုးတက္ပို႔ခဲ့သလို သရက္ စိုက္ဧက မ်ားလည္း တိုးတက္ခဲ့သည္။ ရွမ္းျပည္ ေတာင္ပိုင္းတြင္ သရက္စိုက္ဧက အမ်ားအျပား တိုးတက္ လာျခင္း၊ ေနျပည္ေတာ္တြင္ စိုက္ဧက အမ်ားအျပား တိုးတက္လာျခင္းတို႔မွာ သာဓက ျဖစ္သည္။ သရက္သီးစိုက္ဧက တိုးတက္လာသလို အရည္အေသြးေကာင္း သရက္သီးမ်ား ထုတ္လုပ္နိုင္ရန္လည္း ႀကိဳးစားေဆာင္ ရြက္ခဲ့ၾကသည္။ ထိုသို႔ တိုးတက္လာသည္ႏွင့္အမၽွ အသီး ထြက္ႏွုန္းမ်ားလည္း တိုးတက္လာခဲ့သည္။
သို႔ေသာ္လည္း သရက္ထြက္ခ်ိန္ ရာသီသည္ ျမန္မာနိုင္ငံတြင္ မိုးဦးေလဦး က်ခ်ိန္ ျဖစ္ျခင္း၊ ရာသီဥတုေဖာက္ျပန္ျခင္း၊ ေလႀကီးမိုးႀကီးက်ျခင္း၊ မိုးသီးမ်ားက်ျခင္း တို႔ေၾကာင့္ သရက္ေတာင္သူမ်ားမွာ တခါတေလ မွန္းခ်က္ႏွင့္ ႏွမ္းထြက္ မကိုက္ ျဖစ္ရတတ္ပါသည္။ ထိုသို႔ျဖစ္ရပါက ေတာင္သူမ်ားကိုယ္ပိုင္ တပိုင္တနိုင္ စီပြားေရးလုပ္ငန္းမ်ား ေဆာင္ရြက္၍ သရက္ အထြက္ဆုံးရွုံးျခင္းမ်ား ကာမိေစရန္ သရက္ ျပဳျပင္ထုတ္လုပ္နည္းမ်ားကို ေရးသား ေဖာ္ၿပ လိုက္ရပါသည္။
သရက္ျပင္ျပဳလုပ္နည္း
လိုအပ္ေသာပစၥည္းမ်ား
သရက္သီးအမွည့္
သၾကား - သရက္သီးအမွည့္ အႏွစ္ အေလးခ်ိန္၏ ၁၀ - ၁၅ %
လိေမၼာ္ရည္ - သရက္ႏွစ္ ၆၀ က်ပ္သား လၽွင္ ဇြန္းႀကီး (၂) ဇြန္း
တာရွည္ခံေဆး (ပိုတက္ဆီယမ္မက္တာဘိုင္ဆာလဖိုက္) - သရက္သီးအႏွစ္ (၆၀) က်ပ္သား လၽွင္ ၂ ဂရမ္
ျပဳလုပ္ပုံအဆင့္ဆင့္
- သရက္သီးမွည့္မ်ားကို ေရျဖင့္ စင္ၾကယ္ေအာင္ ေဆးပါ။
- အခြံႏႊာၿပီး အတုန္းတုန္းပါ။
- ဆန္ခါျဖင့္ အႏွစ္တိုက္ထားပါ။
- သၾကား၊ လိေမၼာ္ရည္၊ တာရွည္ခံေဆး တို႔ကို အခ်ိဳးတြက္၍ ေရာေမႊပါ။
- မီးေအးေအးျဖင့္ ေမႊ၍ ၊ ၇၀ - ၈၀ ဒီဂရီ စင္တီဂရိတ္တြင္ ၂ မိနစ္ခန္႔ ေမႊပါ။
- ဆီသုတ္ထားေသာ ဗန္းတြင္ ခပ္ပါးပါး ေလာင္းထည့္ၿပီး ေနလွမ္းပါ။ ၃ ေပ ပတ္လည္ ဗန္းတစ္ခ်ပ္ လၽွင္ သရက္သီး ၉ ပိႆာ ထည့္နိုင္သည္။ သရက္သီး ၁၂ ပိႆာ လၽွင္ သရက္ျပင္ (၁) ပိႆာ ရမွသာ ၾကာၾကာ အထားခံနိုင္သည္။
သရက္ေပါင္းျပဳလုပ္နည္း
လိုအပ္ေသာပစၥည္းမ်ား
ယြင္းျပင္း သရက္သီးမ်ား
ေရေႏြး - ၁လီတာ
သၾကား - ေရ (၁)လီတာလၽွင္ (၄၀-၆၀)က်ပ္သား
တာရွည္ခံေဆး (ပိုတက္ဆီယမ္မက္တာဘိုင္ဆာလဖိုက္) - ေရ (၁) လီတာလၽွင္ ၃ ဂရမ္
သံပုရာေရ - ေရ (၁) လီတာလၽွင္ ဇြန္းႀကီး (၂) ဇြန္း
ႏြယ္ခ်ိဳ
င႐ုတ္သီးမွုန္႔
မဆလာ
ျပဳလုပ္ပုံအဆင့္ဆင့္
- ယြင္းျပင္း သရက္သီးမ်ားကို ေရြးခ်ယ္ ေရေဆးပါ ။
- အခြံႏႊာ၍ လက္မဝက္ခန္႔အထူ အကြင္းလိုက္ လွီးပါ။ အထက္ပါ အခ်ိဳးအစားအတိုင္း ေရာစပ္ထားေသာ သၾကားေရထဲတြင္ ၁၈ နာရီ စိမ္ပါ။
- ဆယ္ယူၿပီး ေနလွမ္းပါ။ (အေျခာက္မလြန္ေစရန္ ဂ႐ုစိုက္ပါ။)
- မဆလာ၊ ႏြယ္ခ်ိဳ၊ င႐ုတ္သီးမွုန္႔ ဆတူေရာ၍ သရက္သီးေပါင္းတြင္ လူးနယ္ စားသုံးနိုင္ပါသည္။
သရက္ေဖ်ာ္ရည္ျပဳလုပ္နည္း
လိုအပ္ေသာပစၥည္းမ်ား
သရက္သီးအမွည့္ အႏွစ္ - ၆၀ က်ပ္သား
သၾကား - ၁၅ က်ပ္သား
ေရေႏြး - ၁ လီတာ
သံပုရာရည္ - စားပြဲဇြန္း ၂ ဇြန္း
ျပဳလုပ္ပုံအဆင့္ဆင့္
- မွည့္ေသာသရက္သီးမ်ားကို ေရေဆး၍ အခြံႏႊာကာ ဇကာတိုက္ထားပါ။
- သၾကား၊ ေရေႏြး၊ သံပုရာရည္တို႔ကို အခ်ိဳးအစား မွန္ကန္စြာေရာစပ္ၿပီး အသီးႏွစ္ရည္ ျဖင့္ေရာစပ္ ေမႊပါ။
- ပုလင္းမ်ားကို ႀကိဳတင္ေဆး၍ ေပါင္းထားပါ။ (ပိုးသန္႔ျခင္း)
- ေဖ်ာ္ရည္ကို ပုလင္းတြင္ ထည့္ပါ။ ပုလင္းမ်ားကို အိုးႀကီးတြင္ ထည့္၍ အပူေပးကာ နာရီဝက္ ေပါင္းပါ။
- ထို႔ေနာက္ အေအးခံျခင္း၊ ေရေဆးျခင္း ျပဳလုပ္၍ ေသာက္သုံးနိုင္ပါသည္။ ၾကာရွည္ ထားပါက ( ၁ ) ႏွစ္ ခံပါသည္။
သရက္ယိုျပဳလုပ္နည္း
လိုအပ္ေသာပစၥည္းမ်ား
သရက္သီးအမွည့္ - ၁ပိႆာ
သၾကား - ၆၀က်ပ္သား
သံပုရာရည္ - စားပြဲဇြန္း ၄ ဇြန္း
ျပဳလုပ္ပုံအဆင့္ဆင့္
- မွည့္ေသာသရက္သီးမ်ားကို ေရေဆး၍ အခြံႏႊာကာ အတုန္းေသးေသး တုန္းထားပါ။
- သရက္တုန္းမ်ားကို သၾကား ၄၅က်ပ္သား၊ သံပုရာရည္ေရာ၍ မီးေအးေအးျဖင့္ အပူေပးပါ။
- အျမဲေမႊေပးပါ။ အနည္းငယ္ ေစးပ်စ္လာလၽွင္ သၾကား ၁၅ က်ပ္သားႏွင့္ သံပုရာရည္ ၁ ဇြန္း ထပ္ထည့္၍ ေညာင္ေစးက်သည္အထိ ႀကိဳေပးပါ။
- ေညာင္ေစးက်လၽွင္ ပုလင္းထဲထည့္ပါ။
သရက္သီးအစိမ္းယို
လိုအပ္ေသာပစၥည္းမ်ား
သရက္စိမ္းမၽွင္ (၁၀၀၀) ဂရမ္/ (၁၀) လုံးခန္႔
သၾကား (၈၀၀) ဂရမ္/ (၅၀)က်ပ္သား ခန္႔
ေရသန္႔ ၃၅၀ ဂရမ္ / စတီးခြက္ (၁) ခြက္
သုံပုရာေရ (သို႔) ေရွာက္ရည္ ၂၁ ဂရမ္/ (၁)လုံး ခန္႔
ထုံး စားပြဲဇြန္း (၂) ဇြန္းခန္႔
ျပဳလုပ္ပုံအဆင့္ဆင့္
- ထုံးကိုေရ ၂ လီတာတြင္ ထည့္ေဖ်ာ္ၿပီး အရည္ၾကည္စစ္ယူပါ။
- သရက္စိမ္းမၽွင္မ်ားကို ထုံးရည္ၾကည္တြင္ ၂၀ မိနစ္ ခန္႔ စိမ္ပါ။
- ေရသန္႔ကို သၾကားထည့္ကာ သၾကားရည္ကို ေရစစ္ျဖင့္ စစ္ယူပါ။
- ျပစ္လာသည္အထိ ႀကိဳပါ။ သရက္စိမ္းမၽွင္မ်ားကို ေရစင္စင္ေဆး၍ ေရစစ္ ထားပါ။
- သၾကားရည္ျပစ္ျပစ္တြင္ သရက္စိမ္းမၽွင္မ်ားကို ထည့္ပါ ဆားအနည္းငယ္ ထည့္ ေပးပါ။ မီး မပူလြန္း မေအးလြန္း အေျခေနျဖင့္ ထားပါ သရက္မၽွင္မ်ား အေရာင္ၾကည္လင္ ေတာက္ပလာပါမည္။ ထိုအခ်ိန္တြင္ သံပုရာရည္ထည့္ပါ။ အစပ္စားလိုပါက ျငဳတ္သီးမွုန္႔ အနည္းငယ္ႏွင့္ မဆလာအနည္းငယ္ ထည့္ပါ။ သရက္မၽွင္မ်ား တစ္ခုႏွင့္တစ္ခု လွပစြာ ပူးကပ္လာပါက ဗန္းတြင္ျဖန္႔၍ အေအးခံပါ။ ေအးမွသာ ေလလုံဘူး/ ပလပ္စတစ္ ဘူးတြင္ ထည့္သြင္း ထုတ္ပိုးပါ။
သရက္ အစိမ္းသနပ္
ပါဝင္ပစၥည္းမ်ား
သရက္သီးအစိမ္း (၅)လုံး / ၈၅၀ ဂရမ္
ဆား (၄၀) ဂရမ္/ ၂.၅ က်ပ္သား
ပဲနံ့သာေစ့ (ေလွာ္ၿပီး) ၈ ဂရမ္ / ၀.၅ က်ပ္သားခန္႔
မုန္ညႇင္းေစ့ (ေလွာ္ၿပီး) ၂၀ ဂရမ္ / ၁.၂၅ က်ပ္သား
သနပ္မဆလာ (၄၀) ဂရမ္/ ၂.၅ က်ပ္သား
ျငဳတ္သီးမွုန္႔ (၄၀) ဂရမ္/ ၂.၅ က်ပ္သား
ဆီ ၂၅၀ ဂရမ္ / ၁၅က်ပ္သားခန္႔
နႏြင္း အနည္းငယ္
ဂ်င္း (၄၀) ဂရမ္ / ၂.၅ က်ပ္သား
ၾကက္သြန္ျဖဴ ၈၅ ဂရမ္ / ၅ က်ပ္သားခန္႔
ျပဳလုပ္ပုံအဆင့္ဆင့္
- သရက္သီးအစိမ္းမ်ားကို သင့္ေတာ္သလို စိတ္ႀကိဳက္ပုံစံ အတုံးေလးမ်ားတုံးပါ။ ေရေအးေအးျဖင့္ (၁၅) မိနစ္ ခန္႔ စိမ္ပါ။
- ထို႔ေနာက္ သရက္သီးမ်ားကို ဆယ္၍ ေရစစ္ထားပါ။ ဆားလူးနယ္၍ တစ္ညအိပ္ထားပါ။
ေနာက္ေန႔တြင္ ေနလွမ္း၍ တစ္ည ျပန္စိမ္ပါ။
- ပဲနံသာေစ့၊ မုန္ညႇင္းေစ့မ်ားကို သီးျခာစီ ေရေဆး၍ ေနလွမ္းပါ။ ေလွာ္ထားပါ။ မညက္တညက္ ေထာင္းထားပါ။
- သရက္သီးမ်ားႏွင့္ ပဲနံသာေစ့၊ မုန္ညႇင္းေစ့ေထာင္းမ်ားကို ေရာနယ္ပါ။
- မဆလာ တဝက္ႏွင့္ င႐ုတ္သီးမွုန္႔ တဝက္တို႔ကိုပါ ေရာနယ္၍ သန္႔စင္ေသာအိုးတြင္ ထပ္၍ ႏွပ္ထားပါ။
- ဆီပူတြင္ နႏြင္းထည့္ပါ ဂ်င္း၊ မဆလာႏွင့္ င႐ုတ္သီး လက္က်န္မ်ားကို ထည့္၍ ေမႊပါ။ ႏွပ္ထားေသာ သရက္သီးမ်ား ထည့္ေမႊပါ။ သရက္သီးသနပ္ကို အေအးခံထားပါ။ ေအးလၽွင္ ပုလင္း/ ဘူးသို႔ ထည့္ၿပီး ၾကက္သြန္ျဖဴမ်ား ျဖဴးထည့္ပါ။ ဆီလက္က်န္မ်ားကို အကုန္ထည့္၍ ဆီျမဳပ္ေအာင္ထားပါ ။
Thet Thet Nwe



making mango jam
making-mango-jam

Comments