ြ UNICODE FONT ဖင့် ဖတ်ရန်.... ညတိုင်း အိပ်ခါနီးမှာ တစ်ခွက်လောက် သောက်ပေးခြင်းဖြင့် သွားကျန်းမာရေးအတွက် သင့်တော်ခြင်း၊ ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်း၊ လန်းလန်းဆန်းဆန်း နိုးထနိုင်ခြင်း စသည်ဖြင့် ကောင်းကျိုးများစွာ ရရှိနိုင်ပါတယ်။ စပျစ်ဝိုင်ကို ၀ယ်သောက်မယ်ဆိုရင်တော့ ဘယ်လိုတွေ ပြုလုပ်ထားလဲ ဘာတွေ ပါလဲ မသိနိုင်တာကြောင့် အိမ်မှာပဲ စပျစ်ဝိုင်ပြုလုပ်နိုင်မဲ့ လွယ်ကူတဲ့ နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။ 
လိုအပ်သောပစ္စည်းများ
သကြား
ဆေး (Yeast) တစ်ဇွန်း (ထမင်းစားဇွန်း)စပျစ်သီး
ဖန်ပုလင်း
သစ်သားဇွန်း
ပြုလုပ်ပုံ အဆင့်ဆင့်
- စပျစ်သီးများကို ရေစင်အောင် ဆေးပြီးနောက် blender ဖျော်စက်ဖြင့် ထည့်ကြိတ်ပါ။
- သကြားနှင့် ရေနွေးကို သမအောင် မွှေပြီးပါ။ ထို့နောက် Yeast တစ်ဇွန်း ထည့်ပြီးနောက် ဇွန်းဖြင့် မွှေပါ။
- နောက်ဆုံးမှာတော့ သကြားနှင့် Yeast ရောထားသော အရည်ထဲသို့ စပျစ်သီးကြိတ်ထားသည်များကို ထည့်ပြီး မွှေပါ။
- အဖုံးလုံသော အိုးထဲသို့ ထည့်၍ ရက်ပေါင်း ၂၀ ကျော် သိုလှော်ထားပါ။ အေးသော နေရာတွင်လည်း မထားရ။ ပူသော နေရာတွင်လည်း မထားရပါ။ သာမန် အခန်းအပူချိန်က အကောင်းဆုံးပဲ ဖြစ်ပါတယ်။
- ရက်ပေါင်း ၂၀ ကျော် ကြာပြီးတဲ့ နောက်မှာတော့ အပေါ်အလွှာ (စပျစ်သီး အဖတ်များ) ကို ဖယ်ထုတ်လိုက်ပြီး အရည်များကို ဇကာနှင့် စစ်၍ ပုလင်းထဲသို့ ထည့်သောက်နိုင်ပါပြီ။
အခုဆိုရင်တော့ အိမ်မှာပြုလုပ်ထားပြီး အရသာ ရှိတဲ့ စပျစ်ဝိုင် ရရှိပြီမို့ ချစ်ခင်သူများ၊ မိသားစုများနဲ့ အတူတူ သောက်နိုင်ပါပြီ။
သဘောကျ နှစ်သက်တယ်ဆိုရင်တော့ ဒီနည်းလေးကို သူငယ်ချင်းတွေကိုလည်း မျှဝေပေးလိုက်ပါဦး။
သကြား
ဖန်ပုလင်း
သစ်သားဇွန်း
ပြုလုပ်ပုံ အဆင့်ဆင့်
Comments